♦ တောင်ပေါ်မြေက ဆိုင်းပုဒ်လေး
ကျွန်တော်တို့ ယကန်းစင်တောင် ဆရာတော်ကြီးတည်ထားခဲ့သော ရွှေဘုန်းပွင့်ဘုရား ဖူးရင်း တောင်ကြီးမြို့ကို ရွှေဘုန်းပွင့်ဘုရားပေါ်ကနေ ကြည့်ခဲ့ပါသေးတယ်။ ဘုရား ပေါ်မှာ ကျွန်တော်ဆိုင်းပုဒ် လေး ၁ ခုကိုတွေ့လိုက်ရတော့ ဖတ်ပြီးကောင်းလိုက်တာလို့ တွေ့မိလိုက်တယ် ဒါပေမယ့် ကျွန်တော် သေသေချာချာ မတွေးမိလိုက်ပါဘူး။ ဒါနဲ့ပဲ ခဏနေတော့ (မရိုသေ စကား) အိမ်သာတတ်ချင် လာပါတယ် အဲဒီတော့ အိမ်သာ ရှာရပြီပေါ့ အိမ်သာလမ်းသွားရမယ့် လမ်းထိပ်မှာပဲ ခုနက ဆိုင်းပုဒ် လေးကို ထပ်တွေ့ တော့ နောက်တစ်ကြိမ်ထပ်ဖတ်မိတာပေါ့ ဆိုင်းပုဒ်ထည်က စာသားက "သူယုတ် မာသည် သူတော်ကောင်းကိုနိုင်၏ အကုသိုလ်ကိုမနိုင်ချေ" စာသားလေးကတော့ ဒါ လေးပါပဲ သေသေချာချာလေး စဉ်စားကြည့်ကြနော် စာသားလေးက ကောင်းတော့ ကျွန်တော် မှတ်ညဏ်ထဲမှာတော့ အလွယ်တကူနဲ့ပဲ မှတ်မိသွားတယ်။
1 comment:
ကိုဝေဖြိုး ပြောမှပဲ. ကျွန်တော်လဲသိတော့တယ်. တောင်ကြီးမှာနေပြီး ခဏခဏ ရောက်ဖြစ်လဲ သတိမထားမိဘူး.
http://taunggyicherryland.blogspot.com/
Post a Comment