Tuesday, May 13, 2008

¦ အမှတ်တရလေပဲပေါ့လေ

ဒီနေ့က 13 ရက် 5 လနော် … မနက်စောစော အလုပ်တစ်ခုထလုပ်မိတယ် … လက်ဆောင်ပစ္စည်းလေးတစ်ခုကို တစ်နေရာကယူပြီး တစ် နေရာကိုသွားပို့တဲ့အလုပ်ပေါ့ … အဲအလုပ်ကို သူများကိုခိုင်းလို့ရတဲ့အလုပ်ဖြစ်ပေမယ့် ဘယ်သူမှမခိုင်းဘဲ ကျွန်တော် ကိုယ်တိုင်လုပ်ချင် နေတဲ့လေ … ကျန်ခဲ့သောနှစ် ဒီအချိန်ကပေါ့ ခုကနကအလုပ်ကိုပဲ ကျွန်တော်သူများကိုလုပ်ခိုင်းခဲ့တာ ... အဲဒီအလုပ်လေးလုပ်ပြီး သော်လည်း အပြန်လမ်းမှာ ကျေနပ်နေတဲ့အပြုံးလေးနဲ့ပေါ့ ကိုယ်တိုင်လုပ်ချင်နေတဲ့ အလုပ်လေးကိုလုပ်ပြီးတော့ ဒီလိုလေးဖြစ်သွားတာပေါ့ … လက်ဆောင်ပစ္စည်းလေးသွားယူတဲ့ အချိန်မှာလည်း စောင့်နေရတယ် စောင့်ရင်းနဲ့ ဟိုဘက်လမ်းလျှောက် ဒီဘက်လမ်းလျှောက်ရင်းနဲ့ ဇရပ်လေး ၂ ကောင်ကိုတောင်တွေ့သေးတယ် ချစ်စရာလေးတွေဘဲ … ခဏကြာတော့ပစ္စည်းလေးလဲရရော နောက်တစ်နေရာကို ပြေးတော့တာပဲလေ … အဲဒီလက် ဆောင်ပစ္စည်းလေးကို လက်ခဲ့တဲ့သူ သဘောကျမကျတော့မသိဘူး ကျွန်တော်ကတော့ ကျေနပ်နေ တယ် သဘောကျတယ် ဆိုရင်တော့ ပိုပြီးကျေနပ်စရာကောင်းမှာပေါ့နော် … ပြီးတော့ သူနဲ့စကားပြောဖြစ်တယ် သူနဲ့စကားပြောနေတုန်းမှာ သူကို ဒါလေးလုပ်လိုက်ပါလားလို့ ပြောလိုက်မိတယ် (ဘာလေးလဲလို့မမေးရဘူးနော်) … အဲဒီတော့ဒီလိုလေး :O အလန့်တကြား အံသြတဲ့ အမူအရာလေးလုပ်ပြတယ် … သူမလုပ်နိုင်မှန်းသိလိုက်ပါတယ် ... ဒါပေမယ့် မသိချင်အောင်ဘဲ ဆောင်နေရမယ့်သူလေ .. ဘယ်တက်နိုင် မလဲ ဘာပဲဖြစ်ဖြစ်ပါ လက်ဆောင်ပစ္စည်းလေးလက်ခံပေးတာကိုပဲ ကျေးဇူးတင်ရမှာလေ … ဒီကနေက သူဆီကိုလဲ ဖုန်းစဆက်တဲ့နေလေး ပေါ့ … အမှတ်တရလေပဲပေါ့လေ …

No comments: