♦ ဥစ္စာမှန်ရင် ပြန်ရတယ်တဲ့
ဟိုတစ်နေ့ 13/05/2007 (Sunday) ကပေါ့ မနက်စောစော ကျွန်တော် ဘုရားတတ်ပြီးတော့ ဆုတွေတောင်းပေးပြီး အိမ်ပြန်တော့ ဖေဖေ ရဲ့မိတ်ဆွေတွေနဲ့ မနက်စာသွားစားမယ်ဆိုပြီး အလုံးက Lucky 7 မှာ သွားစားဖြစ်တယ်။ လူကြီးတွေရဲ့ စကားဝိုင်း ဆိုတော့ ကျွန်တော်က နားထောင်သူပရိသတ်ပေါ့။ အဲဒီ စကားဝိုင်းထဲက Topic လေး ၁ ခုကို စိတ်ဝင်စားမိတယ်။ ဘာလဲဆိုတော့ အလိမ်ခံပြီးမှ အလိမ်ခံရတဲ့ ငွေတွေ ပြန်ရတဲ့ အကြောင်းလေးပေါ့။ အရွယ်အားဖြင့်တော့ အသက်နည်းနည်းကြီးပြီ သူကအရည်အချင်းရှိတဲ့ ကျောင်းဆရာ ၁ ယောက် ပါ။ သူနဲ့စပ်တူ အရင်းအနှီးလုပ်တဲ့သူက နိုင်ငံခြားသား ပြီတော့သူတို့ ရင်းနှီးလုပ်တဲ့ငွေက dollor 2 သန်း။ အားပါး မနည်းပါလားနော်။ သိမ့်မကြာခင်မှာပဲ နိုင်ငံခြားသားက သူကို လိမ်ပြီး ထွက်ပြေးသွားတယ်။ အဲဒီမှာ သူဒုခ စရောက်ပါလေရော အလုပ်လုပ်ထားတဲ့ငွေတွေလဲ မပေးနိုင် သူကိုလဲ တရားဆွဲကြပေါ့ သူလဲတော်တော်လေး ဒုခရောက်သွားတာပေါ့။ သူလဲ စိတ်ညစ်နေမှာပေါ့ အဲဒီအချိန်မှာ သူဆီကို email ၀င်လာတယ်။ ဘာ email လဲဆိုတော့ သူကိုလိမ်သွားတဲ့ငွေတွေပြန်ရမယ် ဆိုတဲ့စာပေါ့။ သူလဲအရမ်းပျော်သွားမှာတော အမှန်ပဲနော် အဲဒါနဲ့ သူရဲ့ အကြံပေး အတိုင်မင်ခံ ရှေနေနဲ့တိုင်ပင်ပြီး ပြန်လုပ်လိုက်တာ June / July လောက်ဆိုရင် အကုန်ပြန်ရမယ်တဲ့ ပြန်ရမယ် ငွေကလဲ dollor 1.9 သန်းလောက်တဲ့ နည်းနည်းပဲနော် ဟီးဟီး။ ခုနက email သူဆီဘယ်လို ၀င်လာလဲ ဆိုတော့ သူကိုလိမ်သွားတဲ့ နိုင်ငံခြားသားက ဟိုလိုက်လိမ် ဒီလိုက်လိမ် တော်တော်လိမ်နိုင်တဲ့ ပုဂ္ဂိုလ် သူကိုမိတော့ အင်္ဂလန်မှာမိတာ ပြီတော့ သူလိမ်ထားတဲ့ ငွေတွေကို လိမ်ခံရတဲ့သူတွေဆိကို ပြန်ပို့ပေးတယ် ဘယ်လောက်ကောင်းလိုက်တဲ့ စနစ်လဲနော် သေသေချာချာ စဉ်းစာကြည့်ကြနော်။ အဲဒီ စနစ်လေးကြောင့် ကျောင်းဆရာ ပုဂ္ဂိုလ်ကြီးလဲ ပျော်ရတယ်နော် အဲဒါကြောင့် ကျွန်တော်က ဥစ္စာမှန်ရင် ပြန်ရတယ်တဲ့ လို့ ခေါင်းစဉ်တတ် ထားလိုက်တာပါ။ တကယ်တော့ ကျောင်းဆရာတဲ့ ဥစ္စာမှန်တော့လဲ သူပြန်ရတာပေါ့လေ။ ကျွန်တော်တို့ စဉ်းစားဆရာလေးရသွားပြီ ပေါနော် ဥစ္စာမှန်တော့ ပြန်ရတာကို အပေါ်က အကြောင်းလေးက သက်သေပြနေပြီ ဒါဆိုရင် ကိုယ့်စေတနာမှန်ရင် ကိုယ့်မေတ္တာမှန်ရင် ရော ပြန်ရမှာပေါ့နော် ကျွန်တော်လဲ စေတနာအမှန် မေတ္တာအမှန် ဆိုတော့ ပြန်ရမှာပေါနော် ခုထိတော့မရသေးပါဘူး မျှော်လင့်လိုက်ဦး မယ်နော်။ ဘာလဲလို့ မမေးရဘူးနော် မေမေကပြောတယ် ငရဲကြီးလိမ့်မယ်တဲ့။ :)
No comments:
Post a Comment