$ ကျွန်တော်ရေးသော ကဗျာ
ကျွန်တော် ကဗျာမရေးတက်ပါ ဒါပေမယ့် ရင်ထဲက ကလိကလိဖြစ်နေတယ့်အရာလေးကို ကဗျာလေးစာလေးရေးဦးမယ်ဆိုပြီး ဒီကဗျာ လေးကိုရေးဖြစ်တာပါ မရေးတက်ရေတက်ဆိုတော့ ဖတ်ရတာ အဆင်ပြေချင်မှပြေလိမ့်မယ်နော် ... ဒါပေမယ့် သီးခံပြီး ဖတ်ပေးပါဦးနော် လွန်ခဲ့သော တစ်နှစ်လောက်ကရေးခဲ့တာပါ ကဗျာလေး နာမည်ကိုလည်း ကောင်မလေး တစ်ယောက်နာမည်လေးနဲပဲ လိုက်မိတယ် ... ဒီကဗျာလေးကို ကျွန်တော် Blogs စစချင် Post လေးတွေမှာ တင်ခဲ့ပါတယ် ... ကျွန်တော် မိတ်ဆွေဟောင်းတွေကတော့ ဖတ်ဖူးကြမှာပါ ... သူကို သတိရနေတဲ့စိတ်လေးက ဒီကဗျာလေးကို ပြန်တင်ချင်တဲ့စိတ် တဖွဖွဖြစ်လာပါတယ် ... ဒါကြောင့် ထပ်ပြီးတင်ဖြစ်သွားတာပါ ...
“လမင်းလေး”
မေ့မရအောင် ဆွဲဆောင်နိုင်တဲ့
မာယာကင်းသော လမင်းလေးရယ်
အပြစ်ကင်းတဲ့ မင်းရဲ့ပြုံးကို
တိတ်တခိုးလေး တမ်းတနေရင်း
ချစ်ခွင့်ပန်ရင် ငြင်းပယ်မှာကို
ကြောက်နေသော်လဲ မေတ္တာမပျက်
စွဲလမ်းနေတာ သိပ်ချစ်လို့ပါ။
လူသားဆိုတာ မျှော်လင့်ချက်နဲ့
ရှင်သန်တာမို့ မျှော်လင့်ချင်တယ်
လမင်းလေးရယ် ။ ။
1 comment:
သိပ်ကောငိးပါတယ်။ အားပေးလျက်။
Post a Comment