Friday, February 29, 2008

$ CWS Web Design Blogs



CWS Web Design Blogs ( http://cwswebdesign.blogspot.com ) ဒီ Blogs မှာ CREATiVE WEB STUDIO က ဆွဲထားတဲ့ Web Site Design & Development နှင့် ထို Website ရဲ့ အကြောင်းအရာများကို ဖော်ပြထားပါတယ်။ CREATiVE WEB STUDIO က Client တွေ Update ဖြစ်တိုင်း ထို Blogs မှာဖေါ်ပြပေးသွားမှာပါဖြစ်ပါတယ် ။

Tuesday, February 26, 2008

$ ရည်းစားစကားပြောနည်း :)

ဟိုတစ်လောက ကျွန်တော်သူငယ်ချင်းဆီကနေ သီချင်းလေးတစ်ပုဒ်ရတယ် သူလဲ online ပေါ် ကပဲ ဒီသီချင်းလေးရတာပါ။ သီချင်းက ဘာကိုစပ်ထားသလဲဆိုတော့ "ရည်းစားစာ" တဲ့ ဒီလောက်ဆိုရင် သိလောက်မှာပါ။ ရေးတားတဲ့ ပုံစံလေးရယ် စာသားလေးရယ် အသံညောင် နာနာလေးရယ်ကို သဘောကျလို့ သူငယ်ချင်းတွေ နားထောင်လို့ရအောင် Blogs ပေါ်တင် လိုက်တာပါ။ စာသားလေးက ဒီခေတ် အခြေအနေနဲ့ မိန်းကလေး တွေရဲ့ သဘောကိုပါပေါ်လွင် အောင်ပြထားတာကိုတွေ့ရပါတယ်။ သီချင်းလေးနားထောင်ပြီ အဲဒီလိုလေး ရည်းစားစကား ပြောလိုက်ရင် လုံးသ၀နီးပါ အဆင်ပြေသွားနိုင်ပါတယ်။ သေသေချာချာ နားထောင်လိုက်ကျ နော်။ နားထောင်ရမဲ့ link လေးက http://waiphyo.imeem.com/music/CQUTk5cv/d_nge_yee_ser_sar_ring_tone/

Thursday, February 21, 2008

$ ရင့်ကျက်မူဆိုတာကို ဒီလိုလေးတွေးတယ်

ပထမဥိးဆုံး အရင်ပြောချင်တာကတော့ ဒီ Post လေးက ကျွန်တော်အတွေးသက်သက်လေးကို Blogs ပေါ်တင်လိုက်တာပါ။ Maturity ဆိုတဲ့ ရင့်ကျက်မူဆိုတဲ့ အကြောင်းလေးကိုစဉ်စားမိတာတော့ကြာပါပြီ လူငယ်တော်တော်များများက Maturity ကိုသိချင်အောင် ဆောင်နေကြတယ်လေ။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ကျွန်တော်ကိုလာပြောတယ်လေ နင်တော်တော်လေးကို ရင့်ကျက်မူရှိလာ ပြီးတဲ့ ကျွန်တော်ကသူကိုပြန်မေးတော့ သူကိုယ်တိုင်လည်းသိတော့သိတယ် သိပ့်မရှင်းပြနိုင်ဘူးလေ။ ကျွန်တော် သိတာလေးကို ပြောပြချင် တယ် Maturity ဆိုတာက ကိုယ်ဘ၀တစ်လျှောက်တွေ့ကြုံခဲ့ရတဲ့ အသိတွေ၊ ကြားသိခဲ့ရတဲ့ အသိတွေ၊ ဖတ်ရူခဲ့ရတဲ့ အသိတွေကို သတိလေးနဲ့ပေါင်းပြီး ဆင်ကြင်သုံးသပ်တာလို့ တွေးမိပါတယ်။ အဲဒီလို ဆင်ကြင်သုံးသပ်နိုင်လာရင်ပဲ မိမိလုပ်မယ့်လုပ်ရပ်သည် လုပ်သင့်မလုပ်သင့်၊ မိမိပြောမယ့် စကားသည် ပြောသင့်မပြောသင့်၊ မိမိတွေးတဲ့အတွေးသည် တွေးသင့်မတွေးသင့်ကိုသိလာရင် Maturity ဆိုတဲ့ ရင်ကျက်မူရှိလာပြီလို့ ကျွန်တော်ကတော့ တွေးတောမိတယ်။ Maturity ရှိဖို့ အသိတစ်ခုထဲမရသလို သတိတစ်ခုထဲနဲ့လည်းမရ နိုင်ပါဘူး အဲဒါကြောင့် အသိ + သတိ = Maturity လို့ တွေးမိပါတယ်။ ကိုယ့်ကိုကိုယ် Maturity မရှိသေးဘူးလို့ ယူဆထားရင် အသိပညာ တွေ နည်းနည်းနဲသေးတယ် သတိထားဖို့တွေ လိုနေသေးတယ်လို့ ကျွန်တော်ကတော့ ဒီလိုလေး ခံစားရပါတယ်။ ဒါကြောင့် လူကြီးတွေက ပြောကြတယ် အသက်တာကြီးတာ ရင့်ကျက်မူမရှိဘူး၊ နောက်တစ်ခုက ငယ်ငယ်လေးနဲ့ ရင့်ကျက်လိုက်တာလို့ ကျွန်တော်တို့ ကြားဖူးကြ တယ်လေ။ (အသက်တာကြီးတာ ရင့်ကျက်မူမရှိဘူး) အဲဒါလေးကို ကျွန်တော်က ဒီလိုလေးတွေးမိတယ်။ အဲဒီလိုလူမျိုးတွေက ကိုယ်ဘ၀တစ်လျှောက်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို သင်ခန်းစာ တစ်ခုအနေနဲ့ မမှတ်ယူခဲ့လို ထင်မိတယ်။ ကျွန်တော်ကတော့ ရင့်ကျက်မူဆိုတာလေးကို ဒီလိုလေးတွေးလိုက်မိတယ်။ ဆက်တွေးမယ်ဆိုရင်လဲ အများကြီးလေး အချိန်ကလဲမရလို့လေ။ ဒါလေးတွေက ကျွန်တော် အတွေးလေးသာဖြစ်ပါတယ်။

Sunday, February 17, 2008

$ မာနကြီးသူများ သတိထား

ဟိုတစ်နေ့က ကျွန်တော် စာအုပ်တစ်အုပ်ဖတ်မိတော့ ဖတ်မိတဲ့အကြောင်းအရာလေးကို Blogs ပေါ်မှာတက်ရေးလိုက် ရင်တော့ အသိပညာ Share ပေးတာပြီး ကုသိုလ်ယူချင်တာနဲ့ ဒါလေးကိုရေးလိုက်တာပါ။ ခေါင်းစဉ်လေးကလဲ စိတ်ဝင်စားစရာလေးနော် မာနကြီးသူများ သတိ ထားဆိုပဲနော် မာနကြီးရင် အမျိုးနိမ့်တက်တယ် တရားထူးတရာမြတ်လဲမရနိုင်ဘူးတဲ့ မာနလေးကြီးလိုက်တာနဲ့ ပြန်ရလိုက်တဲ့အကျိုးက တော်တော်ဆိုးတာပဲနော် အမျိုးနိမ့်တာ ဘယ် လောက်ထိလဲဆိုရင် ကျွန်ဘ၀ထိဖြစ်နိုင်တဲ့လို့ပြောချင်တာနော် ဒါကြောင့်မိုလို့ မာနကြီး သူများ သတိထားလို့ ခေါင်းစဉ် တက်လိုက်တာပါ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မာနတော့မကြီးလိုက်ကြနဲ့နော် Detail ထပ်သိချင်တယ် ဆိုရင်တော့ အရှင်ဆန္ဒာဓိက ရေးထားတဲ့ “ထူးမှထူး” စာအုပ်ကို ၀ယ်ဖတ်ကြည့်လိုက်နော်။ အရမ်းကောင်းလွန်းလို့ Blogs ပေါ်တက်ရေး မိတာပါ။ နောက်တစ်ခု “မာ” နေရင် “န” သွားမယ်တဲ့ ဘယ်လောက်မှတ်သားထားဖွယ်လဲနော်။