Friday, April 27, 2007

လင်ကွန်းများ ဖြစ်နေပြီးလား

ကျွန်တော်တို့ ရန်ကုန်မြို့မှာ ညဘက်ဆိုရင် မီးတွေထိန်ထိန်ညီးနေတာပါပဲ။ မီးတွေထိန်ထိန်ညီးနေတယ်ဆိုလို လျှက်စစ်မီးလို့တော့ မထင်ပါနဲနော် ဖယောင်တိုင် မီးတွေပါ။ ကျွန်တော်တို့ကနေ့တိုင်းလိုလို Thomas Edison ကိုပါဂုဏ်ပြုသေးတယ်လေ။ ကျေးဇူးလေး တွေကိုမေ့မနေအောင်လုပ်ပေးနေတာပါ။ ဟီးဟီး J ညကအိမ်နားက လမ်းဘေးဆိုင်လေး ၁ ဆိုင်မှာမုန့်စားမယ်ဆိုပြီးထွက်လာကြတယ်။ ဆိုင်ရောက်တော့ ဓါတ်တိုင်ဘေးမှာနေရာလွတ်ရှိတာနဲ ထိုင်မယ်လုပ်တော့ သတိလေးဝင်လာပြီး ဓါတ်တိုင်နားဆိုတော့ အန္တာရယ်ရှိနိုင် တယ်ဆိုပြီး ဘေးဝိုင်းမှာထ ထိုင်လိုက်ကြပါတယ်။ အဲဒီတော့ ဘေးက ၁ယောက်က ပြောပါလေရော ဓါတ်ကြိုးကိုကိုင်ပြီးအိပ်တာတောင် ရန်ကုန်မှာ အန္တာရယ်ကင်းတယ် ဆိုပဲ။ ဟီးဟီး ဟုတ်များနေမလား မသိဘူးနော်။ ကျွန်တော် ညဘက်အိမ်ပြန်ရောက်ရင် လျှက်စစ်မီး မတွေ့ရတာတော်တော်လေးကို ကြာပါပြီး အလုပ်ကပြန်လာချိန် အိမ်ပြန်ချိန်က နောက်ကျနေကျပါ။ နားချိန်လေးရောက် ပြီဆိုတော့ စာလေးဘာလေးဖတ်ချင်တာပေါ့နော် ဒါပေမယ့် မီးမရှိတော့ လမ်းမီးကိုပဲ အားကိုရတော့တာပေါ့နော်။ ကျွန်တော်တို့လမ်းက လမ်းမီးအ၀ါကြီးတွေရှိတော့ စာတော့ ကောင်းကောင်းဖတ်လို့ရတာပေါ့နော် ဒါလေးကိုလဲ ကျေးဇူးတင်မိပါတယ်။ ဘာလို့လဲ လမ်းမီးရောင် လေးကြောင့် စာဖတ်လို့ရလို့ပေါ့ဗျာ။ အဲဒါနဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြိးလင်ကွန်းက လမ်းမီးနဲ့စာဖတ်တာလေးတူနေလို့ လင်ကွန်း များဖြစ်နေပြီးလားလို့ ခေါင်းစီးတက်ဖြစ်သွားတာပါ။ ခေါင်းစဉ်လေးကို အပြစ်မယူကြပါနဲနော်။ ရန်ကုန်မှာကျွန်တော်လို့ လင်ကွန်း များဖြစ်နေပြီးလားလို့ တွေမိသူတွေ စမိသူတွေ ရှိမယ်လို့လဲထင်မိပါတယ်။ ဘာလိုလဲဆိုတော့ ဟီးဟီး မပြောတော့ဘူးနော် J သင်ရော လင်ကွန်း ဖြစ်ပြီးပြီလား။ ဒီအကြောင်းအရာလေးက ပျော်စရာလေးအနေနဲရေးထားတာပါ။

Thursday, April 26, 2007

Global Warming နဲ့ ဘောင်းဘီတို

ရာသီဥတု ပူအိုက်တဲ့ အချိန်မှာ ဒီအပေါ်ကပုံလေးကိုတွေတော့ Global warming နဲ့ မြန်မာ အမျိုးသမီးလေး အကြောင်းရေးချင်လာတာနဲ့ Blog ပေါ်ရောက်လာတာပါ။ ရာသီဥတု ပူအိုက်လိုလားတော့မသိ အခုတလောကောင်မလေးတွေကိုတွေလိုက်ရင် ၁ထွာကျော်ကျော်လောက်ပဲရှိတဲ့ ဘောင်းဘီလေးတွေနဲ့ တွေနေရပါတယ်။ ဆောင်းတွင်းမှာလဲ ဒီအတိုင်းပဲ။ သင်္ကြန်မှာလဲ ဒီအတိုင်းပဲ။ သင်္ကြန်တုန်းက အချို့မင်းသမီး (Model) တွေဆိုရင် ၀တ်ထားပုံများ တော်တော်လေးကို ဆိုးတာ သူတို့ကရှေဆောင်လမ်းပြမှတော့ နောက်က ကလေးတွေဝတ်တာ ဆန်းတော့ မဆန်းပါဘူး။ ဒါဆိုရင်တော့ Global Warning ကြောင့်လို့တော့ပြောလို့ မရတော့ဘူးပေါ့နော်။ အပေါ်က Global Warming ပုံအတိုင်းဆို မြန်မာတွေ တော်တော် ခေတ်ဆန်းလာပြိးလို့ ပြောလို့ရတယ်နော်။ ခေတ်ဆန်လာတာကတော့ မပြောနဲ့ ဘုန်းကြီးကျောင်းတွေ သွားရင်တောင် ရှေ့ခွဲ နောက်ခွဲ၊ စကက်၊ ဘောင်ဘီတွေနဲ့ ဆရာတော်တွေကတောင် တရားဟောတဲ့အချိန်မှာ ထဲ့ဟောနေရတာတော့ မကောင်းဘူးထင်တယ်နော်။ ဆရာတော်တွေကတောင် ပြောနေရတယ် ဆိုတော့ မြန်မာအမျိုးသမီးတွေ တော်တော်ပဲ ခေတ်ဆန်လာကြတာလား။ ကျွန်တော်ကြားဖူးတာကတော့ ခေတ်မှီတာကကောင်းပြီး ခေတ်ဆန်တာ မကောင်းဖူးလို့တော့ ကြားဖူးတာပဲ။ ပုံမှာကလဲ 2006 ထိ ပဲဖေါ်ပြထားတာနော်။ နောက်ထွက် လာမယ့် ပုံတွေဆိုရင် အမလေး မတွေးဝံ့စရာကြီးပဲနော်။ ကမ္ဘာကြီး ပူနွေးနေပေမယ့် မြန်မာအမျိုးသမီးများ မြန်မာလို့ ၀တ်ဆုံလေးတွေ့နဲ့ဆိုရင် တမျိုးလေးလှနေကြပါတယ်။ ကျွန်တော် အမြင်အနေနဲ့ ပြောတာပါ. မှားတာလေးများပါရင် ခွှင့်လွတ်ပေးကြဦးနော်။

Friday, April 20, 2007

ဘယ်လောက်ဝေးဝေး နီးနီးလေး

ဘယ်လောက်ဝေးဝေး နီးနီးလေး ဆိုတဲ့ ကဗျာလေးကို အရမ်းကြိုက်လို့ ကျွန်တော်မိတ်ဆွေတွေကို ဖတ်စေချင်လွန်းလို့ Blog မှာတက်ရေး ဖြစ်သွားတာပါ ပြီးတော့ ကျွန်တော် ခံစားချက်လေးတွေနဲ တိုက်ဆိုင်သလိုပဲ။ ဒီကဗျာကို အရှင်ဆန္ဒာဓိက ရေးထားတာပါ။ ကဗျာလေးက တော

ပကတိတံတားက အရပ်ဒေသတွေကို
ဆက်သွယ်ပေးတယ်။
မေတ္တာတံတားက နှလုံးသားတွေကို
ပေါင်းကူးပေးတယ်။
မေတ္တာစိတ်ကိုယ်စီနဲ့
သတိရနေကြမယ်ဆိုရင်
တစ်ယောက်နဲ့ တစ်ယောက်
ဘယ်လောက်ဝေးဝေး နီးနီးလေးပါပဲ။။

ဘယ်လောက်ကောင်းလိုက်သလဲနော်။ အဓိပါယ်လေးကိုသေသေချာချာလေး နားလည်သွားရင် ကဗျာလေး ဘယ်လောက်ကောင်းလဲ သိသွားမှာပါ။ ကျွန်တော်လဲ ဘယ်လောက်ဝေးဝေး နီးနီးလေး ဖြစ်ချင်တာကြောင့် ကဗျာလေး အတိုင်းနေလိုက်မယ်နော်။

Wednesday, April 11, 2007

ညဘက် ရေချိုးတာကို ရှောင်ကြနော်

ပူအိုက်တဲ့ဒီနှစ်နွေရာသီ အကြောင်းလေးကို ကျွန်တော် ပြောပြချင်လို့ ပြီးတော့ ရေချိုးမှားရင်လဲ လေဖျန်းတက် တယ် ဆိုတာလေးကို ပြောပြချင်လို့ပါ။ လေဖျန်းတယ်ဆိုတာက လူကြီး လူငယ်ဆိုပြီး ရွေးမနေဘူးဗျာ။ ဟိုတလောကပေါ့ ကျွန်တော် သူငယ်ချင်းရဲ့ ကောင်းမလေးပေါ့ ညဘက်ကြီး ရေချိုးပြီး ပါးတချမ်း နဲနဲလေး စောင်းသွားတယ်ဗျာ။ ကံကောင်းလို့ပေါ့ဗျာ။ အဲဒါရေချိုးမှား လို့ဖြစ်တာပါ။ ကျွန်တော် သူငယ်ချင်း မိတ်ဆွေတွေ အားလုံးကို ပူအိုက်တဲ့ နွေရာသီ ဖြစ်နေသော်လဲ တက်နိုင်ရင် ညဘက် ရေချိုးတာကို တက်နိုင် သလောက် ရှောင်ကြပေါ့ သူငယ်ချင်းတို့ရယ်။ မတက်နိုင်လို့ရေချိုးမယ်ဆိုရင်လဲ ရေချိုးပြိး နွေးနွေးထွေးထွေး နေလိုက် ပေါ့နော်။ ပြောပြချင်လွန်းလို့ ဒီစာလေးတက်ရေး ဖြစ်တာပါ။ ဆရာစားတာ မဟုတ်ပါ မေတ္တာထားတာ ပါဗျာ။

Monday, April 9, 2007

WEB အကြောင်း ဟောပြောခဲ့တဲ့ပွဲ

March 31 ရက်နေ့က Myanmar Info Tech မှာ မနက် 9:00 ကနေ ညနေ 5:30 အထိ လုပ်ခဲ့တဲ့ Myanmar Internet Seminar မှာ WEB နှင့် အင်တာနက် အနာဂါတ် ခရီး web 2.0 ခေါင်းစဉ်ဖြင့် ကျွန်တော် ဟောပြောခဲ့ပါတယ်။ Seminar လာတဲ့သူတွေကို Web အသုံးဝင်ပုံ သေချာ ရှင်းလင်းပြောပြနိုင်တဲ့ အတွက် ရယ် လူတွေအများကြီးလာတာတွေ့လို့ ရယ် အရမ်းပျော်မိပါတယ်။ အသေးစိပ်ကို http://www.myanmartraining.com/mt/activities.htm မှာတင်ထားပါတယ်။

Saturday, April 7, 2007

သင်္ကြန်လဲရောက်တော့မယ်နော်

သင်္ကြန်ဆိုရင်တော့ CWS Group ကတော့ Sai Sai မဏ္ဍပ်မှာ ရှိမယ်ထင်တာပဲ ရှိဖို့များပါတယ်။ ဟီးဟီး မနှစ်တုံး ကတော့ ပြည်လမ်းမပေါ်က Sai Sai မဏ္ဍပ်မှာ မှာ ကဲခဲ့ပါတယ်။ အမုန်းတောမဟုတ်ပါဘူး ဘာဖြစ်လိုလဲ လိုကတော့ မမေးရဘူးနော်။ ဒီနစ်တော့ပျော်စရာလေးတွေ ဖြစ်လာပါစေလို့ ဆုတောင်းနေပါတယ်။ ဖြစ်လာမယ် လို့လဲ မျှော်လင့်နေရတာပဲ။ ဘာတွေဖြစ်လာဦးမလဲ မသိဘူးနော် ...သိချင်လိုက်တာနော် ...

Tuesday, April 3, 2007

လာဖတ်ကြပါဥိးနော် ...

ကျွန်တော် ဒီနေ့ မြန်မာလိုရေးဖို့လုပ်နေပါ။ ခုရသွားပါပြီ ..ကျွန်တော် Blogs ကိုလဲ လာဖတ်ကြပါဥိးနော် ...