
ခုခေတ်မှာ သင်တန်းတွေများလာကြောင်းကို ကိုအော်ပီကျယ်က ဘေးကပုံလေးနဲ့ပြထားတာကိုတွေ့တော့ Blogs ပေါ်မှာရေးချင်လာပြန်ရော။ ဟုတ်လဲဟုတ်တာပဲဗျာ ခုခေတ်မှာ သင်တန်းတွေများချက်ကတော့ လန်ထွက် နေတာပဲ သင်တန်းတွေများတာတော့ဟုတ်ပြီး သင်တန်းနဲ့ပတ်သတ်ပြီးရွေးချင်တယ် ဆိုရင်ရော့ ဒါမှမဟုတ် ဘယ်သင်တန်းကောင်းလဲ အဲဒီသင်တန်းကို တက်လိုက်ရင်ရော ဘာတွေရလာမှာလဲ ကိုယ်တက်ရမယ့် သင်တန်းကောင်းမကောင်း ဆိုတဲ့အချက်တွေကို ကိုယ်ကိုမေးရမလား စုံစမ်းရမလားဆိုပြီး မေးစရာရလာပါတယ်။ သင်တန်းတက်လိုက်ရင် ပေးလိုက်ရမယ့် အချိန်က ပြန်ဝယ်လို့မရပါဘူးဆိုတာကို ကျွန်တော်အပါအ၀င် လူငယ် တော်တော်များများ မေ့နေပါတယ်။ သင်တန်းတစ်ခုကို တက်မယ်ဆိုရင် ကျွန်တော်အပေါ်က ပြောတဲ့အချက်တွေကို စဉ်းစားသင့်ပါတယ်။ ဒီခေတ်မှာကလဲ သင်တန်းတွေကများလွန်းလို့ ဘယ်မှာတတ်ရမလဲ ဆိုတာ သင်တန်းတတ်ခါနီးတိုင်း ကြုံတွေ့နေကြပါ။ ကိုအော်ပီကျယ်ရဲ့ ကာတွန်းလေး ကိုကြည့်ကြည့် လိုက်ကြပါဦး။ ကျွန်တော်ကြည့်ဖူးတဲ သင်တန်းနဲ့ ပတ်သတ်သော့ Website လေးကို လမ်းညွှန်လိုက်ပါရစေ
http://www.myanmartraining.com/ ပါ။ အချိန်ရရင်တော့ ၀င်ကြည့်ပြီတော့လည်းလေ့လာကြည့်ကြဦးပေါ့ မိတ်ဆွေတို့ ရေ။
1 comment:
နောက်ဆုံးတော့လဲ ဒီဘူတာပဲ ဆိုက်ရောက်တာပါပဲလေ :D
Post a Comment