Wednesday, May 30, 2007

♦ သာယာလှပသော ရှမ်းပြည်

ကျွန်တော် အပန်းဖြေခရီးမသွားတာ 2 နှစ်ကျော်သွားပြီးဆိုတော့ အခုခရီးသွားရတာ ပျော်ပါတယ်။ ကျွန်တော် တို့ကို အကူအညီပေးသော ကိုအောင်ဖြိုးရဲ့ ယောက္ခမ၊ ထီး ကိုလည်း ဒီပေါ်ကနေဆက်ပြီး ကျေးဇူးတင်ပါလို့ ထပ်ပြောချင်ပါတယ်။ ဘာလိုလိုနဲ့ ခရီး က 5 ရက်ကျော် 6 ရက်လောက်ဖြစ်သွားတယ် ခရီးက တိုတိုလေး ဖြစ်ပေမယ် (တောင် ကြီး၊ ကလော၊ အင်းလေး၊ ပင်းတယ) နေရာတော်တော်များများယောက်လို့ ကျေနပ်မိ ပါတယ်။ ရောက်တဲ့နေရာ တော်တော်များများက သဘာဝအလှတွေနဲ့ ပြည့်နေတာကို တွေတော့ ကျွန်တော် မိတ်ဆွေတွေကို အားလပ်ချိန်လေးရောက်ရင် ရှမ်းပြည်ကို အလယ်တစ်ခေါက်တော့ သွားလိုက်ကြဦးနော် သဘာဝ အလှတွေကို ခံစားစေချင်လို့ပါ။ ဘေးက Photo လေးမှာ Photo လေးတွေကို ကြည့်ရင်းနဲ့လည်း တွေ့နိုင်ပါတယ်။ ရန်ကုန် ကလာတဲ့သူအဖို့ အကြာကြီးနေရင် ပျင်းသွားနိုင်ပေ့မယ် အပန်းဖြေခရီးအတွက်တော့ တော်တော်လေးကောင်းပါတယ်။ တောင်းကြီးနဲ့ပါတ်သတ်တဲ့ ကျွန်တော် အတွေ့အကြုံ တွေကို ထပ်ပြီးရေပါဦးမယ်။

Wednesday, May 23, 2007

♦ တောင်ပေါ်မြေသို့ ခဏ

ကျွန်တော် တောင်ကြီးမြို့ကို လာမယ် သောကြာနေ့မှာ အလယ်အပတ် 3 or 4 ရက်လောက် ကျွန်တော် အစ်ကို၊ အစ်ကို မိန်းမ၊ ကျွန်တော် သူငယ်ချင်း Mg K Phyo လေးတို့နဲ့ အတူသွားဖို့ရှိတယ်။ မှာစရာရှိရင် မှာလိုက်ကြနော် အားမနာကြပါနဲ့ မိတ်ဆွေတို့ရေ ဒါပေမယ့် တစ်ခု တော့ရှိတယ် ငွေတော့ အရင်လာပေးထားကြနော် ငွေမရှိရင် ကျွန်တော်လဲ ဘယ်ဝယ်လို့ရမလဲ ဟီးဟီး။ တောင်ကြီးကပြန်လာရင်တော့ Blog မှာ ဖြစ်ခဲ့သမျှ တွေ့ခဲ့သမျှလေးတွေကို ဓာတ်ပုံလေးတွေနဲ့ ကျွန်တော် မိတ်ဆွေတွေကို ပြန်ပြောပြမယ်နော်။

Thursday, May 17, 2007

♦ Venice မြို့သို့ အလယ်၁ခေါက်

ဒီမနက် ကျွန်တော် email စစ်လိုက်တော့ ကျွန်တော် သူငယ်ချင်း တစ်ယောက်ရဲ့ Forward လုပ်ထားတဲ့ email 1 စောင်ရပါတယ်။ email လေးကိုကြည့်ပြီး ကျွန်တော် မိတ်ဆွေတွေကို ပြောပြချင်တာနဲ့ blogs တတ်ရေးဦးမယ်ဆိုပြီး ရောက်လာပြန်ပြီနော်။ ဘေးက ကားလေးရေနှစ်နေ သလိုပဲနော် ဒုက္ခများလိုက်တာနော်။ ဒီနှစ်တော့ မုန်တိုင်း တွေ အဆက်မပျက်ဝင်ပြီး မိုးတွင်ဆက် ရောက်သွားရင်တော့ ရန်ကုန်မြို့ကို နံမည် ပြောင်းရပါတော့မယ် နံမည်ကတော့ Venice Italy ရဲ့ မြို့တစ်မြို့ပေါ့ သိကြတယ် ဟုတ် ။ ဘေးက ပုံလေးကို ကြည့်ရင် ရန်ကုန်မြို့ နံမည်လေးက မှန်တယ်ဆိုတာကို တွေရ ပါလိမ့်မယ်။ ဒီနှစ် မိုးတွင်း ရန်ကုန်သူ ရန်ကုန်သားတွေ ရန်ကုန် Venice မြို့လေးမှာ Boat တွေရှာထားဖို့ လိုမယ်နော်။ နောက်မို့ဆို မလွယ်ရေချမလွယ်။ ဒီနှစ်တော့ ကျွန် တော်တို့ Italy ကို ငွေမကုန်ပဲ ရောက်တော့မယ်လို့ အဆိုးထဲက အကောင်းလို့ပဲ တွေလိုက်ပေါ့ဗျာ။

Monday, May 14, 2007

♦ ဥစ္စာမှန်ရင် ပြန်ရတယ်တဲ့

ဟိုတစ်နေ့ 13/05/2007 (Sunday) ကပေါ့ မနက်စောစော ကျွန်တော် ဘုရားတတ်ပြီးတော့ ဆုတွေတောင်းပေးပြီး အိမ်ပြန်တော့ ဖေဖေ ရဲ့မိတ်ဆွေတွေနဲ့ မနက်စာသွားစားမယ်ဆိုပြီး အလုံးက Lucky 7 မှာ သွားစားဖြစ်တယ်။ လူကြီးတွေရဲ့ စကားဝိုင်း ဆိုတော့ ကျွန်တော်က နားထောင်သူပရိသတ်ပေါ့။ အဲဒီ စကားဝိုင်းထဲက Topic လေး ၁ ခုကို စိတ်ဝင်စားမိတယ်။ ဘာလဲဆိုတော့ အလိမ်ခံပြီးမှ အလိမ်ခံရတဲ့ ငွေတွေ ပြန်ရတဲ့ အကြောင်းလေးပေါ့။ အရွယ်အားဖြင့်တော့ အသက်နည်းနည်းကြီးပြီ သူကအရည်အချင်းရှိတဲ့ ကျောင်းဆရာ ၁ ယောက် ပါ။ သူနဲ့စပ်တူ အရင်းအနှီးလုပ်တဲ့သူက နိုင်ငံခြားသား ပြီတော့သူတို့ ရင်းနှီးလုပ်တဲ့ငွေက dollor 2 သန်း။ အားပါး မနည်းပါလားနော်။ သိမ့်မကြာခင်မှာပဲ နိုင်ငံခြားသားက သူကို လိမ်ပြီး ထွက်ပြေးသွားတယ်။ အဲဒီမှာ သူဒုခ စရောက်ပါလေရော အလုပ်လုပ်ထားတဲ့ငွေတွေလဲ မပေးနိုင် သူကိုလဲ တရားဆွဲကြပေါ့ သူလဲတော်တော်လေး ဒုခရောက်သွားတာပေါ့။ သူလဲ စိတ်ညစ်နေမှာပေါ့ အဲဒီအချိန်မှာ သူဆီကို email ၀င်လာတယ်။ ဘာ email လဲဆိုတော့ သူကိုလိမ်သွားတဲ့ငွေတွေပြန်ရမယ် ဆိုတဲ့စာပေါ့။ သူလဲအရမ်းပျော်သွားမှာတော အမှန်ပဲနော် အဲဒါနဲ့ သူရဲ့ အကြံပေး အတိုင်မင်ခံ ရှေနေနဲ့တိုင်ပင်ပြီး ပြန်လုပ်လိုက်တာ June / July လောက်ဆိုရင် အကုန်ပြန်ရမယ်တဲ့ ပြန်ရမယ် ငွေကလဲ dollor 1.9 သန်းလောက်တဲ့ နည်းနည်းပဲနော် ဟီးဟီး။ ခုနက email သူဆီဘယ်လို ၀င်လာလဲ ဆိုတော့ သူကိုလိမ်သွားတဲ့ နိုင်ငံခြားသားက ဟိုလိုက်လိမ် ဒီလိုက်လိမ် တော်တော်လိမ်နိုင်တဲ့ ပုဂ္ဂိုလ် သူကိုမိတော့ အင်္ဂလန်မှာမိတာ ပြီတော့ သူလိမ်ထားတဲ့ ငွေတွေကို လိမ်ခံရတဲ့သူတွေဆိကို ပြန်ပို့ပေးတယ် ဘယ်လောက်ကောင်းလိုက်တဲ့ စနစ်လဲနော် သေသေချာချာ စဉ်းစာကြည့်ကြနော်။ အဲဒီ စနစ်လေးကြောင့် ကျောင်းဆရာ ပုဂ္ဂိုလ်ကြီးလဲ ပျော်ရတယ်နော် အဲဒါကြောင့် ကျွန်တော်က ဥစ္စာမှန်ရင် ပြန်ရတယ်တဲ့ လို့ ခေါင်းစဉ်တတ် ထားလိုက်တာပါ။ တကယ်တော့ ကျောင်းဆရာတဲ့ ဥစ္စာမှန်တော့လဲ သူပြန်ရတာပေါ့လေ။ ကျွန်တော်တို့ စဉ်းစားဆရာလေးရသွားပြီ ပေါနော် ဥစ္စာမှန်တော့ ပြန်ရတာကို အပေါ်က အကြောင်းလေးက သက်သေပြနေပြီ ဒါဆိုရင် ကိုယ့်စေတနာမှန်ရင် ကိုယ့်မေတ္တာမှန်ရင် ရော ပြန်ရမှာပေါ့နော် ကျွန်တော်လဲ စေတနာအမှန် မေတ္တာအမှန် ဆိုတော့ ပြန်ရမှာပေါနော် ခုထိတော့မရသေးပါဘူး မျှော်လင့်လိုက်ဦး မယ်နော်။ ဘာလဲလို့ မမေးရဘူးနော် မေမေကပြောတယ် ငရဲကြီးလိမ့်မယ်တဲ့။ :)