Thursday, August 7, 2008

Friday, July 11, 2008

သားကောင်း လင်ကောင်းမဟုတ်

ကျန်ခဲ့တဲ့ Saturday နေ့ကပေါ့ ကျွန်တော်ညီမတွေ ညီတွေနဲ့ စကားလက်ဆုံကြမိကျတယ်။ အဲဒီမှာ ကျွန်တော် မိန်းကလေးတွေမှားယွင်းတဲ့ စကားပုံလေးလား မိန်းကလေးတွေပဲ ထွင်ထားတာလားတော့မသိဘူးလေ။ ဘာ လည်းဆိုတော့ “သားကောင်း၊ လင်ကောင်း မဟုတ်တဲ့” စကားပုံလား ဘာလားတော့မသိဘူး ကျွန်တော်ကတော့ မှားနေတယ်လို့ ကျွန်တော် Point of View နဲ့အကြွင်းမဲ့ကိုပြောချင်ပါတယ် ဘာလို့လဲဆိုတော့ နည်းနည်းလေးပြောပြမယ်နော် ကျွန်တော် Point of View ကပေါ့ “သားကောင်းမှ ဖခင်ကောင်းလို့” အရင်ပြောင်းလိုက်ချင်တယ် လာလို့လဲဆိုတော့ အားလုံးပဲ စဉ်းစားကြည့်လေ သားကောင်းဆိုတဲ့ Meaning ကို သူတို့က မိဘကို သိတက်သူ မိဘကို အရမ်းချစ်တတ်သူ လို့ ထင်နေကြတာ သူတို့ထင်နေတာလေးနဲ့ပဲ ပြောကြည့်ရင်တောင်မှားနေတယ်။ သားကောင်း ရတနာဖြစ်ဖို့ ဆိုတာလဲ ဘယ်လွယ်မလဲ ဟုတ်တယ်မဟုတ်လား။ သားကောင်း ရတနာ ဘာလို့လဲဆိုတော့ မိဘကို သိတတ်တဲ့သူဆိုမှတော့ အခြားလူတွေအပေါ် မိတ်ဆွေသူငယ်ချင်းတွေအပေါ်သိတက်ဖို့ အရိုအသေပေးဖို့ အတွက်ကမခက်ခဲဘူးလေ အဲဒီလိုလူမျိုးက ဖခင်ကောင်း တစ်ယောက်လဲ ဖြစ်ဖို့လည်း မခဲရင်ပါဘူးလေ။ ကျေးဇူးကြီးမားသော မိဘကိုတောင်မသိတက်ရင် ကျန်တဲ့လူတွေကိုရော တကယ်သိတက်ပမလား။ အဲဒါလေးကို စဉ်းစားမိလို့ ရေးမိသွားတာပါ … သေသေချာချာ စဉ်စားစေချင်တယ်နော် ...

ပြန်မိတ်ဆက်တာပါ

ကျွန်တော် Blogs နဲ့ အဆက်အသွယ်ပျက်နေတာလည်း တော်တော်လေးကိုကြာသွားပါတယ် ကျွန်တော် အခုတလောကို Blogs ရေးဖို့ အချိန်ကိုမရလို့ Blogs ပေါ်မလာဖြစ်တာပါ ပြီးတော့ အားတဲ့အချိန်လေးတွေဆိုရင် Blogs ရေးမယ်ဆိုပြီး Internet ပေါ်ချိတ်လိုက်တော့ လည်း Connection ကမကောင်း ဟူး … အဲဒါနဲ့ပဲ အချိန်တော်တော်လေး Blogs နဲ့ ကင်းကွာခဲ့တာပါ။ အဲဒါနဲ့ပဲ ကျွန်တော် Blogs လေးနဲ့ ပြန် မိတ်ဆက်မလို့ ပြန်ရောက်လာတာပါ။ ကျွန်တော် မိတ်ဆွေတွေကိုလည်း ကျွန်တော် Blogs ကိုအားပေးဖို့ ပြန်ဖိတ်ခေါ်လိုက်ပါစေ။

Friday, May 30, 2008

¦ လှပနိုင်မှာလေ


မင်းက လမင်းလေးဆိုတော့
ကိုယ်က ကြယ်တရာလေးဖြစ်ချင်တာပေါ့
လမင်းလေးက ကြယ်တရာလေးတွေ
ခြံရံပြီးနေမှ ပိုပြီးလှတာလေ ။ ။
မင်းက လမင်းလေးဆိုတော့
ကိုယ်က ကုမုဒြာကြာလေးဖြစ်ချင်တာပေါ့
ကုမုဒြာကြာလေးက လရောင်ရှိမှ
ပွင့်လန်းရှင်သန်နိုင် လှပနိုင်မှာလေ ။ ။

Sunday, May 18, 2008

¦ မင်းသိနိုင်မှာလား ?

မင်းနဲ့ သူငယ်ချင်းဖြစ်ဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
မင်းနဲ့ ရင်နှီးဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
မင်းနဲ့ PH ပြောဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
မင်းရဲ့ တွေရဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
မင်းရဲ့ ယုံကြည်မူရဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
မင်းရဲ့ မေတ္တာရဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
နောက်ဆုံးတော့ အဲဒါတွေဟာ … မင်းကိုချစ်လို့ပေါ့ … အဲဒါရော မင်းသိလား?
နောက်တစ်ခုကတော့ မင်းမသိနိုင်ဘူး ဆိုတာကို ငါသိနေလို့ပေါ့ …
ဒါတွေက မသိပါဘူဆိုတဲ့ စကားလုံးတစ်လုံးအောက်မှာ ပြီးသွားမှာလား?

Tuesday, May 13, 2008

¦ အမှတ်တရလေပဲပေါ့လေ

ဒီနေ့က 13 ရက် 5 လနော် … မနက်စောစော အလုပ်တစ်ခုထလုပ်မိတယ် … လက်ဆောင်ပစ္စည်းလေးတစ်ခုကို တစ်နေရာကယူပြီး တစ် နေရာကိုသွားပို့တဲ့အလုပ်ပေါ့ … အဲအလုပ်ကို သူများကိုခိုင်းလို့ရတဲ့အလုပ်ဖြစ်ပေမယ့် ဘယ်သူမှမခိုင်းဘဲ ကျွန်တော် ကိုယ်တိုင်လုပ်ချင် နေတဲ့လေ … ကျန်ခဲ့သောနှစ် ဒီအချိန်ကပေါ့ ခုကနကအလုပ်ကိုပဲ ကျွန်တော်သူများကိုလုပ်ခိုင်းခဲ့တာ ... အဲဒီအလုပ်လေးလုပ်ပြီး သော်လည်း အပြန်လမ်းမှာ ကျေနပ်နေတဲ့အပြုံးလေးနဲ့ပေါ့ ကိုယ်တိုင်လုပ်ချင်နေတဲ့ အလုပ်လေးကိုလုပ်ပြီးတော့ ဒီလိုလေးဖြစ်သွားတာပေါ့ … လက်ဆောင်ပစ္စည်းလေးသွားယူတဲ့ အချိန်မှာလည်း စောင့်နေရတယ် စောင့်ရင်းနဲ့ ဟိုဘက်လမ်းလျှောက် ဒီဘက်လမ်းလျှောက်ရင်းနဲ့ ဇရပ်လေး ၂ ကောင်ကိုတောင်တွေ့သေးတယ် ချစ်စရာလေးတွေဘဲ … ခဏကြာတော့ပစ္စည်းလေးလဲရရော နောက်တစ်နေရာကို ပြေးတော့တာပဲလေ … အဲဒီလက် ဆောင်ပစ္စည်းလေးကို လက်ခဲ့တဲ့သူ သဘောကျမကျတော့မသိဘူး ကျွန်တော်ကတော့ ကျေနပ်နေ တယ် သဘောကျတယ် ဆိုရင်တော့ ပိုပြီးကျေနပ်စရာကောင်းမှာပေါ့နော် … ပြီးတော့ သူနဲ့စကားပြောဖြစ်တယ် သူနဲ့စကားပြောနေတုန်းမှာ သူကို ဒါလေးလုပ်လိုက်ပါလားလို့ ပြောလိုက်မိတယ် (ဘာလေးလဲလို့မမေးရဘူးနော်) … အဲဒီတော့ဒီလိုလေး :O အလန့်တကြား အံသြတဲ့ အမူအရာလေးလုပ်ပြတယ် … သူမလုပ်နိုင်မှန်းသိလိုက်ပါတယ် ... ဒါပေမယ့် မသိချင်အောင်ဘဲ ဆောင်နေရမယ့်သူလေ .. ဘယ်တက်နိုင် မလဲ ဘာပဲဖြစ်ဖြစ်ပါ လက်ဆောင်ပစ္စည်းလေးလက်ခံပေးတာကိုပဲ ကျေးဇူးတင်ရမှာလေ … ဒီကနေက သူဆီကိုလဲ ဖုန်းစဆက်တဲ့နေလေး ပေါ့ … အမှတ်တရလေပဲပေါ့လေ …

Monday, May 12, 2008

¦ ချစ်သူ ...

ဒီခေါင်းစဉ်လေးကို ချစ်သူလို့ ခေါင်းစဉ်လေးပေးလိုက်တယ် ... ဤစာသားလေးတွေကို ကျွန်တော် email ထဲကရတာပါ ... ဖတ်ရတာ ကောင်းပြီး တခစ်ခစ် ရယ်နေရလို့ ကျွန်တော် မိတ်ဆွေတွေလဲ ဖတ်လို့ရအောင် Blogs ပေါ်တင်ပေဒလိုက်တာပါ ...ဖတ်ပြီးရင် အရမ်းလဲ ရယ်မနေနဲ့ဦးနော် ... :)


ချစ်သူ ...

ငါမင်းကိုချစ်တာ မာသာထရီဇာ လို မာယာပလီပလာတွေ မပါပါဘူး ... မယုံရင်ကျန်ကျောင်း လို မှန်ပြောင်းသုံးပြီး ကြည့်လိုက်စမ်းပါ (နှလုံးသားထဲကို) ... မင်းကိုချစ်တဲ့သူတွေကြားထဲ ဂျူးလိယက်ဆီဇာ လို အလုအယက်စီပါလို့မပြောပါနဲ့ ... ပါဒကြီးမှာမွေးလို့ မာနကြီး တတ်လို့ပါ ... တကယ်ဆိုရင် ငါဟာမင်းကို ဘင်ဘာဒင် လို ကြင်နာချင်တဲ့သူရယ်ပါ ... မင်းဘေးမှာ အမြဲတမ်း ဒိုင်ယာနာ လို ထိုင်ကာ သာနေလိုက်ချင်ပါရဲ့ ... အဲဒီအခါကျရင် ဂျော့ဘွတ်(ရှ်) လို လောကွက်လေးတော့လုပ်ပါ ... အာရာဖတ် လို ဘာလာကပ်နေတာလဲလို့ အော်မထုပ်လိုက်ပါနဲ့နော် ... စိတ်ကြီးတဲ့နေရာမှာ ထိပ်သီးမို့ပါ ... မဟုတ်ရင် ပေါင်ချိန်ကို ဗြောင်လိမ်တာထက် ဆိုးသွားလိမ့်မယ် ... တကယ်တော့ ငါဟာ အိုဝင် လို အပျိုမြင်တိုင်း ငမ်းနေသူမဟုတ်ပါဘူးကွယ် ... မင်းကိုရမယ်ဆို ကောလင်းပါဝဲလ် လို တောတွင်း ထောင်ထဲမှာနေပြီး ... ထယ်ဆောက် လို လယ်ပေါက်ကျွေးဆိုလဲ ကျွေးပါ့မယ် ... မင်းအတွက် PRADO ၀ယ်မပေးနိုင်ပေမယ့် ဆရာခိုတော့ ၀ယ်လိမ်းပေးနိုင်ပါတယ် ... ကွန်ဒိုမှာ မထားနိုင်ပေမယ့် သွန်ဆိုသွန်းထားပါ့မယ် (ရေအိုး) ... မင်းကသာထွားသူချွန်း လို သွားယူစမ်းပါလို့ ခိုင်းရင်လေ ကိုရွှေထူးလို မြေတွေတူးလို့နိုက်ရဲပါတယ်။ (လိပ်ဥ) ... ဒါတွေကို ဆန်ဖရန်စကို လို အကြံအဖန်တွေပိုတယ်လို့ မထင်ပါနဲ့နော် ... လန်ဒန် လို အမှန်အကန်ပဲဆိုတာ ယုံကြည်ပြီး နီကိုရ လို ဒီလိုပဲလို့ ဝေ့လည်ကြောင်ပတ်မလုပ်ပါနဲ့တော့ ... ကိုယ်အချစ်တွေကို ဘက်ခမ်း လို လက်ကမ်းပြီး ကြိုလင့်ပါတော့ကွယ် ...

Sunday, May 11, 2008

¦ Mr Gates .. Thank you

Microsoft Chairman Bill Gates က မေလ 9 ရက် 2008 နေ့ အင်ဒိုနီးရှား, ဂျာကတာမြို့တွင် Gates Foundation ကနေ US$ 3 သန်း လျှူတန်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ် ... ကျေးဇူးကမ္ဘာပါ Bill Gates ...

Friday, May 9, 2008

¦ တောင်းဆိုပါရစေ

ဒီ Post လေးရေးနေချိန်မှာ ကျွန်တော် စိတ်လွတ်လပ်မူမရှိပါ … ဘာလို့လဲဆိုတော့ အားလုံးသိကြတဲ့အတိုင်းပဲ မုန်တိုင်းဒဏ်ကို လူသား တွေ အများကြီးခံစားနေရလို့ပါ … နာဂစ်မုန်တိုင်းဒဏ်ကိုခံနေရသော လူသားအားလုံး ကျမ်းမာချမ်းသားပြီးတော့ လူသားတွေရဲ့ အကူ အညီပေါင်းများစွာကိုရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် … သူငယ်ချင်း မိတ်ဆွေတွေ အားလုံးလဲ တက်နိုင်သမျှကူညီကြဖို့ ဖိတ်ခေါ် ပါတယ် … ငွေအားပဲဖြစ်ဖြစ် လူအားပဲဖြစ်ဖြစ်ပေါ့ … online ကနေ အလျှူငွေ ထည့်ချင်ရင်တော့ Donate link မုန်တိုင်းဒဏ်ခံနေရချိန်မှာ ကျွန်တော် ဘာတွေသွားတွေသလဲဆိုတော့ လူတွေရဲ့စိတ်ဓါတ်တွေကိုတွေ့မိပါတယ် … သမာအာဇီဝလို့ပြောပြောပြီး မသမာအာဇီဝ အလုပ်ကိုလုပ်နေကြတယ် … ကုန်ဈေးနူန်းတွေ အဆမတန်တိုးပြီးရောင်းတဲ့ ကုန်သည်တွေပေါ့ … လူသားတွေဒီလောက် ဒုက္ခရောက် နေချိန်မှာ မတရားအမြတ်တင် ကိုယ်ကျိုးကြည့်တဲ့သူတွေအများကြီးပေါ်လာတာကိုတွေ့ရတယ် ပြီးတော့ ကိုယ်တက်စွမ်းသမျှ တက်နိုင် သမျှ ကူညီလုပ်ပေးနေသူများကိုလည်းတွေရပါတယ် … အတ္တဟိတ၊ ပရဟိတစိတ် မရှိသော ပိုက်ဆံရှိလူမျိုးတွေကိုလဲတွေ့ရပါတယ်။ အတ္တဟိတ၊ ပရဟိတ စိတ်ရှိဖို့ဆိုတာ ငွေချမ်းသာရုံနှင့်မရနိုင်ဘဲ ပညာအသိ ဥာဏ်ကြွယ်ဝမှသာလျှင်သိနိုင်သော စိတ်ဓါတ်ဟုလည်း စာအုပ်ထဲမှာဖတ်ဖူးပါတယ် … ဒါအတွက်လဲ အပြစ်ဆို၍ မရပါ .. ဒီ blogs လေးကနေ ကျွန်တော် အဓိကပြောချင်တာကတော့ ကိုယ် တက်စွမ်းနိုင်သမျှ ကူညီပေးကြပါလို့ သူငယ်ချင်းတွေကို တောင်းဆိုပါရစေ …

Wednesday, April 30, 2008

$ ဘယ်လွယ်ပမလဲနော်

မင်းနဲ့ ငါနဲ့ က
လက်ချင်းထိနေပေမယ့်
မင်းက ဟိုဘက်လည့်နေတယ်
ငါကလည်း ဒီဘက်လည့်နေတယ်
ဟိုဘက် ဒီဘက်လည့်နေဒါကိုလဲ
မင်းရောငါရော သိနေတယ်
မင်းဒါမှမဟုတ် ငါ ဒါမှမဟုတ်
နှစ်ယောက်စလုံး လည့်မကြည့်ဘဲ
ငါတို့နှစ်ယောက် တွေ့ဖို့
ဘယ်လွယ်ပမလဲနော်
ဟူးးး ...................

ကျွန်တော် Computer ထဲမှာ အပ်ါက Photo လေးကိုတွေ့တော့ စာလေးရေးချင်လာရော အဲဒါနဲ့ အပ်ါကစာလေးကိုရေးဖြစ်သွားတာပါ ဒီလိုအခြေအနေတစ်ရပ်ဖြစ်နေတော့ အဖြေကနှစ်ခုဘဲရှိတယ် ... အဖြေကတော့ တစ်ယောက်ယောက်ကလည့်မှတွေနိုင်တော့သလို့ နှစ် ယောက်လုံးလည့်ရင်လည်း တွေ့နိုင်ပါတယ် ... ဘယ်အဖြေကကောင်းက ပိုကောင်းသလဲဗျာ … ဒါမှမဟုတ်ရရင်တော့ တဖြည်းဖြည်း ဝေး သွား နိုင်တယ်နော် … မဝေးချင်ရင်တော့ တစ်ခုခုရွေးသင့်တာပေါ့နော် ... သင်တို့ဆိုရင်ရော ဘာရွေးမလဲ ... ကျွန်တော်ကတော့ .....

Saturday, April 26, 2008

$ နှုတ်ဆက်ချင်ပြီကွာ

အခု စာရေးနေတဲ့အချိန်ကိုကြည့်တော့ 11:12 pm လေ အဲဒါနဲ့ စာရေးဖို့ကို 1 မိနစ်လောက်စောင့်နေမိတယ် ဘာလိုလဲဆိုတော့ 11:13 ဆိုရင် 13 ဆိုတဲ့ဂဏန်းလေးကိုတွေ့ပြီလေ 13 က ကျွန်တော်ရဲ့ အမှတ်တရ ဂဏန်းလေ… ကိန်းဂဏန်း 13 post ကိုဖတ်လိုက်သိမှာပါ … ကျွန်တော်အပေါ်တက်ခါနီး မေမေက ကျွန်တော်ကို လှမ်းမှာလိုက်တယ် သားစောစောအိပ်နော်တဲ့ ဒီနေ့ ကျွန်တော်ပြန်လာတာ မျက်နှာ ညိုးနေတာကို မေမေကတွေ့ကတည်းက မေမေက တောက်ရှောက်မေးနေတာ အလုပ်ပင်ပန်းလို့လား စိတ်ညစ်စရာတွေးရှိလားတဲ့ ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူးလို့ ပြန်ဖြေလိုက်တယ် … ကျွန်တော်အပေါ်တက်ခါနီးကျတော့ မေမေက ကျွန်တော်ကို လှမ်းမှာတော့ တာပဲ သားစောစောအိပ်တဲ့ မနက်ရောက်ရင် လန်းသွားအောင် ကျွန်တော်ကလဲ မေမေစကားကို နားထောင်လိုက်တာအပေါ်ရောက်တာနဲ့ တပြိုင်တည်း စာရေးတော့တာပဲ ဒီနေ့က ဘုရားရှေးခိုးပြီး စာအုပ်စင်မှာ ဘာစာအုပ်တွေရှိမလဲကြည့်တော့ “တိပိဋက ယော ဆရာတော်” ကြီးရေးထာတဲ့ နှုတ်ဆက် ဆိုတဲ့စာအုပ်လေးကို သွားတွေ့တော့ ဖတ်လိုက်တာပေါ့ စာအုပ်တစ်ဝက်လောက်လဲရောက်တော့ Blogs ပေါ် တင်ချင်လာပါတာနဲ့ မအိပ်သေးဘဲ စာရေးဖြစ်သွားတာပါ … “နှုတ်ဆက်” ဆိုတဲ့ စကားအဓိပ္ပါယ် ကို ကျွန်တော်တို့သိတာ က “တစ်ယောက်ကို တစ်ယောက်တွေ့တဲ့အခါမှာ နှုတ်ဆက်မယ်” “သူကတော့ မင်းကို နှုတ်ဆက်သွားပြီကွာ မကောင်းလိုက်တာ” “သူကို နှုတ်ဆက်လိုက်တာ မင်းအတွက်ကောင်းပါတယ်” စသည်ဖြင့်ပေါ့ … နှုတ်ဆက်တာကို မင်္ဂလာတစ်ခုအနေနဲ့ ( နှုတ် + ဆက် = မင်္ဂလာ ) ဆရာတော် စာအုပ်မှာတွေ့တော့မှသိတာ ကျွန်တော်အတွက်တော့ အသိတစ်ခု ထက်တိုးသွားတာပေါ့ဗျာ …

“အကုသိုလ်ကိုနှုတ်လို့ ကုသိုလ်နဲ့ဆက်လိုက်ရင် ပူတာကိုနှုတ်အေးတာနဲ့ဆက်, ရူပ်တာကိုနှုတ် ရှင်းတာနဲ့ဆက်, ညစ်တာကိုနှုတ် သန့်စင် တာနဲ့ဆက်, အပူဆင်းရဲကိုနှုတ် ငြိမ်းအေးချမ်းသာမူနဲ့ဆက်တဲ့ နှုတ် + ဆက် … ပြီးတော့ အနှုတ်မှန်လို့ အဆက်ကောင်းမှ မင်္ဂလာ အစစ် ဖြစ်နိုင်ပါတယ်တဲ့ ” စာအုပ်ထဲမှာဖတ်လိုက်ရတယ် … ဘယ်လောက်ကောင်းလိုက်သလဲနော် …

အဲဒီစာအုပ်လေးကိုဖတ်ပြီး ကျွန်တော်လဲပဲ နှုတ်ဆက်ချင်လာတယ် ဘယ်သူကိုလဲလိုမမေးနဲ့နော် ကျွန်တော်ကိုကျွန်တော်ပါ မကောင်းတာ တွေကိုနှုတ်ပြီး ကောင်းတာတွေနဲ့ဆက်ပြီးနေသွားမယ်လို့စဉ်းစားမိတယ် … သူငယ်ချင်းတို့လဲ နှုတ်ဆက်လိုက်ကြနော် သက်ဆိုင်သူတွေ ကိုပြောတာမဟုတ်ဘူးနော် :)

Friday, April 25, 2008

$ နားလည်နိုင်မှ အဖော်

ကျန်ခဲ့တဲ့ 4 5 ရက်လောက်ကျွန်တော်ရုံးက Sister တစ်ယောက်က Post လေးတစ်ခုလောက် ကျွန်တော် Blogs ပေါ်တင်ပေးပါတဲ့ ကျွန် တော်လည်းသူပေးတဲ့ Article လေးကိုမေးကြည့်တော့ ဆရာတော် ဦးဇောတိကရေးတဲ့ စာအုပ်ထဲ က Article လေးတစ်ခုတဲ့ “နားလည်နိုင် မှ အဖော်” တဲ့ ခေါင်းစဉ်လေးတဲ့ … ဆရာတော် ဦးဇောတိက ဆိုတော့ ချက်ချင်းကို တင်ဖို့လုပ်တော့တာပါပဲ ပြီးတော့ ကျွန်တော် Blogs မှာမှမဟုတ်ပဲ သီးသန့် Webpage လေးအနေနဲ့ပါဖြစ်ချင်တာနဲ့ Google Pages Application ကိုပါ ဒီPost လေးအတွက်သုံးဖြစ်လိုက်တယ် … သေချာဖတ်လိုက်ကြနော် တော်တော်လေးလဲ ကောင်းတယ်

“အဖော်ဆိုတာ ဘယ်လိုမျိုးကိုခေါ်တာလဲ။ ကိုယ့်စိတ်ထဲမှာ ဘာတွေခံစားနေရတယ်ဆိုတာကို သိတဲ့လူ၊ ကိုယ်ကို ကိုယ်ချင်းစာနိုင်တဲ့လူ၊ ကိုယ်ကိုနားလည်တဲ့လူ (နားလည်တယ် ဆိုရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော၊ အဆိုးရော၊ အားနည်းချက်တွေ အကုန်လုံးကို နားလည် တာကို ဆိုလိုတယ်။) ကိုယ်ကို အလကားနေရင်း အပြစ်မတင်တဲ့သူ၊ မဝေဖန် မရှုံ့ချတဲ့သူ၊ အပြစ်မရှာတဲ့ သူကို ကိုယ့်အဖော်လို့ ခေါ် တယ်။” READ MORE @ Click Here

ဒီ post လေးအတွက် Article လေးပေးတဲ့ Sister ကိုလဲကျေးဇူးတင်ပါတယ် ...

Wednesday, April 23, 2008

$ ကျွန်တော်ရေးသော ကဗျာ

ကျွန်တော် ကဗျာမရေးတက်ပါ ဒါပေမယ့် ရင်ထဲက ကလိကလိဖြစ်နေတယ့်အရာလေးကို ကဗျာလေးစာလေးရေးဦးမယ်ဆိုပြီး ဒီကဗျာ လေးကိုရေးဖြစ်တာပါ မရေးတက်ရေတက်ဆိုတော့ ဖတ်ရတာ အဆင်ပြေချင်မှပြေလိမ့်မယ်နော် ... ဒါပေမယ့် သီးခံပြီး ဖတ်ပေးပါဦးနော် လွန်ခဲ့သော တစ်နှစ်လောက်ကရေးခဲ့တာပါ ကဗျာလေး နာမည်ကိုလည်း ကောင်မလေး တစ်ယောက်နာမည်လေးနဲပဲ လိုက်မိတယ် ... ဒီကဗျာလေးကို ကျွန်တော် Blogs စစချင် Post လေးတွေမှာ တင်ခဲ့ပါတယ် ... ကျွန်တော် မိတ်ဆွေဟောင်းတွေကတော့ ဖတ်ဖူးကြမှာပါ ... သူကို သတိရနေတဲ့စိတ်လေးက ဒီကဗျာလေးကို ပြန်တင်ချင်တဲ့စိတ် တဖွဖွဖြစ်လာပါတယ် ... ဒါကြောင့် ထပ်ပြီးတင်ဖြစ်သွားတာပါ ...


“လမင်းလေး”
မေ့မရအောင် ဆွဲဆောင်နိုင်တဲ့
မာယာကင်းသော လမင်းလေးရယ်
အပြစ်ကင်းတဲ့ မင်းရဲ့ပြုံးကို
တိတ်တခိုးလေး တမ်းတနေရင်း
ချစ်ခွင့်ပန်ရင် ငြင်းပယ်မှာကို
ကြောက်နေသော်လဲ မေတ္တာမပျက်
စွဲလမ်းနေတာ သိပ်ချစ်လို့ပါ။
လူသားဆိုတာ မျှော်လင့်ချက်နဲ့
ရှင်သန်တာမို့ မျှော်လင့်ချင်တယ်
လမင်းလေးရယ် ။ ။


Saturday, April 19, 2008

$ သတိရနေတယ်လေ သူကို

ဒီ post လေးကိုရေးမယ်ဆိုပြီးလုပ်တော့ ဘယ်ကစရေးရမှန်းမသိဘူး စချင်တဲ့နေရာကစမယ်ဆိုပြီးရေဖြစ်သွားတာ နှစ်ဆန်းတစ်ရက်နေ့ ကပေါ့ တစ်နေလုံး သူကို အရမ်းသတိရနေတယ် … သတိရနေတယ်လေ ဘယ်သူကိုလဲ မမေးကြေးနော် … တစ်ယောက်သော သူကို ပေါ့နော် … သတိရတာကိုလဲ သူကိုအသိအလင်းကြီးမပြောရဲဘူးလေ … သူကိုကျွန်တော် ပြောဖို့ အခွင့်အလမ်းရှိပေမယ် ပြောမထွက်ဘူး ဖြစ်နေတယ် … သူလဲမသိနိုင်ပါဘူး … အခုဆိုရင် ညဘက်တွေမှာ အိပ်ရာကို တွေရင်တောင်လန့်လန့်လာတယ် သူအတွေးတွေ ၀င်ဝင် လာလို့ပါ … ခံစားရလို့ပါ … သင်္ကြန်ကအဖြစ်အပျက် လေးတွေကလည်း မေ့လို့မရဘူး ကျွန်တော်အတွက်တော့ ပျော်စရာတော်တော် ကောင်းတဲ့ သင်္ကြန်လေးပါ … သင်္ကြန်ကအဖြစ်အပျက်ဆိုလို့ အထင်မကြီးနဲ့နော် ရိုးရိုးလေးပါပဲ … သူကိုမေးမိလိုက်တယ် သင်္ကြန်မှာ ပျော်လားလို့ “ပျော်ပါတယ် ဒီလိုပါပဲတဲ့” … ကျွန်တော်ပျော်တာကို သူမသိဘူးလေ … ကျွန်တော်ပျော်တဲ့အကြောင်းကိုတော့ သူကို ပြောလိုက်တယ် … 3 ရက်လောက် တစ်နေကုန်နီးပါး သူအနားမှာနေခဲ့ရတယ် အဲဒါလေးကိုတော့ ကျေနပ်နေမိတာအမှန်ပဲ သူတော့မသိ နိုင်ပါဘူး သတိရတယ်ကွာ ကောင်းမလေးရာ … ညကျမှဘဲ မင်းနဲ့ဆက်တွေရဦးမှာပေါ့လေ …

Saturday, April 5, 2008

$ မေ့မရသော ကိန်းဂဏန်း 13

လူတိုင်းမှာ အမှတ်တရ ကိုယ်စီရှိကြတယ် အဲဒီတော့ကျွန်တော်မှာလဲရှိတယ် အဲဒီစာသားလေးကို မတွေးဘူးကျဘူးလား … မတွေ့ဘူးဆိုရင် တောင် ကြာဖူးကြမှာပါ စိုင်းစိုင်းရဲ့စာသားလေးလေ ... နဲနဲကူးချလိုက်တာပါ … ဟီးဟီး ကျွန်တော်မှာလဲ အမှတ်တရ ကိန်းဂဏန်းလေး တစ်ခုရှိတယ် ... ကိန်းဂဏန်းလေးက 13 ပါ ကျန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကစပြီး အမှတ်တရဖြစ်နေတာပါ အခုထိလဲ မေ့လို့မရ သေးဘူး အဲဒီကိန်းဂဏန်းလေးကို မြင်တိုင်း သူကိုသတိရတယ် သတိရတိုင်းလဲ သူအတွက် တစ်ခုခု ဆုတောင်းပေးတယ်။ အခုတလောလဲ ကျွန်တော် အကြောင်းအရာတစ်ခု ခေါင်းထဲခဏခဏ ၀င်လာတယ် ဘယ်သူမှမခေါ်ဘဲဝင်လာတဲ့ အတွေးလေးတွေကို ဖြောက်ဖျက်ဖြစ်ဖို့ ကတော့ မလွယ်ဘူးဆိုတာကိုသိကြမှာပါ။ ပြီးတော့ ကျွန်တော် ကိုယ်တိုင်ကလဲ မဖြောက်ဖျက်ချင်ဘူးလေ။ မှတ်မှတ်ရရ တစ်ခုပြောရမယ် ဆိုရင် ကျန်ခဲ့တဲ့နှစ်ရက်သုံးရက်လောက်ကပေါ့ အဲဒီနေကျွန်တော် အရမ်းပင်ပန်းနေတယ် အဲဒီနေ့မတိုင်ခင်ကလဲ တစ်ညလုံးနီးပါး သူအကြောင်း အိမ်မက်မက်တယ် အဲဒီအိပ်မက်ကလဲ ထူးထူးဆန်းဆန်းပဲ (နောက်မှ Blog မှာပြောပြမယ်) အရမ်းပင်ပန်းနေတဲ့နေမျိုးမှာ ဘာတွေးတွေး ခဏလေးအတွင်း အိပ်ပျော်သွားတက်တယ် ဒါပေမယ့် အဲဒီနေ့က ဘယ်အချိန်ရှိပြီလဲဆိုပြီး နာရီကြည့်လိုက်တော့ “11:13” အဲဒီတော့ ကျွန်တော်အတွေးထဲသူဝင်လာပါရော အဲဒီမှာသူနဲ့ပါတ်သတ်ခဲ့တဲ့အကြောင်းတွေအားလုံးကိုပြန်တွေးနေမိတယ် တော်တော် များများကတော့ ပျော်စရာလေးတွေပေါ့ ကိုယ်ချစ်နေတာကို သူသတိမထားမိတာရယ် သူမကိုယ်ကိုပြန် မချစ်ဘူးလို့ ထင်နေတာလေတွေ ကတော့ ကိုယ်အတွက်တော့ ၀မ်းနည်းစရာပဲပေါ့ သူအတွက်ပေးထားတဲ့ မေတ္တာစိတ်ကိုကျတော့ ကျေနပ်နေမိတယ်။ အဲဒီညက တော်တော်လေး ညဥ့်နက်သွားတယ် ပင်ပန်းနေတာတောင်ဘယ်ပျောက်သွားလဲ မသိပါဘူးလေ အဲဒါကလဲ 13 ကစတာပဲလေ။ 13 ဆိုတဲ့ ဂဏန်းလေးကိုလဲ မြတ်နိုးတယ် ဘာလို့လဲဆိုတော့ 13 ဂဏန်းနဲ့ သူနဲ့ကတွယ်နေတယ်လေ။ အခုဒါတွေ စဉ်စားပြီးရေးနေပေမယ် ဒါတွေက အလကားဖြစ်သွားမှာပါ သူလဲမသိနိုင်သလို ဘယ်သူမှလဲမသိနိုင်ဘူးလေ ဟူး …. 13 ဂဏန်းတွေတိုင်း သတိရနေတဲ့ စိတ်ကလေးကတော့ မဖြောက်ဖျက်ချင်သေးတာတော့ အသေအချာပဲ။ ( 13 ဆိုတာလေးကို တွေဖို့မခဲရင်ပါဘူးလေ ... )

$ ပျော်စရာကောင်းမှာလား သင်္ကြန်

သင်္ကြန်ကလဲ တော်တော်လေးနီးလာပြီနော် မနှစ်ကသင်္ကြန်တုန်းကတော့ CWS Group ၄ ရောက်ကတော့ Sai Sai မဏ္ဍပ်မှာပေါ့။ မနှစ်တုန်းကတော့ ဒီလိုပါပဲ ပျော်စရာမကောင်းသလို ပျင်းစရာလဲမကောင်းပါဘူး။ ဒီနစ်တော့ ပျော်စရာလေး တွေ ဖြစ်လာပါစေလို့ ဆု တောင်းနေပါတယ်။ ဖြစ်လာမယ်လို့လဲမျှော်လင့်နေရတာပဲ။ ဒီနှစ်လဲ Sai Sai ကတော့ ကျွန်တော် တိုကိုခေါ်ထားပါတယ်။ ဒါပေမယ့် My Bro ကလဲ တောင်းကြီးကိုသွားမယ်။ နောက် My Friend တစ်ယောက်ကလဲ Mandalay ကိုသွားမှာ … နောက်တစ်ယောက်ကလဲ အိမ်မှာ စောင့်ရမယ်တဲ့ နောက်တစ်ယောက်ကတော့ သူကောင်းမလေးနဲ့ပေါ့။ အဲဒီတော့ ကျွန်တော်လဲအိမ်မှာပဲ အိပ်နေရတော့မယ် အခြေအေနေ ပေါ့။ ဒါပေမယ့်အခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး ကျွန်တော် သူငယ်ချင်းတွေနဲ့ အင်လျားလမ်းမှာ သွားပတ်ဖြစ်တော့မယ် ဒီနစ်တော့ ပျော်စရာကောင်းမှာပါ။ သူငယ်ချင်တွေပြောလို့ များများစားစားလို့မထင်ပါနဲ့ ၂ ယောက်ထဲပါ။ ပျော်စရာကောင်းမှာလား သင်္ကြန်လေးရယ် ..

Sunday, March 16, 2008

$ ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့

မင်းခိုက်စိုးစံရေးထားတဲ့ စာသားလေးတစ်ခုကိုကြိုက်လို့ Blogs ပေါ်တက်ရေးဖြစ်တာပါ စာသားလေးကဘာလဲဆိုတော့ " အပ်တစ်ထောက်စာ ဒါဏ်ရာလေးဆိုပေမယ့် ဆပ်ပြာ ဘူးပေါင်းအတွက်တော့ ဘ၀ပျက်တာပဲ" စဉ်းစားကြည့်ကြနော် ဘယ်လောက်ကောင်းတဲ့ စာသားလေးလဲနော် စဉ်းစားရင် အဓိပ္ပါယ်က အများကြီးပါပဲ ကျွန်တော် စဉ်စားမိတဲ့ ထဲက အချက်လေးတစ်ချက်ပြောပြချင်တယ် ဘာလဲဆိုတော့ တစ်ခုခုလုပ်တော့မယ် ဆိုရင် ကိုယ်ဘက်ကြီးကပဲမစဉ်းစာဘဲ သူများဘက်ကိုပါ စဉ်းစာပေးသင့်တယ်လို့ မြင်လာတယ် တနည်းအားဖြင့်ဆို ရင် Both side thinking ပေါ့ ကိုယ်ဘက်ကတော့ သေးသေးလေး ဆို ပေမယ့် သူဘက်မှာပေါ့ အကြီးကြီးဖြစ်သွားနိုင်တယ်လေ ဒီစကားလေးက လူမူပါတ်ဝန်း ကျင်မှာ အမြဲလိုလိုကြုံတွေ့နေရတဲ့ စကားလည်းဖြစ်နေတယ်။ ကိစ္စတစ်ခုကို လုပ်တော့ Both side thinking လေးနဲ့ စဉ်းစားမယ်ဆိုရင် တော်တော်လေးကောင်းမှာပဲနော်။ လူ ငယ်ဘ၀ ချစ်သူရည်းစားတွေမှာ အချို့ဆိုရင် ကောင်းမလေး ဒါမှမဟုတ် ကောင်းလေး သူရဲ့ချစ်သူကို အပျော်တမ်းထား ခဏတာအပျော်အတွက်ပဲထားကျတယ် အကယ်ဤ ကျန်တဲ့တစ်ဘက်သားက တကယ် ရည်ရွယ်ထားတယ်ဆိုရင် အပေါ်ကစာတမ်းလေးလို ဖြစ်နေမှာပေါ့ ဘယ်ကောင်းပမလဲနော်။ ကိုယ်လုပ် လိုက်တဲ့ လုပ်ရပ်ကြောင့် အခြားလူတစ်ယောက် နှစ်နာသွားတယ်ဆိုရင်ကောင်းပမလား ပြန်စဉ်းစားကြည့်နော် အကုသိုလ်ရပြီး နောင်ဘ၀ အတွက် အကျွေးတွေပါသွားမှာပေါ့ (ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့) ကြားဖူးကြမှာပေါ့။ ဒါကြောင့် မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်ကို အချိန်ကုန်ခံပြီးလုပ်နေမယ့်အစား တမ်းဖိုးရှိတယ့်အရာလေးတွေကို လုပ်သင့်တာလေးကို အစားထိုးလုပ်လိုက်ရင် ပိုမကောင်းဘူးလား?

Saturday, March 15, 2008

$ မင်းနဲငါ

မင်း အတွက်ဆို အမြဲတမ်းဦးစားပေးတဲ့ ငါ ...
ငါ အတွက်ဆို ဦးစားပေးဖို့စဉ်းစားတဲ့ မင်း ...
မင်း အတွက်ဆို အမြဲတမ်သတိရတဲ့ ငါ ...
ငါ အတွက်ဆို မေ့နေတက်တဲ့ မင်း ...
မင်း အတွက်ဆို ဘာမဆိုပေးဝင့်တဲ့ ငါ ...
ငါ အတွက်ဆို တွေဝေနေတဲ့ မင်း ...
မင်း အတွက်ဆို ဘာမဆိုလုပ်ရဲတဲ့ ငါ ...
ငါ အတွက်ဆို ဘာမဆိုမလုပ်ရဲတဲ့ မင်း ...
အချစ်အတွက် နှလုံးသားနဲ့ပဲ စဉ်းစားတဲ့ ငါ ...
အချစ်အတွက် ဦးခေါင်းသုံးတဲ့ မင်း ...
ဘ၀တစ်ခုကို အေးအတူပူအမျှ ဖြတ်သန်းချင်တဲ့ ငါ ...
ဘ၀တစ်ခုကို မကြောင့်မကြဘဲ ဖြတ်သန်းချင်တဲ့ မင်း ...
ငါချစ်သလို မင်းရောချစ်ရဲ့လား ...
မင်းနဲ့ငါ ဘာတွေဆက်ဖြစ်ဦးမှာလဲ ?

Monday, March 3, 2008

$ ချစ်ခြင်းကိုမခွဲပါနဲ့

ဒီခေါင်းစဉ်လေးက ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့ စာအုပ်လေးက ခေါင်း စဉ်ပါ။ ကျွန်တော် အဲဒီစာအုပ်လေးကို ဖတ်ပြီးတော့ လူတွေတော်တော် များများ မသိသေးတဲ့ ဒါမှမဟုတ် မေ့နေတက်တဲ့အကြောင်းလေးကို Blogs ပေါ်မှာတင်ချင်လာလို့ ပြီးတော့ လူငယ်တွေလဲ အရမ်းကြိုက်မယ် ထင်လို့ ဒီ Post ကိုတင်လိုက်တာပါ။ ဆရာတော် စာအုပ်ထဲက စာပုဒ်လေး တစ်ပုဒ်ကဆို ဒီလိုဆိုထား ပါတယ်။

‘‘တချို့ မိဘတွေက ကိုယ့်သားသမီးတွေ ကိုယ်သဘောမတူသူနဲ့ ချစ်သူ ရည်စား ဖြစ်နေကြပြီ၊ လက်ထက်ဖို့ ရည်ရွယ်ကြပြီ ဆိုရင် သားသမီး တွေ ရဲ့ ချစ်ခြင်းကို မရရတဲ့နည်းနဲ့ ခွဲကြပါတယ်။ တကယ်ကိုမသင့်တော်တဲ့လူ တကယ်ကို အကျိုးပျက်စီးမယ့်သူမို့ ချစ်ခြင်းကိုခွဲတာဆိုရင်တော့ (မကောင်းမေတ္တာ) ဆိုတဲ့ မိဘ၀တ္တရားအရ အပြစ်မရှိပေမယ့် ကိုယ့်ရဲ့ အတ္တ၊ မာနလွန်းကဲမူ။ ကလဲ့စားချေမူတွေကြောင့် သားသမီးတွေရဲ့ ချစ်ခြင်းကိုခွဲပစ်တယ်ဆိုရင်တော့ မိဘတွေအနေနဲ့ ကုန်းတက်ခြင်း အမူကို ကျူးလွန်ရာ ရောက်သွားပါပြီ။’’ ကုန်းတိုက်တယ်ဆိုတာ အချစ်ခွဲစကားပါ။ ချစ်သူ၊ ခင်သူ မြတ်နိုးသူအချင်းချင်း အချစ်ပျက်၊ မြတ်နိုးပျက်အောင် မလိုတမာကြားဝင်ပြီး အပိုရှာ စကားဆင်တာကို ကုန်းတိုက်တယ်လို့ခေါ်ပါတယ် လို့လဲ စာအုပ်ထဲမှာတွေ့ရပါတယ်။

‘‘စကားတွေ၊ စာတွေနဲ့ ချစ်ခြင်းခွဲလိုက်တဲ့အတွက် သားသမီးတွေရဲ့ ဘ၀ပျက်စီးသွားရပြီဆိုရင်တော့ အပါယ်ကျကြောင်း ၀စီဒုစရိုက် အကုသိုလ် အထုပ်ကြီးကိုမိဘတွေရင်မှာ ပိုက်မိသွားပါပြီ။ ‘ကောင်းစေချင်လို့ပါ’ လို့စကားလှလှလေူနဲ့ ကာကွယ်မနေပါနဲ့တော့၊ အပိုပါပဲ’’ ဆရာတော် စာအုပ်ထဲက စကားက တော်တော်လေးကို မှတ်သားစရာပဲ မိဘတွေအတွက်ရော မိဘဖြစ်မဲ့သူတွေအတွက်ပါ။

အဲဒါနဲ တိုက်ဆိုင်တဲ့ အကြောင်းအရာလေးတစ်ခုကိုပြောပြချင်ပါသေးတယ်။ ဘာလဲဆိုတော့ ကျွန်တော် ဖေဖေ ရဲ့ သူငယ်ချင်းမိန်းမပေါ့ သူသားကြီးနဲ့ လက်ထက်မယ့် မိန်းမကို လုံးဝသဘောမတူဘူးလေ။ ဘာလို့သဘောမတူလဲဆိုတော့ သူမကြိုက်လို့နေမှာပေါ့ ဖေဖေ ရဲ့ သူငယ်ချင်းကတော့ ဘာမှမပြောပါဘူး။ အဲဒီအဒေါ်ကြီးက အဲလိုနဲ့ မနက်ပိုင်း TV အစီအစဉ်မှာ ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့ အဲဒီ တရားလေးကိုနားပြီးရော ဘာမှကိုသိမ့်မပြောတော့ဘဲ သူသားကြီး မင်္ဂလာဆောင် ကောင်းကောင်းမွန်မွန်နဲ့ ပြီးသွားပါတယ်။ သူလဲပဲ အပါယ်ကျကြောင်း ၀စီဒုစရိုက် အကုသိုလ် အထုပ်ကြီးကို ကြောက်သွားလို့နေမှာပေါ့နော်။ အဲဒီမှာ တရားစကားလေးတွေက လူတွေရဲ့ ကောင်းတဲ့ စိတ်ဓါတ်လေးတွေအဖြစ်ပြောင်းလဲပေးတာကိုတွေ့လိုက်ရပါတယ်။ ပြီးတော့ စာဖတ်သူတွေအနေနဲ့ရော ဒါမှမဟုတ် ကိုယ့်အသိ မိတ်ဆွေတွေမှာပါ မိဘတွေက သဘောမတူလို့ စိတ်ညစ်နေရမယ့်သူတွေရှိရင် အရှင်ဆန္ဒာဓိက ရဲ့ ချစ်ခြင်းကိုမခွဲပါနဲ့ စာအုပ်လေးကို လက်ဆောင်အဖြစ်ပေးလိုက်နော် အများကြီးအစဉ်ပြေသွားပါလိမ့်မယ်လို့ ထင်မိပါတယ်။ ချစ်ခြင်းကိုခွဲမိသူ ပြန်ခံရမယ် ကအကျိုးတွေးက တော်တော်ဆိုးပါတယ် ဆရာတော်စာအုပ်ထဲမှာ သေသေချာချာ ဥပမာပေးထားပါတယ်။ ဒါကြောင့် သူများ ချစ်ခြင်းကို မခွဲမိကြပါစေနဲလို့ ဒီ Blogs ကနေမေတ္တာနဲ့ အကြံဥာဏ်ပေးလိုက်ပါရစေ။

Friday, February 29, 2008

$ CWS Web Design Blogs



CWS Web Design Blogs ( http://cwswebdesign.blogspot.com ) ဒီ Blogs မှာ CREATiVE WEB STUDIO က ဆွဲထားတဲ့ Web Site Design & Development နှင့် ထို Website ရဲ့ အကြောင်းအရာများကို ဖော်ပြထားပါတယ်။ CREATiVE WEB STUDIO က Client တွေ Update ဖြစ်တိုင်း ထို Blogs မှာဖေါ်ပြပေးသွားမှာပါဖြစ်ပါတယ် ။

Tuesday, February 26, 2008

$ ရည်းစားစကားပြောနည်း :)

ဟိုတစ်လောက ကျွန်တော်သူငယ်ချင်းဆီကနေ သီချင်းလေးတစ်ပုဒ်ရတယ် သူလဲ online ပေါ် ကပဲ ဒီသီချင်းလေးရတာပါ။ သီချင်းက ဘာကိုစပ်ထားသလဲဆိုတော့ "ရည်းစားစာ" တဲ့ ဒီလောက်ဆိုရင် သိလောက်မှာပါ။ ရေးတားတဲ့ ပုံစံလေးရယ် စာသားလေးရယ် အသံညောင် နာနာလေးရယ်ကို သဘောကျလို့ သူငယ်ချင်းတွေ နားထောင်လို့ရအောင် Blogs ပေါ်တင် လိုက်တာပါ။ စာသားလေးက ဒီခေတ် အခြေအနေနဲ့ မိန်းကလေး တွေရဲ့ သဘောကိုပါပေါ်လွင် အောင်ပြထားတာကိုတွေ့ရပါတယ်။ သီချင်းလေးနားထောင်ပြီ အဲဒီလိုလေး ရည်းစားစကား ပြောလိုက်ရင် လုံးသ၀နီးပါ အဆင်ပြေသွားနိုင်ပါတယ်။ သေသေချာချာ နားထောင်လိုက်ကျ နော်။ နားထောင်ရမဲ့ link လေးက http://waiphyo.imeem.com/music/CQUTk5cv/d_nge_yee_ser_sar_ring_tone/

Thursday, February 21, 2008

$ ရင့်ကျက်မူဆိုတာကို ဒီလိုလေးတွေးတယ်

ပထမဥိးဆုံး အရင်ပြောချင်တာကတော့ ဒီ Post လေးက ကျွန်တော်အတွေးသက်သက်လေးကို Blogs ပေါ်တင်လိုက်တာပါ။ Maturity ဆိုတဲ့ ရင့်ကျက်မူဆိုတဲ့ အကြောင်းလေးကိုစဉ်စားမိတာတော့ကြာပါပြီ လူငယ်တော်တော်များများက Maturity ကိုသိချင်အောင် ဆောင်နေကြတယ်လေ။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ကျွန်တော်ကိုလာပြောတယ်လေ နင်တော်တော်လေးကို ရင့်ကျက်မူရှိလာ ပြီးတဲ့ ကျွန်တော်ကသူကိုပြန်မေးတော့ သူကိုယ်တိုင်လည်းသိတော့သိတယ် သိပ့်မရှင်းပြနိုင်ဘူးလေ။ ကျွန်တော် သိတာလေးကို ပြောပြချင် တယ် Maturity ဆိုတာက ကိုယ်ဘ၀တစ်လျှောက်တွေ့ကြုံခဲ့ရတဲ့ အသိတွေ၊ ကြားသိခဲ့ရတဲ့ အသိတွေ၊ ဖတ်ရူခဲ့ရတဲ့ အသိတွေကို သတိလေးနဲ့ပေါင်းပြီး ဆင်ကြင်သုံးသပ်တာလို့ တွေးမိပါတယ်။ အဲဒီလို ဆင်ကြင်သုံးသပ်နိုင်လာရင်ပဲ မိမိလုပ်မယ့်လုပ်ရပ်သည် လုပ်သင့်မလုပ်သင့်၊ မိမိပြောမယ့် စကားသည် ပြောသင့်မပြောသင့်၊ မိမိတွေးတဲ့အတွေးသည် တွေးသင့်မတွေးသင့်ကိုသိလာရင် Maturity ဆိုတဲ့ ရင်ကျက်မူရှိလာပြီလို့ ကျွန်တော်ကတော့ တွေးတောမိတယ်။ Maturity ရှိဖို့ အသိတစ်ခုထဲမရသလို သတိတစ်ခုထဲနဲ့လည်းမရ နိုင်ပါဘူး အဲဒါကြောင့် အသိ + သတိ = Maturity လို့ တွေးမိပါတယ်။ ကိုယ့်ကိုကိုယ် Maturity မရှိသေးဘူးလို့ ယူဆထားရင် အသိပညာ တွေ နည်းနည်းနဲသေးတယ် သတိထားဖို့တွေ လိုနေသေးတယ်လို့ ကျွန်တော်ကတော့ ဒီလိုလေး ခံစားရပါတယ်။ ဒါကြောင့် လူကြီးတွေက ပြောကြတယ် အသက်တာကြီးတာ ရင့်ကျက်မူမရှိဘူး၊ နောက်တစ်ခုက ငယ်ငယ်လေးနဲ့ ရင့်ကျက်လိုက်တာလို့ ကျွန်တော်တို့ ကြားဖူးကြ တယ်လေ။ (အသက်တာကြီးတာ ရင့်ကျက်မူမရှိဘူး) အဲဒါလေးကို ကျွန်တော်က ဒီလိုလေးတွေးမိတယ်။ အဲဒီလိုလူမျိုးတွေက ကိုယ်ဘ၀တစ်လျှောက်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို သင်ခန်းစာ တစ်ခုအနေနဲ့ မမှတ်ယူခဲ့လို ထင်မိတယ်။ ကျွန်တော်ကတော့ ရင့်ကျက်မူဆိုတာလေးကို ဒီလိုလေးတွေးလိုက်မိတယ်။ ဆက်တွေးမယ်ဆိုရင်လဲ အများကြီးလေး အချိန်ကလဲမရလို့လေ။ ဒါလေးတွေက ကျွန်တော် အတွေးလေးသာဖြစ်ပါတယ်။

Sunday, February 17, 2008

$ မာနကြီးသူများ သတိထား

ဟိုတစ်နေ့က ကျွန်တော် စာအုပ်တစ်အုပ်ဖတ်မိတော့ ဖတ်မိတဲ့အကြောင်းအရာလေးကို Blogs ပေါ်မှာတက်ရေးလိုက် ရင်တော့ အသိပညာ Share ပေးတာပြီး ကုသိုလ်ယူချင်တာနဲ့ ဒါလေးကိုရေးလိုက်တာပါ။ ခေါင်းစဉ်လေးကလဲ စိတ်ဝင်စားစရာလေးနော် မာနကြီးသူများ သတိ ထားဆိုပဲနော် မာနကြီးရင် အမျိုးနိမ့်တက်တယ် တရားထူးတရာမြတ်လဲမရနိုင်ဘူးတဲ့ မာနလေးကြီးလိုက်တာနဲ့ ပြန်ရလိုက်တဲ့အကျိုးက တော်တော်ဆိုးတာပဲနော် အမျိုးနိမ့်တာ ဘယ် လောက်ထိလဲဆိုရင် ကျွန်ဘ၀ထိဖြစ်နိုင်တဲ့လို့ပြောချင်တာနော် ဒါကြောင့်မိုလို့ မာနကြီး သူများ သတိထားလို့ ခေါင်းစဉ် တက်လိုက်တာပါ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မာနတော့မကြီးလိုက်ကြနဲ့နော် Detail ထပ်သိချင်တယ် ဆိုရင်တော့ အရှင်ဆန္ဒာဓိက ရေးထားတဲ့ “ထူးမှထူး” စာအုပ်ကို ၀ယ်ဖတ်ကြည့်လိုက်နော်။ အရမ်းကောင်းလွန်းလို့ Blogs ပေါ်တက်ရေး မိတာပါ။ နောက်တစ်ခု “မာ” နေရင် “န” သွားမယ်တဲ့ ဘယ်လောက်မှတ်သားထားဖွယ်လဲနော်။

Thursday, January 31, 2008

$ ချစ်စရာမကောင်းဘူးလား

ဒီနှစ်စမှာတင် CREATiVE မှာ နောက်ထပ် မင်္ဂလာတစ်ခုထပ်ပေါ်လာပါတယ်။ အဲဒါကတော့ ကျွန်တော်ရဲ့ အစ်ကိုကြီး ကိုအောင်ဖြိုးရဲ့ ဇနီးက 25.01.2008 သောကြာနေ့မှာ သမီးလေးတစ်ယောက်ကို မွေးခဲ့ပါတယ်။ အဲဒီသမီးလေးကတော့ ကံတော်တော်ကောင်းမယ့်ပုံပါပဲ။ ကျွန်တော် တူမလေးမိုလို့ နိမိတ်ဖတ်ပေးလိုက်တာပါ။ သူငယ်ချင်းတွေကတော့ပြောနေကြတယ် သောကြာသမီးလဲဖြစ် စကားအပြော ကောင်းတဲ့ ကိုအောင်ဖြိုးရဲ့သမီးလဲဖြစ် အလွန်စကားများတဲ့လိုသူငယ်ချင်းတွေကပြောကြတဲ့ ကျွန်တော် တူမလေးလဲဖြစ် ဆိုတော့ ဒီ ကလေးလေးကတော့ တော်တော်စကားတက်မယ်တဲ့။ ဟီးဟီး ဖြစ်နိုင်ပါတယ်။ နှစ်သစ်မှာ မင်္ဂလာရှိသွားတာပေါ့ဗျာ။ အောက်မှာ ချစ်စရာ ကောင်းတဲ့တူမလေးပုံပါ။ ချစ်စရာမကောင်းဘူးလား။


Saturday, January 19, 2008

$ 2008 နှစ်သစ် မင်္ဂလာ

2008 မှာ CRETIVE က ကိုသူရိန်အောင် က လက်ထက်မင်္ဂလာကို 12.01.2008 နေ့က ကျင်းပသွားပါတယ် အဲဒါမို့လို့ နှစ်သစ် မင်္ဂလာလို့ ခေါင်းစဉ်တပ်လိုက်တာပါ။ ကျွန်တော် မိတ်ဆွေတွေကိုလည်း အားကြရအောင် ဒီ Post လေးကို တင်ပေးလိုက်ပါတယ်။ Wedding Photo တွေကိုကြည့်ချင်တယ် ဆိုရင်တော့ http://picasaweb.google.com/casper.ty/MyWedding မှာ Photo တွေအများကြီးရှိပါတယ်။ ကျွန်တော်အတွက်တော့ ဘယ်တော့များမှလဲ မသိပါဘူးနော် ဟီးဟီး လို့ပဲပြောရမလား ၀ါးဝါး လို့ပဲပြောရမလား မသိပါဘူးဗျာ။

Wednesday, January 2, 2008

$ အောင်မြင်ကြောင်းတရား


2008 ခုနစ်အစမှာ ကျွန်တော် Blogs အဖွင့် Post လေးမှာသူငယ်ချင်းတွေကို ဆုတောင်းလေးအရင်ပေးချင်တယ် စိတ်ချမ်းသာ ကိုယ်ချမ်း သာရှိပြီး ပျော်ရွှင်မူများ အောင်မြင်မူများရကြပါစေ။ ပြီးတော့ကဗျာလေး တစ်ပုဒ်လက်ဆောင်ပေးချင်တာနဲ့ ချမ်းမြေ့ဆရာတော်ကြီးဖွဲ့ဆို ထားသော ဗုဒ္ဓတရားကို သူငယ်ချင်းများမှတ်သားနားယူလို့ရအောင် Blogs ပေါ်မှာတင်လိုက်တာပါ။

အောင်မြင်ကြောင်းတရား

မကောင်းမူးရှောင်၊ ကောင်းမူဆောင်၊ ဖြူအောင်စိတ်ကိုထား။
ပြောပြုတွေလျှင်၊ သတိယှဉ် ဆင်ခြင်ဥာဏ်ရှေ့သွား။
စိတ်ထားဖြောင်မှန် ခွင့်လွှတ်ရန် သီးခံမေတ္တာထား၊
လုံ့လနှင့်ဇွဲ မလျှော့ဘဲ အမြဲတင်းတင်းထား။
အရာရာတွင် အသုံးဝင်၊ အောင်မြင်ကြောင်းတရား။

ချမ်းမြေ့ဆရာတော်