Friday, May 30, 2008

¦ လှပနိုင်မှာလေ


မင်းက လမင်းလေးဆိုတော့
ကိုယ်က ကြယ်တရာလေးဖြစ်ချင်တာပေါ့
လမင်းလေးက ကြယ်တရာလေးတွေ
ခြံရံပြီးနေမှ ပိုပြီးလှတာလေ ။ ။
မင်းက လမင်းလေးဆိုတော့
ကိုယ်က ကုမုဒြာကြာလေးဖြစ်ချင်တာပေါ့
ကုမုဒြာကြာလေးက လရောင်ရှိမှ
ပွင့်လန်းရှင်သန်နိုင် လှပနိုင်မှာလေ ။ ။

No comments: