Saturday, April 26, 2008

$ နှုတ်ဆက်ချင်ပြီကွာ

အခု စာရေးနေတဲ့အချိန်ကိုကြည့်တော့ 11:12 pm လေ အဲဒါနဲ့ စာရေးဖို့ကို 1 မိနစ်လောက်စောင့်နေမိတယ် ဘာလိုလဲဆိုတော့ 11:13 ဆိုရင် 13 ဆိုတဲ့ဂဏန်းလေးကိုတွေ့ပြီလေ 13 က ကျွန်တော်ရဲ့ အမှတ်တရ ဂဏန်းလေ… ကိန်းဂဏန်း 13 post ကိုဖတ်လိုက်သိမှာပါ … ကျွန်တော်အပေါ်တက်ခါနီး မေမေက ကျွန်တော်ကို လှမ်းမှာလိုက်တယ် သားစောစောအိပ်နော်တဲ့ ဒီနေ့ ကျွန်တော်ပြန်လာတာ မျက်နှာ ညိုးနေတာကို မေမေကတွေ့ကတည်းက မေမေက တောက်ရှောက်မေးနေတာ အလုပ်ပင်ပန်းလို့လား စိတ်ညစ်စရာတွေးရှိလားတဲ့ ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူးလို့ ပြန်ဖြေလိုက်တယ် … ကျွန်တော်အပေါ်တက်ခါနီးကျတော့ မေမေက ကျွန်တော်ကို လှမ်းမှာတော့ တာပဲ သားစောစောအိပ်တဲ့ မနက်ရောက်ရင် လန်းသွားအောင် ကျွန်တော်ကလဲ မေမေစကားကို နားထောင်လိုက်တာအပေါ်ရောက်တာနဲ့ တပြိုင်တည်း စာရေးတော့တာပဲ ဒီနေ့က ဘုရားရှေးခိုးပြီး စာအုပ်စင်မှာ ဘာစာအုပ်တွေရှိမလဲကြည့်တော့ “တိပိဋက ယော ဆရာတော်” ကြီးရေးထာတဲ့ နှုတ်ဆက် ဆိုတဲ့စာအုပ်လေးကို သွားတွေ့တော့ ဖတ်လိုက်တာပေါ့ စာအုပ်တစ်ဝက်လောက်လဲရောက်တော့ Blogs ပေါ် တင်ချင်လာပါတာနဲ့ မအိပ်သေးဘဲ စာရေးဖြစ်သွားတာပါ … “နှုတ်ဆက်” ဆိုတဲ့ စကားအဓိပ္ပါယ် ကို ကျွန်တော်တို့သိတာ က “တစ်ယောက်ကို တစ်ယောက်တွေ့တဲ့အခါမှာ နှုတ်ဆက်မယ်” “သူကတော့ မင်းကို နှုတ်ဆက်သွားပြီကွာ မကောင်းလိုက်တာ” “သူကို နှုတ်ဆက်လိုက်တာ မင်းအတွက်ကောင်းပါတယ်” စသည်ဖြင့်ပေါ့ … နှုတ်ဆက်တာကို မင်္ဂလာတစ်ခုအနေနဲ့ ( နှုတ် + ဆက် = မင်္ဂလာ ) ဆရာတော် စာအုပ်မှာတွေ့တော့မှသိတာ ကျွန်တော်အတွက်တော့ အသိတစ်ခု ထက်တိုးသွားတာပေါ့ဗျာ …

“အကုသိုလ်ကိုနှုတ်လို့ ကုသိုလ်နဲ့ဆက်လိုက်ရင် ပူတာကိုနှုတ်အေးတာနဲ့ဆက်, ရူပ်တာကိုနှုတ် ရှင်းတာနဲ့ဆက်, ညစ်တာကိုနှုတ် သန့်စင် တာနဲ့ဆက်, အပူဆင်းရဲကိုနှုတ် ငြိမ်းအေးချမ်းသာမူနဲ့ဆက်တဲ့ နှုတ် + ဆက် … ပြီးတော့ အနှုတ်မှန်လို့ အဆက်ကောင်းမှ မင်္ဂလာ အစစ် ဖြစ်နိုင်ပါတယ်တဲ့ ” စာအုပ်ထဲမှာဖတ်လိုက်ရတယ် … ဘယ်လောက်ကောင်းလိုက်သလဲနော် …

အဲဒီစာအုပ်လေးကိုဖတ်ပြီး ကျွန်တော်လဲပဲ နှုတ်ဆက်ချင်လာတယ် ဘယ်သူကိုလဲလိုမမေးနဲ့နော် ကျွန်တော်ကိုကျွန်တော်ပါ မကောင်းတာ တွေကိုနှုတ်ပြီး ကောင်းတာတွေနဲ့ဆက်ပြီးနေသွားမယ်လို့စဉ်းစားမိတယ် … သူငယ်ချင်းတို့လဲ နှုတ်ဆက်လိုက်ကြနော် သက်ဆိုင်သူတွေ ကိုပြောတာမဟုတ်ဘူးနော် :)

No comments: