Tuesday, December 4, 2007

♦ About Money

ကျွန်တော် Online ပေါ်ကနေ စာလေးတစ်ပုဒ်ဖတ်မိတယ်။ အဲဒီစာလေးက ငွေအကြောင်းကိုရေးထားတယ် တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းတယ်ဗျာ။ ဒီနေရာမှာ ငွေကို "သူ" ဆိုတဲ့နာမ်စားနဲ့ သုံးထားပါတယ်။

သူက အိမ်ကိုဝယ်နိုင်ပါတယ် ဒါပေမယ့် နေအိမ်တော့ မရဘူး။ သူက အိပ်ယာကိုဝယ်နိုင်ပါတယ် ဒါပေမယ့် အိပ်ပျော်ခြင်းတော့ မရဘူး။
သူက နာရီကိုဝယ်နိုင်ပါတယ် ဒါပေမယ့် အချိန်တော့ မဟုတ်ဘူး။
သူက စာအုပ်ကိုဝယ်နိုင်ပါတယ် ဒါပေမယ့် အသိပညာကိုတော့ မရနိုင်။
သူက ဆေးဝါးများကိုဝယ်နိုင်ပါတယ် ဒါပေမယ့် ကျန်းမာရေကိုတော့ မ၀ယ်နိုင်။
သူက သွေးများကိုဝယ်နိုင်ပါတယ် ဒါပေမယ့် ဘ၀ကိုတော့ မ၀ယ်နိုင်ချေ။
ဒီလောက်ဆိုရင် သင်မြင်နိုင်ပါပြီ ငွေက အရာအားလုံးကို မဖန်တီးနိုင်ပါ ပြီးတော့ တခါတရံ နာကြင်မူတွေ ခံစားမူတွေကိုလည်း ဖြစ်နိုင်ပါ တယ်။ သင်က ကျွန်တော် သူငယ်ချင်းဖြစ်လို့ ဒီအကြောင်းအားလုံးကိုပြောပြတာပါ။ ကျွန်တော်က သင့်ရဲ့ နာကြင်မူတွေ ခံစားမူတွေကို အဝေးသို့ သယ်ဆောင်ပေးချင်နေတာပါ။ ဒါကြောင့် သင့်ရဲ့ငွေတွေအားလုံးကို ကျွန်တော်ဆီကို ပို့ပေးလိုက်ပါ။ ကျွန်တော်က သင့်အတွက် ခံစားပေးလိုက်ပါမယ်။ "Cash Only PLEASE!". ဟီးဟီး စိတ်ဝင်စားလား စိတ်ဝင်စားရင် ဆက်သွယ်နော်။

1 comment:

pawtarlay said...

လူလည်ုးကီးသားသမီးပဲ
ကျွန်တော်ကလူလည်ုကီး