Thursday, April 26, 2007

Global Warming နဲ့ ဘောင်းဘီတို

ရာသီဥတု ပူအိုက်တဲ့ အချိန်မှာ ဒီအပေါ်ကပုံလေးကိုတွေတော့ Global warming နဲ့ မြန်မာ အမျိုးသမီးလေး အကြောင်းရေးချင်လာတာနဲ့ Blog ပေါ်ရောက်လာတာပါ။ ရာသီဥတု ပူအိုက်လိုလားတော့မသိ အခုတလောကောင်မလေးတွေကိုတွေလိုက်ရင် ၁ထွာကျော်ကျော်လောက်ပဲရှိတဲ့ ဘောင်းဘီလေးတွေနဲ့ တွေနေရပါတယ်။ ဆောင်းတွင်းမှာလဲ ဒီအတိုင်းပဲ။ သင်္ကြန်မှာလဲ ဒီအတိုင်းပဲ။ သင်္ကြန်တုန်းက အချို့မင်းသမီး (Model) တွေဆိုရင် ၀တ်ထားပုံများ တော်တော်လေးကို ဆိုးတာ သူတို့ကရှေဆောင်လမ်းပြမှတော့ နောက်က ကလေးတွေဝတ်တာ ဆန်းတော့ မဆန်းပါဘူး။ ဒါဆိုရင်တော့ Global Warning ကြောင့်လို့တော့ပြောလို့ မရတော့ဘူးပေါ့နော်။ အပေါ်က Global Warming ပုံအတိုင်းဆို မြန်မာတွေ တော်တော် ခေတ်ဆန်းလာပြိးလို့ ပြောလို့ရတယ်နော်။ ခေတ်ဆန်လာတာကတော့ မပြောနဲ့ ဘုန်းကြီးကျောင်းတွေ သွားရင်တောင် ရှေ့ခွဲ နောက်ခွဲ၊ စကက်၊ ဘောင်ဘီတွေနဲ့ ဆရာတော်တွေကတောင် တရားဟောတဲ့အချိန်မှာ ထဲ့ဟောနေရတာတော့ မကောင်းဘူးထင်တယ်နော်။ ဆရာတော်တွေကတောင် ပြောနေရတယ် ဆိုတော့ မြန်မာအမျိုးသမီးတွေ တော်တော်ပဲ ခေတ်ဆန်လာကြတာလား။ ကျွန်တော်ကြားဖူးတာကတော့ ခေတ်မှီတာကကောင်းပြီး ခေတ်ဆန်တာ မကောင်းဖူးလို့တော့ ကြားဖူးတာပဲ။ ပုံမှာကလဲ 2006 ထိ ပဲဖေါ်ပြထားတာနော်။ နောက်ထွက် လာမယ့် ပုံတွေဆိုရင် အမလေး မတွေးဝံ့စရာကြီးပဲနော်။ ကမ္ဘာကြီး ပူနွေးနေပေမယ့် မြန်မာအမျိုးသမီးများ မြန်မာလို့ ၀တ်ဆုံလေးတွေ့နဲ့ဆိုရင် တမျိုးလေးလှနေကြပါတယ်။ ကျွန်တော် အမြင်အနေနဲ့ ပြောတာပါ. မှားတာလေးများပါရင် ခွှင့်လွတ်ပေးကြဦးနော်။

1 comment:

ngelay said...

hey.. that is not global warming problems.. it is because of higher pice and they cannot afford to buy long pants and buy only short pants.. :P