Thursday, January 31, 2008

$ ချစ်စရာမကောင်းဘူးလား

ဒီနှစ်စမှာတင် CREATiVE မှာ နောက်ထပ် မင်္ဂလာတစ်ခုထပ်ပေါ်လာပါတယ်။ အဲဒါကတော့ ကျွန်တော်ရဲ့ အစ်ကိုကြီး ကိုအောင်ဖြိုးရဲ့ ဇနီးက 25.01.2008 သောကြာနေ့မှာ သမီးလေးတစ်ယောက်ကို မွေးခဲ့ပါတယ်။ အဲဒီသမီးလေးကတော့ ကံတော်တော်ကောင်းမယ့်ပုံပါပဲ။ ကျွန်တော် တူမလေးမိုလို့ နိမိတ်ဖတ်ပေးလိုက်တာပါ။ သူငယ်ချင်းတွေကတော့ပြောနေကြတယ် သောကြာသမီးလဲဖြစ် စကားအပြော ကောင်းတဲ့ ကိုအောင်ဖြိုးရဲ့သမီးလဲဖြစ် အလွန်စကားများတဲ့လိုသူငယ်ချင်းတွေကပြောကြတဲ့ ကျွန်တော် တူမလေးလဲဖြစ် ဆိုတော့ ဒီ ကလေးလေးကတော့ တော်တော်စကားတက်မယ်တဲ့။ ဟီးဟီး ဖြစ်နိုင်ပါတယ်။ နှစ်သစ်မှာ မင်္ဂလာရှိသွားတာပေါ့ဗျာ။ အောက်မှာ ချစ်စရာ ကောင်းတဲ့တူမလေးပုံပါ။ ချစ်စရာမကောင်းဘူးလား။


Saturday, January 19, 2008

$ 2008 နှစ်သစ် မင်္ဂလာ

2008 မှာ CRETIVE က ကိုသူရိန်အောင် က လက်ထက်မင်္ဂလာကို 12.01.2008 နေ့က ကျင်းပသွားပါတယ် အဲဒါမို့လို့ နှစ်သစ် မင်္ဂလာလို့ ခေါင်းစဉ်တပ်လိုက်တာပါ။ ကျွန်တော် မိတ်ဆွေတွေကိုလည်း အားကြရအောင် ဒီ Post လေးကို တင်ပေးလိုက်ပါတယ်။ Wedding Photo တွေကိုကြည့်ချင်တယ် ဆိုရင်တော့ http://picasaweb.google.com/casper.ty/MyWedding မှာ Photo တွေအများကြီးရှိပါတယ်။ ကျွန်တော်အတွက်တော့ ဘယ်တော့များမှလဲ မသိပါဘူးနော် ဟီးဟီး လို့ပဲပြောရမလား ၀ါးဝါး လို့ပဲပြောရမလား မသိပါဘူးဗျာ။

Wednesday, January 2, 2008

$ အောင်မြင်ကြောင်းတရား


2008 ခုနစ်အစမှာ ကျွန်တော် Blogs အဖွင့် Post လေးမှာသူငယ်ချင်းတွေကို ဆုတောင်းလေးအရင်ပေးချင်တယ် စိတ်ချမ်းသာ ကိုယ်ချမ်း သာရှိပြီး ပျော်ရွှင်မူများ အောင်မြင်မူများရကြပါစေ။ ပြီးတော့ကဗျာလေး တစ်ပုဒ်လက်ဆောင်ပေးချင်တာနဲ့ ချမ်းမြေ့ဆရာတော်ကြီးဖွဲ့ဆို ထားသော ဗုဒ္ဓတရားကို သူငယ်ချင်းများမှတ်သားနားယူလို့ရအောင် Blogs ပေါ်မှာတင်လိုက်တာပါ။

အောင်မြင်ကြောင်းတရား

မကောင်းမူးရှောင်၊ ကောင်းမူဆောင်၊ ဖြူအောင်စိတ်ကိုထား။
ပြောပြုတွေလျှင်၊ သတိယှဉ် ဆင်ခြင်ဥာဏ်ရှေ့သွား။
စိတ်ထားဖြောင်မှန် ခွင့်လွှတ်ရန် သီးခံမေတ္တာထား၊
လုံ့လနှင့်ဇွဲ မလျှော့ဘဲ အမြဲတင်းတင်းထား။
အရာရာတွင် အသုံးဝင်၊ အောင်မြင်ကြောင်းတရား။

ချမ်းမြေ့ဆရာတော်