♦ မျှော်လင့်ချင်နေတယ်
ကျွန်တော် ဒီနေ့ စိတ်တွေလဲအရမ်းမွန်းပြီး အရမ်းကြပ်နေပါတယ်။ ကျွန်တော်သူငယ်ချင်းကိုလည်း စိတ်ရူပ်စရာတွေပေးမိတယ် အဲဒါနဲ့ပဲ ကျွန်တော် Blog ပေါ်မှာတတ်ရေးဖို့ စိတ်ကူးရလာ ပြန်ပါတယ်။ ကျွန်တော် စိတ်ထွက်ပေါက်လေးက ကျွန်တော်ရဲ့ Blog လေးများဖြစ်နေ မလားဘဲ။ ဘယ်သူမှကျွန်တော် ခံစားချက်ကိုမသိနိုင်သလို သူလည်းမသိနိုင်ဘူးလေ။ ဘယ်သူမှ မမြင်နိုင်အောင်သိမ်းထားခဲ့လို့ စိတ်ထဲမှာ လည်းတော်တော် နာကြင်နေပါပြီ။ လောကကြီးက မတရားဘူးဗျာလို့ ပြောချင်ပေမယ့် အမြဲမျက်နှာသာမပေးတဲ့ လောကကြီးကိုလည်း အပြစ်မတင်တော့ပါဘူးကွာ။ အဲဒီ မွန်းကြပ်မူတွေကို ဆုတောင်းလေးတစ်ခုနဲပဲ သက်သာသွားမယ်လို့ ထင်ပါတယ်။ ဆုတောင်းလေး တစ်ခုက သူ အမြဲပျော်ရွှင်နိုင်ပါစေ။ ဘာလို့လဲဆိုတော့ သူပျော်ရွှင်ရင် ကျွန်တော်ကြေနပ်နေမိတယ်လေ။ နောက်တစ်ခုက မျှော်လင့်ချက် လေးတွေနဲ့ မွန်းကြပ်နေတာတွေကို ဖြေဖျောက်နေမိတယ်။ နားထောင်ပေးခဲ့တယ် ကျွန်တော် သူငယ်ချင်းလေးကို အရမ်းကျေးဇူးတင်မိပါ တယ် စိတ်ထွက်ပေါက်လေးရခဲ့လိုပေါ့။ မဖြစ်နိုင်တာကို မျှော်လင့်နေရင် စိတ်ဆင်းရဲနေတာကလွဲ၍ ဘာမှဖြစ်မလားနိုင်ဘူးတဲ့ ဒါပေမယ့် လူသားဆိုတာ မျှော်လင့်ချက်နဲ့ သက်ရှင်တာမို့ မျှော်လင့်နေမိတာ ကျွန်တော်မမှားဘူးလို့ထင်နေတုန်းပါဘဲ
1 comment:
I'm so sorry for ur fri who listened to u what u said about u @
ur gf ...... taw taw nar nyee mae naw hee hee :P
Post a Comment