Wednesday, January 2, 2008

$ အောင်မြင်ကြောင်းတရား


2008 ခုနစ်အစမှာ ကျွန်တော် Blogs အဖွင့် Post လေးမှာသူငယ်ချင်းတွေကို ဆုတောင်းလေးအရင်ပေးချင်တယ် စိတ်ချမ်းသာ ကိုယ်ချမ်း သာရှိပြီး ပျော်ရွှင်မူများ အောင်မြင်မူများရကြပါစေ။ ပြီးတော့ကဗျာလေး တစ်ပုဒ်လက်ဆောင်ပေးချင်တာနဲ့ ချမ်းမြေ့ဆရာတော်ကြီးဖွဲ့ဆို ထားသော ဗုဒ္ဓတရားကို သူငယ်ချင်းများမှတ်သားနားယူလို့ရအောင် Blogs ပေါ်မှာတင်လိုက်တာပါ။

အောင်မြင်ကြောင်းတရား

မကောင်းမူးရှောင်၊ ကောင်းမူဆောင်၊ ဖြူအောင်စိတ်ကိုထား။
ပြောပြုတွေလျှင်၊ သတိယှဉ် ဆင်ခြင်ဥာဏ်ရှေ့သွား။
စိတ်ထားဖြောင်မှန် ခွင့်လွှတ်ရန် သီးခံမေတ္တာထား၊
လုံ့လနှင့်ဇွဲ မလျှော့ဘဲ အမြဲတင်းတင်းထား။
အရာရာတွင် အသုံးဝင်၊ အောင်မြင်ကြောင်းတရား။

ချမ်းမြေ့ဆရာတော်

No comments: