¦ ချစ်သူ ...
ချစ်သူ ...
ငါမင်းကိုချစ်တာ မာသာထရီဇာ လို မာယာပလီပလာတွေ မပါပါဘူး ... မယုံရင်ကျန်ကျောင်း လို မှန်ပြောင်းသုံးပြီး ကြည့်လိုက်စမ်းပါ (နှလုံးသားထဲကို) ... မင်းကိုချစ်တဲ့သူတွေကြားထဲ ဂျူးလိယက်ဆီဇာ လို အလုအယက်စီပါလို့မပြောပါနဲ့ ... ပါဒကြီးမှာမွေးလို့ မာနကြီး တတ်လို့ပါ ... တကယ်ဆိုရင် ငါဟာမင်းကို ဘင်ဘာဒင် လို ကြင်နာချင်တဲ့သူရယ်ပါ ... မင်းဘေးမှာ အမြဲတမ်း ဒိုင်ယာနာ လို ထိုင်ကာ သာနေလိုက်ချင်ပါရဲ့ ... အဲဒီအခါကျရင် ဂျော့ဘွတ်(ရှ်) လို လောကွက်လေးတော့လုပ်ပါ ... အာရာဖတ် လို ဘာလာကပ်နေတာလဲလို့ အော်မထုပ်လိုက်ပါနဲ့နော် ... စိတ်ကြီးတဲ့နေရာမှာ ထိပ်သီးမို့ပါ ... မဟုတ်ရင် ပေါင်ချိန်ကို ဗြောင်လိမ်တာထက် ဆိုးသွားလိမ့်မယ် ... တကယ်တော့ ငါဟာ အိုဝင် လို အပျိုမြင်တိုင်း ငမ်းနေသူမဟုတ်ပါဘူးကွယ် ... မင်းကိုရမယ်ဆို ကောလင်းပါဝဲလ် လို တောတွင်း ထောင်ထဲမှာနေပြီး ... ထယ်ဆောက် လို လယ်ပေါက်ကျွေးဆိုလဲ ကျွေးပါ့မယ် ... မင်းအတွက် PRADO ၀ယ်မပေးနိုင်ပေမယ့် ဆရာခိုတော့ ၀ယ်လိမ်းပေးနိုင်ပါတယ် ... ကွန်ဒိုမှာ မထားနိုင်ပေမယ့် သွန်ဆိုသွန်းထားပါ့မယ် (ရေအိုး) ... မင်းကသာထွားသူချွန်း လို သွားယူစမ်းပါလို့ ခိုင်းရင်လေ ကိုရွှေထူးလို မြေတွေတူးလို့နိုက်ရဲပါတယ်။ (လိပ်ဥ) ... ဒါတွေကို ဆန်ဖရန်စကို လို အကြံအဖန်တွေပိုတယ်လို့ မထင်ပါနဲ့နော် ... လန်ဒန် လို အမှန်အကန်ပဲဆိုတာ ယုံကြည်ပြီး နီကိုရ လို ဒီလိုပဲလို့ ဝေ့လည်ကြောင်ပတ်မလုပ်ပါနဲ့တော့ ... ကိုယ်အချစ်တွေကို ဘက်ခမ်း လို လက်ကမ်းပြီး ကြိုလင့်ပါတော့ကွယ် ...
No comments:
Post a Comment