
ကျွန်တော်တို့ ရန်ကုန်မြို့မှာ ညဘက်ဆိုရင် မီးတွေထိန်ထိန်ညီးနေတာပါပဲ။ မီးတွေထိန်ထိန်ညီးနေတယ်ဆိုလို လျှက်စစ်မီးလို့တော့ မထင်ပါနဲနော် ဖယောင်တိုင် မီးတွေပါ။ ကျွန်တော်တို့ကနေ့တိုင်းလိုလို Thomas Edison ကိုပါဂုဏ်ပြုသေးတယ်လေ။ ကျေးဇူးလေး တွေကိုမေ့မနေအောင်လုပ်ပေးနေတာပါ။ ဟီးဟီး J ညကအိမ်နားက လမ်းဘေးဆိုင်လေး ၁ ဆိုင်မှာမုန့်စားမယ်ဆိုပြီးထွက်လာကြတယ်။ ဆိုင်ရောက်တော့ ဓါတ်တိုင်ဘေးမှာနေရာလွတ်ရှိတာနဲ ထိုင်မယ်လုပ်တော့ သတိလေးဝင်လာပြီး ဓါတ်တိုင်နားဆိုတော့ အန္တာရယ်ရှိနိုင် တယ်ဆိုပြီး ဘေးဝိုင်းမှာထ ထိုင်လိုက်ကြပါတယ်။ အဲဒီတော့ ဘေးက ၁ယောက်က ပြောပါလေရော ဓါတ်ကြိုးကိုကိုင်ပြီးအိပ်တာတောင် ရန်ကုန်မှာ အန္တာရယ်ကင်းတယ် ဆိုပဲ။ ဟီးဟီး ဟုတ်များနေမလား မသိဘူးနော်။ ကျွန်တော် ညဘက်အိမ်ပြန်ရောက်ရင် လျှက်စစ်မီး မတွေ့ရတာတော်တော်လေးကို ကြာပါပြီး အလုပ်ကပြန်လာချိန် အိမ်ပြန်ချိန်က နောက်ကျနေကျပါ။ နားချိန်လေးရောက် ပြီဆိုတော့ စာလေးဘာလေးဖတ်ချင်တာပေါ့နော် ဒါပေမယ့် မီးမရှိတော့ လမ်းမီးကိုပဲ အားကိုရတော့တာပေါ့နော်။ ကျွန်တော်တို့လမ်းက လမ်းမီးအ၀ါကြီးတွေရှိတော့ စာတော့ ကောင်းကောင်းဖတ်လို့ရတာပေါ့နော် ဒါလေးကိုလဲ ကျေးဇူးတင်မိပါတယ်။ ဘာလို့လဲ လမ်းမီးရောင် လေးကြောင့် စာဖတ်လို့ရလို့ပေါ့ဗျာ။ အဲဒါနဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြိးလင်ကွန်းက လမ်းမီးနဲ့စာဖတ်တာလေးတူနေလို့ လင်ကွန်း များဖြစ်နေပြီးလားလို့ ခေါင်းစီးတက်ဖြစ်သွားတာပါ။ ခေါင်းစဉ်လေးကို အပြစ်မယူကြပါနဲနော်။ ရန်ကုန်မှာကျွန်တော်လို့ လင်ကွန်း များဖြစ်နေပြီးလားလို့ တွေမိသူတွေ စမိသူတွေ ရှိမယ်လို့လဲထင်မိပါတယ်။ ဘာလိုလဲဆိုတော့ ဟီးဟီး မပြောတော့ဘူးနော် J သင်ရော လင်ကွန်း ဖြစ်ပြီးပြီလား။ ဒီအကြောင်းအရာလေးက ပျော်စရာလေးအနေနဲရေးထားတာပါ။
No comments:
Post a Comment