Thursday, February 21, 2008

$ ရင့်ကျက်မူဆိုတာကို ဒီလိုလေးတွေးတယ်

ပထမဥိးဆုံး အရင်ပြောချင်တာကတော့ ဒီ Post လေးက ကျွန်တော်အတွေးသက်သက်လေးကို Blogs ပေါ်တင်လိုက်တာပါ။ Maturity ဆိုတဲ့ ရင့်ကျက်မူဆိုတဲ့ အကြောင်းလေးကိုစဉ်စားမိတာတော့ကြာပါပြီ လူငယ်တော်တော်များများက Maturity ကိုသိချင်အောင် ဆောင်နေကြတယ်လေ။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ကျွန်တော်ကိုလာပြောတယ်လေ နင်တော်တော်လေးကို ရင့်ကျက်မူရှိလာ ပြီးတဲ့ ကျွန်တော်ကသူကိုပြန်မေးတော့ သူကိုယ်တိုင်လည်းသိတော့သိတယ် သိပ့်မရှင်းပြနိုင်ဘူးလေ။ ကျွန်တော် သိတာလေးကို ပြောပြချင် တယ် Maturity ဆိုတာက ကိုယ်ဘ၀တစ်လျှောက်တွေ့ကြုံခဲ့ရတဲ့ အသိတွေ၊ ကြားသိခဲ့ရတဲ့ အသိတွေ၊ ဖတ်ရူခဲ့ရတဲ့ အသိတွေကို သတိလေးနဲ့ပေါင်းပြီး ဆင်ကြင်သုံးသပ်တာလို့ တွေးမိပါတယ်။ အဲဒီလို ဆင်ကြင်သုံးသပ်နိုင်လာရင်ပဲ မိမိလုပ်မယ့်လုပ်ရပ်သည် လုပ်သင့်မလုပ်သင့်၊ မိမိပြောမယ့် စကားသည် ပြောသင့်မပြောသင့်၊ မိမိတွေးတဲ့အတွေးသည် တွေးသင့်မတွေးသင့်ကိုသိလာရင် Maturity ဆိုတဲ့ ရင်ကျက်မူရှိလာပြီလို့ ကျွန်တော်ကတော့ တွေးတောမိတယ်။ Maturity ရှိဖို့ အသိတစ်ခုထဲမရသလို သတိတစ်ခုထဲနဲ့လည်းမရ နိုင်ပါဘူး အဲဒါကြောင့် အသိ + သတိ = Maturity လို့ တွေးမိပါတယ်။ ကိုယ့်ကိုကိုယ် Maturity မရှိသေးဘူးလို့ ယူဆထားရင် အသိပညာ တွေ နည်းနည်းနဲသေးတယ် သတိထားဖို့တွေ လိုနေသေးတယ်လို့ ကျွန်တော်ကတော့ ဒီလိုလေး ခံစားရပါတယ်။ ဒါကြောင့် လူကြီးတွေက ပြောကြတယ် အသက်တာကြီးတာ ရင့်ကျက်မူမရှိဘူး၊ နောက်တစ်ခုက ငယ်ငယ်လေးနဲ့ ရင့်ကျက်လိုက်တာလို့ ကျွန်တော်တို့ ကြားဖူးကြ တယ်လေ။ (အသက်တာကြီးတာ ရင့်ကျက်မူမရှိဘူး) အဲဒါလေးကို ကျွန်တော်က ဒီလိုလေးတွေးမိတယ်။ အဲဒီလိုလူမျိုးတွေက ကိုယ်ဘ၀တစ်လျှောက်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို သင်ခန်းစာ တစ်ခုအနေနဲ့ မမှတ်ယူခဲ့လို ထင်မိတယ်။ ကျွန်တော်ကတော့ ရင့်ကျက်မူဆိုတာလေးကို ဒီလိုလေးတွေးလိုက်မိတယ်။ ဆက်တွေးမယ်ဆိုရင်လဲ အများကြီးလေး အချိန်ကလဲမရလို့လေ။ ဒါလေးတွေက ကျွန်တော် အတွေးလေးသာဖြစ်ပါတယ်။

No comments: