Friday, December 28, 2007

♦ အကုသိုလ်ပွားလိုက် ရတယ်

မနေ့က Mict မှာ Melody World လုပ်တယ်ကြာလို့ ကျွန်တော်သွားကြည့်ဖြစ်သေးပါတယ်. အစီအစဉ်က ကောင်းသလားမမေးနဲ့ တော် တော်လေးကို စိတ်ပျက်သွားတယ်။ Mict က ပရိသတ်ကို မရိုမသေ မလေးမစားလာလုပ်နေသလိုဘဲ သီချင်း 1 ပုဒ်ကို 3 ခါလောက်ပြန်ဆို နေတယ် မသိလို့မေးကြည့်လိုက်တော့ VCD ပြန်ထုတ်ဖို့တဲ့ ကြားကြားဖူးပေါင် သူများတွေလဲ VCD ရိုက်ပြီးပြန်ထုတ်နေကြတာပါပဲ ဒီလိုမျိုး တော့ မဖြစ်သင့်ဘူးလို့ ထင်တာပဲလေ။ ခဏလေးသွားကြည့်မိပါတယ် အကုသိုလ်ပွားပြီး ပြန်လာရတယ်။ ကျွန်တော်လို ပွားများတဲ့သူတွေ ဘယ်လောက်များရှိမလဲနော် ဟူးမကောင်းလိုက်တာနော် ဒါတောင် ထိုင်ပြီးတမုန်းကြည့်နေတဲ့သူတွေရှိသေး ဟူး တော်ပါပြီ ဒီလောက်ပဲ ပြောပါတော့မယ် နောက်မို့ဆို ငရဲတော်တော်များသွားလိမ့်မယ်။

Tuesday, December 4, 2007

♦ About Money

ကျွန်တော် Online ပေါ်ကနေ စာလေးတစ်ပုဒ်ဖတ်မိတယ်။ အဲဒီစာလေးက ငွေအကြောင်းကိုရေးထားတယ် တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းတယ်ဗျာ။ ဒီနေရာမှာ ငွေကို "သူ" ဆိုတဲ့နာမ်စားနဲ့ သုံးထားပါတယ်။

သူက အိမ်ကိုဝယ်နိုင်ပါတယ် ဒါပေမယ့် နေအိမ်တော့ မရဘူး။ သူက အိပ်ယာကိုဝယ်နိုင်ပါတယ် ဒါပေမယ့် အိပ်ပျော်ခြင်းတော့ မရဘူး။
သူက နာရီကိုဝယ်နိုင်ပါတယ် ဒါပေမယ့် အချိန်တော့ မဟုတ်ဘူး။
သူက စာအုပ်ကိုဝယ်နိုင်ပါတယ် ဒါပေမယ့် အသိပညာကိုတော့ မရနိုင်။
သူက ဆေးဝါးများကိုဝယ်နိုင်ပါတယ် ဒါပေမယ့် ကျန်းမာရေကိုတော့ မ၀ယ်နိုင်။
သူက သွေးများကိုဝယ်နိုင်ပါတယ် ဒါပေမယ့် ဘ၀ကိုတော့ မ၀ယ်နိုင်ချေ။
ဒီလောက်ဆိုရင် သင်မြင်နိုင်ပါပြီ ငွေက အရာအားလုံးကို မဖန်တီးနိုင်ပါ ပြီးတော့ တခါတရံ နာကြင်မူတွေ ခံစားမူတွေကိုလည်း ဖြစ်နိုင်ပါ တယ်။ သင်က ကျွန်တော် သူငယ်ချင်းဖြစ်လို့ ဒီအကြောင်းအားလုံးကိုပြောပြတာပါ။ ကျွန်တော်က သင့်ရဲ့ နာကြင်မူတွေ ခံစားမူတွေကို အဝေးသို့ သယ်ဆောင်ပေးချင်နေတာပါ။ ဒါကြောင့် သင့်ရဲ့ငွေတွေအားလုံးကို ကျွန်တော်ဆီကို ပို့ပေးလိုက်ပါ။ ကျွန်တော်က သင့်အတွက် ခံစားပေးလိုက်ပါမယ်။ "Cash Only PLEASE!". ဟီးဟီး စိတ်ဝင်စားလား စိတ်ဝင်စားရင် ဆက်သွယ်နော်။

Friday, November 30, 2007

♦ Relax အတွက်စဉ်းစားကြရအောင်

ကျွန်တော်တို့တစ်တွေ မကြာမှီရောက်တော့မယ် December ဆိုရင် Relax အတွက် အပန်းဖြေခရီးတွေထွက်ကြတယ်။ သင်တို့ရော ခရီးထွက်ဖို့အတွက် စဉ်စားပြီးကြပြီလား။ တစ်နှစ်ပါတ်လုံး အလုပ်တွေလုပ် စာတွေဖတ်နေရနဲ့ တော်တော်လေး ညည်းငွေစရာကောင်းနေ ပြီနော်။ တစ်နှစ်မှာ တစ်ခါလောက်တော့ ခရီးလေးဘာလေထွက်သင့်တယ်လို့ ကျွန်တော်တော့ထင်ပါတယ်။ ကျွန်တော် မြန်မာ လူငယ်တွေ အများဆုံးသွားကြတဲ့ နေရာလေးတစ်ခုရှိတယ်လေ။ အဲဒါ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်လေးပေါ့။ ကျွန်တော်တောင် ကျိုက်ထီး ရိုးဘုရားကို မရောက်ဖြစ်တာ ၃, ၄ နှစ် လောက်တော့ရှိမယ်ထင်တယ်။ ဒီနှစ်တော့ရောက်ဖြစ်မယ်ထင်တာပါ။ သွားဖြစ်တယ်ဆိုရင် ကျွန်တော် Blogs မိတ်ဆွေတွေကို ကျွန်တော်ခရီးစဉ်အကြောင်းလေးကို ပြောပြဖြစ်ဦးမှာပါ။

Monday, October 22, 2007

♦ လာဘ်ကြီးတစ်ပါး အကြောင်း

ကျမ်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ပါတယ်။ ကျမ်းမာရေးကို လူငယ်တော်တော်များများက ပေါ့ပေါ့ဆဆပဲ နေတက်ကြပါတယ် အဲဒီ ထဲမှာ ကျွန်တော်အပါအ၀င်ပေါ့။ အခုတလော နေထိုင်မကောင်းခဏခဏဖြစ်နေတော့ သတိထားမိလာတယ်။ မြန်မာလူကြီးတွေပြောနေ ကြစကား တစ်ခုလဲရှိသေးတယ် မွေးနေ့နီးရင်လဲ ကျန်းမာရေး သတိထားတဲ့ အဲဒါကြောင့်လားလဲမသိပါဘူး အခုတစ်လောတော့ ကျန်းမား ရေး နည်းနည်းချူချာနေတယ်။ ဟိုတစ်လောက ချွတ်ထိုးတာ ၂ ရက် ၃ ရက်လောက်ကြာတယ် အတော်ခံရခက်လိုက်တာဗျာပြီးတော့ နှား ဆက်စီးရော။ အခုတော့ လေအောင့်နေပြန်ရော ဟူး မလွယ်ပါလာနော် အဲဒီလိုတွေဖြစ်တော့မှပဲ ကျန်းမာနေတဲ့ အချိန်က အရမ်းတန်ဖိုး ရှိမှန်းသိတော့တယ်။ ကျွန်တော်က အလုပ်လုပ်နေတဲ့အချိန်တွေဆို အစားအသောက်မေ့ပဲ အဲဒါတော်တော် မကောင်းတဲ့အကျင့်ပါ ကျွန် တော်မေမေက အမြဲလိုလိုသတိပေးပြင်မဲ့ သတိကမေ့မေ့သွားတယ် အခုတစ်လောမှာတော့ တော်တော်လေးကိုခံစားနေရတယ်။ ကျမ်းမာ ခြင်းသည် လာဘ်ကြီးတစ်ပါးဆိုတဲ့ ဒီအကြောင်းအရာလေးကို ဘာလို့ရေးရလဲဆိုရင် မိတ်ဆွေတွေမေ့နေမှာဆိုလို အတိပေးချင်တဲ့ သဘော ပါ။ ကျန်းမာမှသာ အရာအားလုံးကို လုပ်လို့ရာမှာ ပြီးတော့ အောင်မြင်ဖို့ ဖန်တီးလို့ရာမှာ လောကမှာအရေးကြီးဆုံးတစ်ခုထဲမှာပါဝင်တဲ့ စိတ်ချမ်းသာမူကိုလဲ ရနိုင်မှာပါ။ ဒါကြောင့် ကျွန်တော်တို့ လောကမှာ အောင်မြင်ဖို့ စိတ်ချမ်းသာမူတွေရနိုင်ဖို့ အတွက် ကျန်းမာဖို့က လိုကို လိုအပ်နေပါတယ်။ ကျွန်တော် မိတ်ဆွေတွေကိုလဲ ကျန်းမာစေဖို့ကျန်းမာရေးကို ဂရုစိုက်ဖို့မမေ့ကြရန် စေနာတာမေတ္တာနဲ့ သတိပေးလိုက်ပ ရစေ။ လူသားအားလုံး ကျန်းမာ ပျော်ရွှင်တဲ့ ဘ၀ကိုရကြပါစေ။

Thursday, September 13, 2007

♦ ဝေဖန်ပေးလိုက်ဦးနော် :)

ကျွန်တော်တို့ CWS Computer Team လျှောက်လည်တုန်းရိုက်ထားတဲ့ Photo လေးတွေကိုပြချင်လို့ Blogs ပေါ်ကိုတင်လိုက်တာပါ CWS Member လေးတွေက ချော မချောဝေဖန်ပေးလိုက်ကြဦးနော် ကျွန်တော် မပြောတော့ဘူးနော် ကျွန်တော် မိတ်ဆွေတွေကပဲ ပြောလိုက် ကြတော့နော်။

Wednesday, September 12, 2007

♦ အလျှူရေစက် လက်နဲ့မကွာ

ဝါတွင်း ၃ လ ပါတ်လုံးကို ကမ္ဘာဗုဒ္ဓသာသနာပြု ချမ်းမြေ့ဆရာတော်ကြီးကျောင်းကနေ ဆရာတော်များက ဆွမ်းခံထွက်ပါတယ် အဲဒီလို ဆွမ်းတန်းကြွရင် ကျွန်တော်ရဲ့ဖေဖေက အမြဲလိုက်ဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော်ကတော့ မလိုက်ဖြစ်ပါ ကျန်ခဲ့တဲ့ ၁ လ လောက်ကစပြီး ကျွန်တော်လည်းလိုက်ချင်လာတယ် ကုသိုလ်လိုချင်လာတယ် အဲဒါနဲ့ ကျွန်တော်လည်းလိုက်ဖြစ်လာတယ်။ ပထမစလိုက်လိုက်ချင်းကတော့ တော်တော်လေးကို ပင်ပန်းလိုက်တာပေါဗျာ ဘာဖြစ်လို့လဲဆိုတော့ ၂ နာရီလောက် လမ်းလျှောက်လိုက်ရတော့ နည်းနည်းအီသွားတယ် အကျင့်မရသေးလို့ပေါ့။ ချစ်စရာကောင်းတဲ့ မြန်မာလူမျိုးရဲ့စိတ်ကောင်းစေသနာလေး အကြောင်းကို ပြောပြချင်လို့ပါ။ လူတန်းစား ပေါင်းစုံကနေ ကိုယ်တက်နိုင်တဲ့ ဒါနလေးနဲ့လျှုနေကြတာကိုတွေ့တော့ မုဒိတာလေးပွားမိတယ် ကိုယ်ရဲ့ စိတ်ကလေးကပါအေးချမ်းနေတာ ပေါ့ဗျာ အဲဒါ မြန်မာလူမျိုးရဲ့ချစ်စရာ ဓလေ့လေးပေါ့။ အခုအချိန်မှာပါ လူတိုင်းအဆင်ပြေနေကြရင် ကျွန်တော်ပြောတာထက်ပိုပြီး မုဒိတာ ပွားနိုင်ကျတာပေါ့။ ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါတယ် အလျှူရေစက် လက်နဲ့မကွာ လျှုနိုင်တန်းနိုင်ကျပါပြီး လိုအင်ဆန္ဒများ အမြန်ဆုံးပြည့်သကြပါစေလို့ ။

Monday, September 10, 2007

♦ ပြန်မိတ်ဆက်ပါရစေ

ကျွန်တော် Blogs နဲ့ အဆက်အသွယ်ပျက်နေတာလည်း တော်တော်လေးကိုကြာသွားပါတယ် ကျွန်တော် အခုတလောကို Blogs ရေးဖို့ အချိန်ကိုမရလို့ Blogs ပေါ်မလာဖြစ်တာပါ ပြီးတော့ အားတဲ့အချိန်လေးတွေဆိုရင် Blogs ရေးမယ်ဆိုပြီး Internet ပေါ်ချိတ်လိုက်တော့ လည်း Internet ကမကောင်း ဟူး … အဲဒါနဲ့ပဲ အချိန်တော်တော်လေး Blogs နဲ့ ကင်းကွာခဲ့တာပါ။ အဲဒါနဲ့ပဲ ကျွန်တော် Blogs လေးနဲ့ ပြန် မိတ်ဆက်မလို့ ပြန်ရောက်လာတာပါ။ ကျွန်တော် မိတ်ဆွေတွေကိုလည်း ကျွန်တော် Blogs ကိုအားပေးဖို့ ပြန်ဖိတ်ခေါ်လိုက်ပါစေ။

Saturday, July 21, 2007

♦ မျှော်လင့်ချင်နေတယ်


ကျွန်တော် ဒီနေ့ စိတ်တွေလဲအရမ်းမွန်းပြီး အရမ်းကြပ်နေပါတယ်။ ကျွန်တော်သူငယ်ချင်းကိုလည်း စိတ်ရူပ်စရာတွေပေးမိတယ် အဲဒါနဲ့ပဲ ကျွန်တော် Blog ပေါ်မှာတတ်ရေးဖို့ စိတ်ကူးရလာ ပြန်ပါတယ်။ ကျွန်တော် စိတ်ထွက်ပေါက်လေးက ကျွန်တော်ရဲ့ Blog လေးများဖြစ်နေ မလားဘဲ။ ဘယ်သူမှကျွန်တော် ခံစားချက်ကိုမသိနိုင်သလို သူလည်းမသိနိုင်ဘူးလေ။ ဘယ်သူမှ မမြင်နိုင်အောင်သိမ်းထားခဲ့လို့ စိတ်ထဲမှာ လည်းတော်တော် နာကြင်နေပါပြီ။ လောကကြီးက မတရားဘူးဗျာလို့ ပြောချင်ပေမယ့် အမြဲမျက်နှာသာမပေးတဲ့ လောကကြီးကိုလည်း အပြစ်မတင်တော့ပါဘူးကွာ။ အဲဒီ မွန်းကြပ်မူတွေကို ဆုတောင်းလေးတစ်ခုနဲပဲ သက်သာသွားမယ်လို့ ထင်ပါတယ်။ ဆုတောင်းလေး တစ်ခုက သူ အမြဲပျော်ရွှင်နိုင်ပါစေ။ ဘာလို့လဲဆိုတော့ သူပျော်ရွှင်ရင် ကျွန်တော်ကြေနပ်နေမိတယ်လေ။ နောက်တစ်ခုက မျှော်လင့်ချက် လေးတွေနဲ့ မွန်းကြပ်နေတာတွေကို ဖြေဖျောက်နေမိတယ်။ နားထောင်ပေးခဲ့တယ် ကျွန်တော် သူငယ်ချင်းလေးကို အရမ်းကျေးဇူးတင်မိပါ တယ် စိတ်ထွက်ပေါက်လေးရခဲ့လိုပေါ့။ မဖြစ်နိုင်တာကို မျှော်လင့်နေရင် စိတ်ဆင်းရဲနေတာကလွဲ၍ ဘာမှဖြစ်မလားနိုင်ဘူးတဲ့ ဒါပေမယ့် လူသားဆိုတာ မျှော်လင့်ချက်နဲ့ သက်ရှင်တာမို့ မျှော်လင့်နေမိတာ ကျွန်တော်မမှားဘူးလို့ထင်နေတုန်းပါဘဲ

Tuesday, June 12, 2007

♦ ယနေ့ခေတ် သင်တန်းများ

ခုခေတ်မှာ သင်တန်းတွေများလာကြောင်းကို ကိုအော်ပီကျယ်က ဘေးကပုံလေးနဲ့ပြထားတာကိုတွေ့တော့ Blogs ပေါ်မှာရေးချင်လာပြန်ရော။ ဟုတ်လဲဟုတ်တာပဲဗျာ ခုခေတ်မှာ သင်တန်းတွေများချက်ကတော့ လန်ထွက် နေတာပဲ သင်တန်းတွေများတာတော့ဟုတ်ပြီး သင်တန်းနဲ့ပတ်သတ်ပြီးရွေးချင်တယ် ဆိုရင်ရော့ ဒါမှမဟုတ် ဘယ်သင်တန်းကောင်းလဲ အဲဒီသင်တန်းကို တက်လိုက်ရင်ရော ဘာတွေရလာမှာလဲ ကိုယ်တက်ရမယ့် သင်တန်းကောင်းမကောင်း ဆိုတဲ့အချက်တွေကို ကိုယ်ကိုမေးရမလား စုံစမ်းရမလားဆိုပြီး မေးစရာရလာပါတယ်။ သင်တန်းတက်လိုက်ရင် ပေးလိုက်ရမယ့် အချိန်က ပြန်ဝယ်လို့မရပါဘူးဆိုတာကို ကျွန်တော်အပါအ၀င် လူငယ် တော်တော်များများ မေ့နေပါတယ်။ သင်တန်းတစ်ခုကို တက်မယ်ဆိုရင် ကျွန်တော်အပေါ်က ပြောတဲ့အချက်တွေကို စဉ်းစားသင့်ပါတယ်။ ဒီခေတ်မှာကလဲ သင်တန်းတွေကများလွန်းလို့ ဘယ်မှာတတ်ရမလဲ ဆိုတာ သင်တန်းတတ်ခါနီးတိုင်း ကြုံတွေ့နေကြပါ။ ကိုအော်ပီကျယ်ရဲ့ ကာတွန်းလေး ကိုကြည့်ကြည့် လိုက်ကြပါဦး။ ကျွန်တော်ကြည့်ဖူးတဲ သင်တန်းနဲ့ ပတ်သတ်သော့ Website လေးကို လမ်းညွှန်လိုက်ပါရစေ http://www.myanmartraining.com/ ပါ။ အချိန်ရရင်တော့ ၀င်ကြည့်ပြီတော့လည်းလေ့လာကြည့်ကြဦးပေါ့ မိတ်ဆွေတို့ ရေ။

Friday, June 1, 2007

♦ တောင်ပေါ်မြေက ဆိုင်းပုဒ်လေး

ကျွန်တော်တို့ ယကန်းစင်တောင် ဆရာတော်ကြီးတည်ထားခဲ့သော ရွှေဘုန်းပွင့်ဘုရား ဖူးရင်း တောင်ကြီးမြို့ကို ရွှေဘုန်းပွင့်ဘုရားပေါ်ကနေ ကြည့်ခဲ့ပါသေးတယ်။ ဘုရား ပေါ်မှာ ကျွန်တော်ဆိုင်းပုဒ် လေး ၁ ခုကိုတွေ့လိုက်ရတော့ ဖတ်ပြီးကောင်းလိုက်တာလို့ တွေ့မိလိုက်တယ် ဒါပေမယ့် ကျွန်တော် သေသေချာချာ မတွေးမိလိုက်ပါဘူး။ ဒါနဲ့ပဲ ခဏနေတော့ (မရိုသေ စကား) အိမ်သာတတ်ချင် လာပါတယ် အဲဒီတော့ အိမ်သာ ရှာရပြီပေါ့ အိမ်သာလမ်းသွားရမယ့် လမ်းထိပ်မှာပဲ ခုနက ဆိုင်းပုဒ် လေးကို ထပ်တွေ့ တော့ နောက်တစ်ကြိမ်ထပ်ဖတ်မိတာပေါ့ ဆိုင်းပုဒ်ထည်က စာသားက "သူယုတ် မာသည် သူတော်ကောင်းကိုနိုင်၏ အကုသိုလ်ကိုမနိုင်ချေ" စာသားလေးကတော့ ဒါ လေးပါပဲ သေသေချာချာလေး စဉ်စားကြည့်ကြနော် စာသားလေးက ကောင်းတော့ ကျွန်တော် မှတ်ညဏ်ထဲမှာတော့ အလွယ်တကူနဲ့ပဲ မှတ်မိသွားတယ်။

Wednesday, May 30, 2007

♦ သာယာလှပသော ရှမ်းပြည်

ကျွန်တော် အပန်းဖြေခရီးမသွားတာ 2 နှစ်ကျော်သွားပြီးဆိုတော့ အခုခရီးသွားရတာ ပျော်ပါတယ်။ ကျွန်တော် တို့ကို အကူအညီပေးသော ကိုအောင်ဖြိုးရဲ့ ယောက္ခမ၊ ထီး ကိုလည်း ဒီပေါ်ကနေဆက်ပြီး ကျေးဇူးတင်ပါလို့ ထပ်ပြောချင်ပါတယ်။ ဘာလိုလိုနဲ့ ခရီး က 5 ရက်ကျော် 6 ရက်လောက်ဖြစ်သွားတယ် ခရီးက တိုတိုလေး ဖြစ်ပေမယ် (တောင် ကြီး၊ ကလော၊ အင်းလေး၊ ပင်းတယ) နေရာတော်တော်များများယောက်လို့ ကျေနပ်မိ ပါတယ်။ ရောက်တဲ့နေရာ တော်တော်များများက သဘာဝအလှတွေနဲ့ ပြည့်နေတာကို တွေတော့ ကျွန်တော် မိတ်ဆွေတွေကို အားလပ်ချိန်လေးရောက်ရင် ရှမ်းပြည်ကို အလယ်တစ်ခေါက်တော့ သွားလိုက်ကြဦးနော် သဘာဝ အလှတွေကို ခံစားစေချင်လို့ပါ။ ဘေးက Photo လေးမှာ Photo လေးတွေကို ကြည့်ရင်းနဲ့လည်း တွေ့နိုင်ပါတယ်။ ရန်ကုန် ကလာတဲ့သူအဖို့ အကြာကြီးနေရင် ပျင်းသွားနိုင်ပေ့မယ် အပန်းဖြေခရီးအတွက်တော့ တော်တော်လေးကောင်းပါတယ်။ တောင်းကြီးနဲ့ပါတ်သတ်တဲ့ ကျွန်တော် အတွေ့အကြုံ တွေကို ထပ်ပြီးရေပါဦးမယ်။

Wednesday, May 23, 2007

♦ တောင်ပေါ်မြေသို့ ခဏ

ကျွန်တော် တောင်ကြီးမြို့ကို လာမယ် သောကြာနေ့မှာ အလယ်အပတ် 3 or 4 ရက်လောက် ကျွန်တော် အစ်ကို၊ အစ်ကို မိန်းမ၊ ကျွန်တော် သူငယ်ချင်း Mg K Phyo လေးတို့နဲ့ အတူသွားဖို့ရှိတယ်။ မှာစရာရှိရင် မှာလိုက်ကြနော် အားမနာကြပါနဲ့ မိတ်ဆွေတို့ရေ ဒါပေမယ့် တစ်ခု တော့ရှိတယ် ငွေတော့ အရင်လာပေးထားကြနော် ငွေမရှိရင် ကျွန်တော်လဲ ဘယ်ဝယ်လို့ရမလဲ ဟီးဟီး။ တောင်ကြီးကပြန်လာရင်တော့ Blog မှာ ဖြစ်ခဲ့သမျှ တွေ့ခဲ့သမျှလေးတွေကို ဓာတ်ပုံလေးတွေနဲ့ ကျွန်တော် မိတ်ဆွေတွေကို ပြန်ပြောပြမယ်နော်။

Thursday, May 17, 2007

♦ Venice မြို့သို့ အလယ်၁ခေါက်

ဒီမနက် ကျွန်တော် email စစ်လိုက်တော့ ကျွန်တော် သူငယ်ချင်း တစ်ယောက်ရဲ့ Forward လုပ်ထားတဲ့ email 1 စောင်ရပါတယ်။ email လေးကိုကြည့်ပြီး ကျွန်တော် မိတ်ဆွေတွေကို ပြောပြချင်တာနဲ့ blogs တတ်ရေးဦးမယ်ဆိုပြီး ရောက်လာပြန်ပြီနော်။ ဘေးက ကားလေးရေနှစ်နေ သလိုပဲနော် ဒုက္ခများလိုက်တာနော်။ ဒီနှစ်တော့ မုန်တိုင်း တွေ အဆက်မပျက်ဝင်ပြီး မိုးတွင်ဆက် ရောက်သွားရင်တော့ ရန်ကုန်မြို့ကို နံမည် ပြောင်းရပါတော့မယ် နံမည်ကတော့ Venice Italy ရဲ့ မြို့တစ်မြို့ပေါ့ သိကြတယ် ဟုတ် ။ ဘေးက ပုံလေးကို ကြည့်ရင် ရန်ကုန်မြို့ နံမည်လေးက မှန်တယ်ဆိုတာကို တွေရ ပါလိမ့်မယ်။ ဒီနှစ် မိုးတွင်း ရန်ကုန်သူ ရန်ကုန်သားတွေ ရန်ကုန် Venice မြို့လေးမှာ Boat တွေရှာထားဖို့ လိုမယ်နော်။ နောက်မို့ဆို မလွယ်ရေချမလွယ်။ ဒီနှစ်တော့ ကျွန် တော်တို့ Italy ကို ငွေမကုန်ပဲ ရောက်တော့မယ်လို့ အဆိုးထဲက အကောင်းလို့ပဲ တွေလိုက်ပေါ့ဗျာ။

Monday, May 14, 2007

♦ ဥစ္စာမှန်ရင် ပြန်ရတယ်တဲ့

ဟိုတစ်နေ့ 13/05/2007 (Sunday) ကပေါ့ မနက်စောစော ကျွန်တော် ဘုရားတတ်ပြီးတော့ ဆုတွေတောင်းပေးပြီး အိမ်ပြန်တော့ ဖေဖေ ရဲ့မိတ်ဆွေတွေနဲ့ မနက်စာသွားစားမယ်ဆိုပြီး အလုံးက Lucky 7 မှာ သွားစားဖြစ်တယ်။ လူကြီးတွေရဲ့ စကားဝိုင်း ဆိုတော့ ကျွန်တော်က နားထောင်သူပရိသတ်ပေါ့။ အဲဒီ စကားဝိုင်းထဲက Topic လေး ၁ ခုကို စိတ်ဝင်စားမိတယ်။ ဘာလဲဆိုတော့ အလိမ်ခံပြီးမှ အလိမ်ခံရတဲ့ ငွေတွေ ပြန်ရတဲ့ အကြောင်းလေးပေါ့။ အရွယ်အားဖြင့်တော့ အသက်နည်းနည်းကြီးပြီ သူကအရည်အချင်းရှိတဲ့ ကျောင်းဆရာ ၁ ယောက် ပါ။ သူနဲ့စပ်တူ အရင်းအနှီးလုပ်တဲ့သူက နိုင်ငံခြားသား ပြီတော့သူတို့ ရင်းနှီးလုပ်တဲ့ငွေက dollor 2 သန်း။ အားပါး မနည်းပါလားနော်။ သိမ့်မကြာခင်မှာပဲ နိုင်ငံခြားသားက သူကို လိမ်ပြီး ထွက်ပြေးသွားတယ်။ အဲဒီမှာ သူဒုခ စရောက်ပါလေရော အလုပ်လုပ်ထားတဲ့ငွေတွေလဲ မပေးနိုင် သူကိုလဲ တရားဆွဲကြပေါ့ သူလဲတော်တော်လေး ဒုခရောက်သွားတာပေါ့။ သူလဲ စိတ်ညစ်နေမှာပေါ့ အဲဒီအချိန်မှာ သူဆီကို email ၀င်လာတယ်။ ဘာ email လဲဆိုတော့ သူကိုလိမ်သွားတဲ့ငွေတွေပြန်ရမယ် ဆိုတဲ့စာပေါ့။ သူလဲအရမ်းပျော်သွားမှာတော အမှန်ပဲနော် အဲဒါနဲ့ သူရဲ့ အကြံပေး အတိုင်မင်ခံ ရှေနေနဲ့တိုင်ပင်ပြီး ပြန်လုပ်လိုက်တာ June / July လောက်ဆိုရင် အကုန်ပြန်ရမယ်တဲ့ ပြန်ရမယ် ငွေကလဲ dollor 1.9 သန်းလောက်တဲ့ နည်းနည်းပဲနော် ဟီးဟီး။ ခုနက email သူဆီဘယ်လို ၀င်လာလဲ ဆိုတော့ သူကိုလိမ်သွားတဲ့ နိုင်ငံခြားသားက ဟိုလိုက်လိမ် ဒီလိုက်လိမ် တော်တော်လိမ်နိုင်တဲ့ ပုဂ္ဂိုလ် သူကိုမိတော့ အင်္ဂလန်မှာမိတာ ပြီတော့ သူလိမ်ထားတဲ့ ငွေတွေကို လိမ်ခံရတဲ့သူတွေဆိကို ပြန်ပို့ပေးတယ် ဘယ်လောက်ကောင်းလိုက်တဲ့ စနစ်လဲနော် သေသေချာချာ စဉ်းစာကြည့်ကြနော်။ အဲဒီ စနစ်လေးကြောင့် ကျောင်းဆရာ ပုဂ္ဂိုလ်ကြီးလဲ ပျော်ရတယ်နော် အဲဒါကြောင့် ကျွန်တော်က ဥစ္စာမှန်ရင် ပြန်ရတယ်တဲ့ လို့ ခေါင်းစဉ်တတ် ထားလိုက်တာပါ။ တကယ်တော့ ကျောင်းဆရာတဲ့ ဥစ္စာမှန်တော့လဲ သူပြန်ရတာပေါ့လေ။ ကျွန်တော်တို့ စဉ်းစားဆရာလေးရသွားပြီ ပေါနော် ဥစ္စာမှန်တော့ ပြန်ရတာကို အပေါ်က အကြောင်းလေးက သက်သေပြနေပြီ ဒါဆိုရင် ကိုယ့်စေတနာမှန်ရင် ကိုယ့်မေတ္တာမှန်ရင် ရော ပြန်ရမှာပေါ့နော် ကျွန်တော်လဲ စေတနာအမှန် မေတ္တာအမှန် ဆိုတော့ ပြန်ရမှာပေါနော် ခုထိတော့မရသေးပါဘူး မျှော်လင့်လိုက်ဦး မယ်နော်။ ဘာလဲလို့ မမေးရဘူးနော် မေမေကပြောတယ် ငရဲကြီးလိမ့်မယ်တဲ့။ :)

Friday, April 27, 2007

လင်ကွန်းများ ဖြစ်နေပြီးလား

ကျွန်တော်တို့ ရန်ကုန်မြို့မှာ ညဘက်ဆိုရင် မီးတွေထိန်ထိန်ညီးနေတာပါပဲ။ မီးတွေထိန်ထိန်ညီးနေတယ်ဆိုလို လျှက်စစ်မီးလို့တော့ မထင်ပါနဲနော် ဖယောင်တိုင် မီးတွေပါ။ ကျွန်တော်တို့ကနေ့တိုင်းလိုလို Thomas Edison ကိုပါဂုဏ်ပြုသေးတယ်လေ။ ကျေးဇူးလေး တွေကိုမေ့မနေအောင်လုပ်ပေးနေတာပါ။ ဟီးဟီး J ညကအိမ်နားက လမ်းဘေးဆိုင်လေး ၁ ဆိုင်မှာမုန့်စားမယ်ဆိုပြီးထွက်လာကြတယ်။ ဆိုင်ရောက်တော့ ဓါတ်တိုင်ဘေးမှာနေရာလွတ်ရှိတာနဲ ထိုင်မယ်လုပ်တော့ သတိလေးဝင်လာပြီး ဓါတ်တိုင်နားဆိုတော့ အန္တာရယ်ရှိနိုင် တယ်ဆိုပြီး ဘေးဝိုင်းမှာထ ထိုင်လိုက်ကြပါတယ်။ အဲဒီတော့ ဘေးက ၁ယောက်က ပြောပါလေရော ဓါတ်ကြိုးကိုကိုင်ပြီးအိပ်တာတောင် ရန်ကုန်မှာ အန္တာရယ်ကင်းတယ် ဆိုပဲ။ ဟီးဟီး ဟုတ်များနေမလား မသိဘူးနော်။ ကျွန်တော် ညဘက်အိမ်ပြန်ရောက်ရင် လျှက်စစ်မီး မတွေ့ရတာတော်တော်လေးကို ကြာပါပြီး အလုပ်ကပြန်လာချိန် အိမ်ပြန်ချိန်က နောက်ကျနေကျပါ။ နားချိန်လေးရောက် ပြီဆိုတော့ စာလေးဘာလေးဖတ်ချင်တာပေါ့နော် ဒါပေမယ့် မီးမရှိတော့ လမ်းမီးကိုပဲ အားကိုရတော့တာပေါ့နော်။ ကျွန်တော်တို့လမ်းက လမ်းမီးအ၀ါကြီးတွေရှိတော့ စာတော့ ကောင်းကောင်းဖတ်လို့ရတာပေါ့နော် ဒါလေးကိုလဲ ကျေးဇူးတင်မိပါတယ်။ ဘာလို့လဲ လမ်းမီးရောင် လေးကြောင့် စာဖတ်လို့ရလို့ပေါ့ဗျာ။ အဲဒါနဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြိးလင်ကွန်းက လမ်းမီးနဲ့စာဖတ်တာလေးတူနေလို့ လင်ကွန်း များဖြစ်နေပြီးလားလို့ ခေါင်းစီးတက်ဖြစ်သွားတာပါ။ ခေါင်းစဉ်လေးကို အပြစ်မယူကြပါနဲနော်။ ရန်ကုန်မှာကျွန်တော်လို့ လင်ကွန်း များဖြစ်နေပြီးလားလို့ တွေမိသူတွေ စမိသူတွေ ရှိမယ်လို့လဲထင်မိပါတယ်။ ဘာလိုလဲဆိုတော့ ဟီးဟီး မပြောတော့ဘူးနော် J သင်ရော လင်ကွန်း ဖြစ်ပြီးပြီလား။ ဒီအကြောင်းအရာလေးက ပျော်စရာလေးအနေနဲရေးထားတာပါ။

Thursday, April 26, 2007

Global Warming နဲ့ ဘောင်းဘီတို

ရာသီဥတု ပူအိုက်တဲ့ အချိန်မှာ ဒီအပေါ်ကပုံလေးကိုတွေတော့ Global warming နဲ့ မြန်မာ အမျိုးသမီးလေး အကြောင်းရေးချင်လာတာနဲ့ Blog ပေါ်ရောက်လာတာပါ။ ရာသီဥတု ပူအိုက်လိုလားတော့မသိ အခုတလောကောင်မလေးတွေကိုတွေလိုက်ရင် ၁ထွာကျော်ကျော်လောက်ပဲရှိတဲ့ ဘောင်းဘီလေးတွေနဲ့ တွေနေရပါတယ်။ ဆောင်းတွင်းမှာလဲ ဒီအတိုင်းပဲ။ သင်္ကြန်မှာလဲ ဒီအတိုင်းပဲ။ သင်္ကြန်တုန်းက အချို့မင်းသမီး (Model) တွေဆိုရင် ၀တ်ထားပုံများ တော်တော်လေးကို ဆိုးတာ သူတို့ကရှေဆောင်လမ်းပြမှတော့ နောက်က ကလေးတွေဝတ်တာ ဆန်းတော့ မဆန်းပါဘူး။ ဒါဆိုရင်တော့ Global Warning ကြောင့်လို့တော့ပြောလို့ မရတော့ဘူးပေါ့နော်။ အပေါ်က Global Warming ပုံအတိုင်းဆို မြန်မာတွေ တော်တော် ခေတ်ဆန်းလာပြိးလို့ ပြောလို့ရတယ်နော်။ ခေတ်ဆန်လာတာကတော့ မပြောနဲ့ ဘုန်းကြီးကျောင်းတွေ သွားရင်တောင် ရှေ့ခွဲ နောက်ခွဲ၊ စကက်၊ ဘောင်ဘီတွေနဲ့ ဆရာတော်တွေကတောင် တရားဟောတဲ့အချိန်မှာ ထဲ့ဟောနေရတာတော့ မကောင်းဘူးထင်တယ်နော်။ ဆရာတော်တွေကတောင် ပြောနေရတယ် ဆိုတော့ မြန်မာအမျိုးသမီးတွေ တော်တော်ပဲ ခေတ်ဆန်လာကြတာလား။ ကျွန်တော်ကြားဖူးတာကတော့ ခေတ်မှီတာကကောင်းပြီး ခေတ်ဆန်တာ မကောင်းဖူးလို့တော့ ကြားဖူးတာပဲ။ ပုံမှာကလဲ 2006 ထိ ပဲဖေါ်ပြထားတာနော်။ နောက်ထွက် လာမယ့် ပုံတွေဆိုရင် အမလေး မတွေးဝံ့စရာကြီးပဲနော်။ ကမ္ဘာကြီး ပူနွေးနေပေမယ့် မြန်မာအမျိုးသမီးများ မြန်မာလို့ ၀တ်ဆုံလေးတွေ့နဲ့ဆိုရင် တမျိုးလေးလှနေကြပါတယ်။ ကျွန်တော် အမြင်အနေနဲ့ ပြောတာပါ. မှားတာလေးများပါရင် ခွှင့်လွတ်ပေးကြဦးနော်။

Friday, April 20, 2007

ဘယ်လောက်ဝေးဝေး နီးနီးလေး

ဘယ်လောက်ဝေးဝေး နီးနီးလေး ဆိုတဲ့ ကဗျာလေးကို အရမ်းကြိုက်လို့ ကျွန်တော်မိတ်ဆွေတွေကို ဖတ်စေချင်လွန်းလို့ Blog မှာတက်ရေး ဖြစ်သွားတာပါ ပြီးတော့ ကျွန်တော် ခံစားချက်လေးတွေနဲ တိုက်ဆိုင်သလိုပဲ။ ဒီကဗျာကို အရှင်ဆန္ဒာဓိက ရေးထားတာပါ။ ကဗျာလေးက တော

ပကတိတံတားက အရပ်ဒေသတွေကို
ဆက်သွယ်ပေးတယ်။
မေတ္တာတံတားက နှလုံးသားတွေကို
ပေါင်းကူးပေးတယ်။
မေတ္တာစိတ်ကိုယ်စီနဲ့
သတိရနေကြမယ်ဆိုရင်
တစ်ယောက်နဲ့ တစ်ယောက်
ဘယ်လောက်ဝေးဝေး နီးနီးလေးပါပဲ။။

ဘယ်လောက်ကောင်းလိုက်သလဲနော်။ အဓိပါယ်လေးကိုသေသေချာချာလေး နားလည်သွားရင် ကဗျာလေး ဘယ်လောက်ကောင်းလဲ သိသွားမှာပါ။ ကျွန်တော်လဲ ဘယ်လောက်ဝေးဝေး နီးနီးလေး ဖြစ်ချင်တာကြောင့် ကဗျာလေး အတိုင်းနေလိုက်မယ်နော်။

Wednesday, April 11, 2007

ညဘက် ရေချိုးတာကို ရှောင်ကြနော်

ပူအိုက်တဲ့ဒီနှစ်နွေရာသီ အကြောင်းလေးကို ကျွန်တော် ပြောပြချင်လို့ ပြီးတော့ ရေချိုးမှားရင်လဲ လေဖျန်းတက် တယ် ဆိုတာလေးကို ပြောပြချင်လို့ပါ။ လေဖျန်းတယ်ဆိုတာက လူကြီး လူငယ်ဆိုပြီး ရွေးမနေဘူးဗျာ။ ဟိုတလောကပေါ့ ကျွန်တော် သူငယ်ချင်းရဲ့ ကောင်းမလေးပေါ့ ညဘက်ကြီး ရေချိုးပြီး ပါးတချမ်း နဲနဲလေး စောင်းသွားတယ်ဗျာ။ ကံကောင်းလို့ပေါ့ဗျာ။ အဲဒါရေချိုးမှား လို့ဖြစ်တာပါ။ ကျွန်တော် သူငယ်ချင်း မိတ်ဆွေတွေ အားလုံးကို ပူအိုက်တဲ့ နွေရာသီ ဖြစ်နေသော်လဲ တက်နိုင်ရင် ညဘက် ရေချိုးတာကို တက်နိုင် သလောက် ရှောင်ကြပေါ့ သူငယ်ချင်းတို့ရယ်။ မတက်နိုင်လို့ရေချိုးမယ်ဆိုရင်လဲ ရေချိုးပြိး နွေးနွေးထွေးထွေး နေလိုက် ပေါ့နော်။ ပြောပြချင်လွန်းလို့ ဒီစာလေးတက်ရေး ဖြစ်တာပါ။ ဆရာစားတာ မဟုတ်ပါ မေတ္တာထားတာ ပါဗျာ။

Monday, April 9, 2007

WEB အကြောင်း ဟောပြောခဲ့တဲ့ပွဲ

March 31 ရက်နေ့က Myanmar Info Tech မှာ မနက် 9:00 ကနေ ညနေ 5:30 အထိ လုပ်ခဲ့တဲ့ Myanmar Internet Seminar မှာ WEB နှင့် အင်တာနက် အနာဂါတ် ခရီး web 2.0 ခေါင်းစဉ်ဖြင့် ကျွန်တော် ဟောပြောခဲ့ပါတယ်။ Seminar လာတဲ့သူတွေကို Web အသုံးဝင်ပုံ သေချာ ရှင်းလင်းပြောပြနိုင်တဲ့ အတွက် ရယ် လူတွေအများကြီးလာတာတွေ့လို့ ရယ် အရမ်းပျော်မိပါတယ်။ အသေးစိပ်ကို http://www.myanmartraining.com/mt/activities.htm မှာတင်ထားပါတယ်။

Saturday, April 7, 2007

သင်္ကြန်လဲရောက်တော့မယ်နော်

သင်္ကြန်ဆိုရင်တော့ CWS Group ကတော့ Sai Sai မဏ္ဍပ်မှာ ရှိမယ်ထင်တာပဲ ရှိဖို့များပါတယ်။ ဟီးဟီး မနှစ်တုံး ကတော့ ပြည်လမ်းမပေါ်က Sai Sai မဏ္ဍပ်မှာ မှာ ကဲခဲ့ပါတယ်။ အမုန်းတောမဟုတ်ပါဘူး ဘာဖြစ်လိုလဲ လိုကတော့ မမေးရဘူးနော်။ ဒီနစ်တော့ပျော်စရာလေးတွေ ဖြစ်လာပါစေလို့ ဆုတောင်းနေပါတယ်။ ဖြစ်လာမယ် လို့လဲ မျှော်လင့်နေရတာပဲ။ ဘာတွေဖြစ်လာဦးမလဲ မသိဘူးနော် ...သိချင်လိုက်တာနော် ...

Tuesday, April 3, 2007

လာဖတ်ကြပါဥိးနော် ...

ကျွန်တော် ဒီနေ့ မြန်မာလိုရေးဖို့လုပ်နေပါ။ ခုရသွားပါပြီ ..ကျွန်တော် Blogs ကိုလဲ လာဖတ်ကြပါဥိးနော် ...