Friday, November 30, 2007

♦ Relax အတွက်စဉ်းစားကြရအောင်

ကျွန်တော်တို့တစ်တွေ မကြာမှီရောက်တော့မယ် December ဆိုရင် Relax အတွက် အပန်းဖြေခရီးတွေထွက်ကြတယ်။ သင်တို့ရော ခရီးထွက်ဖို့အတွက် စဉ်စားပြီးကြပြီလား။ တစ်နှစ်ပါတ်လုံး အလုပ်တွေလုပ် စာတွေဖတ်နေရနဲ့ တော်တော်လေး ညည်းငွေစရာကောင်းနေ ပြီနော်။ တစ်နှစ်မှာ တစ်ခါလောက်တော့ ခရီးလေးဘာလေထွက်သင့်တယ်လို့ ကျွန်တော်တော့ထင်ပါတယ်။ ကျွန်တော် မြန်မာ လူငယ်တွေ အများဆုံးသွားကြတဲ့ နေရာလေးတစ်ခုရှိတယ်လေ။ အဲဒါ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်လေးပေါ့။ ကျွန်တော်တောင် ကျိုက်ထီး ရိုးဘုရားကို မရောက်ဖြစ်တာ ၃, ၄ နှစ် လောက်တော့ရှိမယ်ထင်တယ်။ ဒီနှစ်တော့ရောက်ဖြစ်မယ်ထင်တာပါ။ သွားဖြစ်တယ်ဆိုရင် ကျွန်တော် Blogs မိတ်ဆွေတွေကို ကျွန်တော်ခရီးစဉ်အကြောင်းလေးကို ပြောပြဖြစ်ဦးမှာပါ။