Monday, October 22, 2007

♦ လာဘ်ကြီးတစ်ပါး အကြောင်း

ကျမ်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ပါတယ်။ ကျမ်းမာရေးကို လူငယ်တော်တော်များများက ပေါ့ပေါ့ဆဆပဲ နေတက်ကြပါတယ် အဲဒီ ထဲမှာ ကျွန်တော်အပါအ၀င်ပေါ့။ အခုတလော နေထိုင်မကောင်းခဏခဏဖြစ်နေတော့ သတိထားမိလာတယ်။ မြန်မာလူကြီးတွေပြောနေ ကြစကား တစ်ခုလဲရှိသေးတယ် မွေးနေ့နီးရင်လဲ ကျန်းမာရေး သတိထားတဲ့ အဲဒါကြောင့်လားလဲမသိပါဘူး အခုတစ်လောတော့ ကျန်းမား ရေး နည်းနည်းချူချာနေတယ်။ ဟိုတစ်လောက ချွတ်ထိုးတာ ၂ ရက် ၃ ရက်လောက်ကြာတယ် အတော်ခံရခက်လိုက်တာဗျာပြီးတော့ နှား ဆက်စီးရော။ အခုတော့ လေအောင့်နေပြန်ရော ဟူး မလွယ်ပါလာနော် အဲဒီလိုတွေဖြစ်တော့မှပဲ ကျန်းမာနေတဲ့ အချိန်က အရမ်းတန်ဖိုး ရှိမှန်းသိတော့တယ်။ ကျွန်တော်က အလုပ်လုပ်နေတဲ့အချိန်တွေဆို အစားအသောက်မေ့ပဲ အဲဒါတော်တော် မကောင်းတဲ့အကျင့်ပါ ကျွန် တော်မေမေက အမြဲလိုလိုသတိပေးပြင်မဲ့ သတိကမေ့မေ့သွားတယ် အခုတစ်လောမှာတော့ တော်တော်လေးကိုခံစားနေရတယ်။ ကျမ်းမာ ခြင်းသည် လာဘ်ကြီးတစ်ပါးဆိုတဲ့ ဒီအကြောင်းအရာလေးကို ဘာလို့ရေးရလဲဆိုရင် မိတ်ဆွေတွေမေ့နေမှာဆိုလို အတိပေးချင်တဲ့ သဘော ပါ။ ကျန်းမာမှသာ အရာအားလုံးကို လုပ်လို့ရာမှာ ပြီးတော့ အောင်မြင်ဖို့ ဖန်တီးလို့ရာမှာ လောကမှာအရေးကြီးဆုံးတစ်ခုထဲမှာပါဝင်တဲ့ စိတ်ချမ်းသာမူကိုလဲ ရနိုင်မှာပါ။ ဒါကြောင့် ကျွန်တော်တို့ လောကမှာ အောင်မြင်ဖို့ စိတ်ချမ်းသာမူတွေရနိုင်ဖို့ အတွက် ကျန်းမာဖို့က လိုကို လိုအပ်နေပါတယ်။ ကျွန်တော် မိတ်ဆွေတွေကိုလဲ ကျန်းမာစေဖို့ကျန်းမာရေးကို ဂရုစိုက်ဖို့မမေ့ကြရန် စေနာတာမေတ္တာနဲ့ သတိပေးလိုက်ပ ရစေ။ လူသားအားလုံး ကျန်းမာ ပျော်ရွှင်တဲ့ ဘ၀ကိုရကြပါစေ။