♦ အကုသိုလ်ပွားလိုက် ရတယ်
မနေ့က Mict မှာ Melody World လုပ်တယ်ကြာလို့ ကျွန်တော်သွားကြည့်ဖြစ်သေးပါတယ်. အစီအစဉ်က ကောင်းသလားမမေးနဲ့ တော် တော်လေးကို စိတ်ပျက်သွားတယ်။ Mict က ပရိသတ်ကို မရိုမသေ မလေးမစားလာလုပ်နေသလိုဘဲ သီချင်း 1 ပုဒ်ကို 3 ခါလောက်ပြန်ဆို နေတယ် မသိလို့မေးကြည့်လိုက်တော့ VCD ပြန်ထုတ်ဖို့တဲ့ ကြားကြားဖူးပေါင် သူများတွေလဲ VCD ရိုက်ပြီးပြန်ထုတ်နေကြတာပါပဲ ဒီလိုမျိုး တော့ မဖြစ်သင့်ဘူးလို့ ထင်တာပဲလေ။ ခဏလေးသွားကြည့်မိပါတယ် အကုသိုလ်ပွားပြီး ပြန်လာရတယ်။ ကျွန်တော်လို ပွားများတဲ့သူတွေ ဘယ်လောက်များရှိမလဲနော် ဟူးမကောင်းလိုက်တာနော် ဒါတောင် ထိုင်ပြီးတမုန်းကြည့်နေတဲ့သူတွေရှိသေး ဟူး တော်ပါပြီ ဒီလောက်ပဲ ပြောပါတော့မယ် နောက်မို့ဆို ငရဲတော်တော်များသွားလိမ့်မယ်။
1 comment:
ကိုယ့်ဘာသာ မဆီမဆိုင် အကုသိုလ်ပွားတာကို တစ်ကယ်ဆို......ကိုယ်နဲ့ မဆိုင်တာကို မဆိုင်သလိုလေး စိတ်ထားလိုက်ရင် ဘာမှ ငရဲကြီးစရာမလိုပေါင်.....
Post a Comment