$ မေ့မရသော ကိန်းဂဏန်း 13
လူတိုင်းမှာ အမှတ်တရ ကိုယ်စီရှိကြတယ် အဲဒီတော့ကျွန်တော်မှာလဲရှိတယ် အဲဒီစာသားလေးကို မတွေးဘူးကျဘူးလား … မတွေ့ဘူးဆိုရင် တောင် ကြာဖူးကြမှာပါ စိုင်းစိုင်းရဲ့စာသားလေးလေ ... နဲနဲကူးချလိုက်တာပါ … ဟီးဟီး ကျွန်တော်မှာလဲ အမှတ်တရ ကိန်းဂဏန်းလေး တစ်ခုရှိတယ် ... ကိန်းဂဏန်းလေးက 13 ပါ ကျန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကစပြီး အမှတ်တရဖြစ်နေတာပါ အခုထိလဲ မေ့လို့မရ သေးဘူး အဲဒီကိန်းဂဏန်းလေးကို မြင်တိုင်း သူကိုသတိရတယ် သတိရတိုင်းလဲ သူအတွက် တစ်ခုခု ဆုတောင်းပေးတယ်။ အခုတလောလဲ ကျွန်တော် အကြောင်းအရာတစ်ခု ခေါင်းထဲခဏခဏ ၀င်လာတယ် ဘယ်သူမှမခေါ်ဘဲဝင်လာတဲ့ အတွေးလေးတွေကို ဖြောက်ဖျက်ဖြစ်ဖို့ ကတော့ မလွယ်ဘူးဆိုတာကိုသိကြမှာပါ။ ပြီးတော့ ကျွန်တော် ကိုယ်တိုင်ကလဲ မဖြောက်ဖျက်ချင်ဘူးလေ။ မှတ်မှတ်ရရ တစ်ခုပြောရမယ် ဆိုရင် ကျန်ခဲ့တဲ့နှစ်ရက်သုံးရက်လောက်ကပေါ့ အဲဒီနေကျွန်တော် အရမ်းပင်ပန်းနေတယ် အဲဒီနေ့မတိုင်ခင်ကလဲ တစ်ညလုံးနီးပါး သူအကြောင်း အိမ်မက်မက်တယ် အဲဒီအိပ်မက်ကလဲ ထူးထူးဆန်းဆန်းပဲ (နောက်မှ Blog မှာပြောပြမယ်) အရမ်းပင်ပန်းနေတဲ့နေမျိုးမှာ ဘာတွေးတွေး ခဏလေးအတွင်း အိပ်ပျော်သွားတက်တယ် ဒါပေမယ့် အဲဒီနေ့က ဘယ်အချိန်ရှိပြီလဲဆိုပြီး နာရီကြည့်လိုက်တော့ “11:13” အဲဒီတော့ ကျွန်တော်အတွေးထဲသူဝင်လာပါရော အဲဒီမှာသူနဲ့ပါတ်သတ်ခဲ့တဲ့အကြောင်းတွေအားလုံးကိုပြန်တွေးနေမိတယ် တော်တော် များများကတော့ ပျော်စရာလေးတွေပေါ့ ကိုယ်ချစ်နေတာကို သူသတိမထားမိတာရယ် သူမကိုယ်ကိုပြန် မချစ်ဘူးလို့ ထင်နေတာလေတွေ ကတော့ ကိုယ်အတွက်တော့ ၀မ်းနည်းစရာပဲပေါ့ သူအတွက်ပေးထားတဲ့ မေတ္တာစိတ်ကိုကျတော့ ကျေနပ်နေမိတယ်။ အဲဒီညက တော်တော်လေး ညဥ့်နက်သွားတယ် ပင်ပန်းနေတာတောင်ဘယ်ပျောက်သွားလဲ မသိပါဘူးလေ အဲဒါကလဲ 13 ကစတာပဲလေ။ 13 ဆိုတဲ့ ဂဏန်းလေးကိုလဲ မြတ်နိုးတယ် ဘာလို့လဲဆိုတော့ 13 ဂဏန်းနဲ့ သူနဲ့ကတွယ်နေတယ်လေ။ အခုဒါတွေ စဉ်စားပြီးရေးနေပေမယ် ဒါတွေက အလကားဖြစ်သွားမှာပါ သူလဲမသိနိုင်သလို ဘယ်သူမှလဲမသိနိုင်ဘူးလေ ဟူး …. 13 ဂဏန်းတွေတိုင်း သတိရနေတဲ့ စိတ်ကလေးကတော့ မဖြောက်ဖျက်ချင်သေးတာတော့ အသေအချာပဲ။ ( 13 ဆိုတာလေးကို တွေဖို့မခဲရင်ပါဘူးလေ ... )
No comments:
Post a Comment