Saturday, April 19, 2008

$ သတိရနေတယ်လေ သူကို

ဒီ post လေးကိုရေးမယ်ဆိုပြီးလုပ်တော့ ဘယ်ကစရေးရမှန်းမသိဘူး စချင်တဲ့နေရာကစမယ်ဆိုပြီးရေဖြစ်သွားတာ နှစ်ဆန်းတစ်ရက်နေ့ ကပေါ့ တစ်နေလုံး သူကို အရမ်းသတိရနေတယ် … သတိရနေတယ်လေ ဘယ်သူကိုလဲ မမေးကြေးနော် … တစ်ယောက်သော သူကို ပေါ့နော် … သတိရတာကိုလဲ သူကိုအသိအလင်းကြီးမပြောရဲဘူးလေ … သူကိုကျွန်တော် ပြောဖို့ အခွင့်အလမ်းရှိပေမယ် ပြောမထွက်ဘူး ဖြစ်နေတယ် … သူလဲမသိနိုင်ပါဘူး … အခုဆိုရင် ညဘက်တွေမှာ အိပ်ရာကို တွေရင်တောင်လန့်လန့်လာတယ် သူအတွေးတွေ ၀င်ဝင် လာလို့ပါ … ခံစားရလို့ပါ … သင်္ကြန်ကအဖြစ်အပျက် လေးတွေကလည်း မေ့လို့မရဘူး ကျွန်တော်အတွက်တော့ ပျော်စရာတော်တော် ကောင်းတဲ့ သင်္ကြန်လေးပါ … သင်္ကြန်ကအဖြစ်အပျက်ဆိုလို့ အထင်မကြီးနဲ့နော် ရိုးရိုးလေးပါပဲ … သူကိုမေးမိလိုက်တယ် သင်္ကြန်မှာ ပျော်လားလို့ “ပျော်ပါတယ် ဒီလိုပါပဲတဲ့” … ကျွန်တော်ပျော်တာကို သူမသိဘူးလေ … ကျွန်တော်ပျော်တဲ့အကြောင်းကိုတော့ သူကို ပြောလိုက်တယ် … 3 ရက်လောက် တစ်နေကုန်နီးပါး သူအနားမှာနေခဲ့ရတယ် အဲဒါလေးကိုတော့ ကျေနပ်နေမိတာအမှန်ပဲ သူတော့မသိ နိုင်ပါဘူး သတိရတယ်ကွာ ကောင်းမလေးရာ … ညကျမှဘဲ မင်းနဲ့ဆက်တွေရဦးမှာပေါ့လေ …

1 comment:

sawgangster said...

အချစ်မှာ သတ္တိရှိဖို့တော့ လိုတယ်နော် ကိုယ့်ဆရာ...
ကိုယ်က ယောင်္ကျားလေးလေ...ကိုယ်က စရမှာပေါ့...
ကိုယ်က မြတ်နိုးနေတယ်ဆိုတဲ့ အရိပ်အယောင်လေးတော့ ပြရမှာပေါ့နော...
ပြောဖြစ်အောင်သာ ပြောလိုက်ပါ ကိုယ်ဆရာ...
အဆင်ပြေမှာပါ... မြားနတ်မောင်ကြီးကို ပြုစုထားလိုက်ပေါ့...