
မင်းခိုက်စိုးစံရေးထားတဲ့ စာသားလေးတစ်ခုကိုကြိုက်လို့ Blogs ပေါ်တက်ရေးဖြစ်တာပါ စာသားလေးကဘာလဲဆိုတော့
" အပ်တစ်ထောက်စာ ဒါဏ်ရာလေးဆိုပေမယ့် ဆပ်ပြာ ဘူးပေါင်းအတွက်တော့ ဘ၀ပျက်တာပဲ" စဉ်းစားကြည့်ကြနော် ဘယ်လောက်ကောင်းတဲ့ စာသားလေးလဲနော် စဉ်းစားရင် အဓိပ္ပါယ်က အများကြီးပါပဲ ကျွန်တော် စဉ်စားမိတဲ့ ထဲက အချက်လေးတစ်ချက်ပြောပြချင်တယ် ဘာလဲဆိုတော့ တစ်ခုခုလုပ်တော့မယ် ဆိုရင် ကိုယ်ဘက်ကြီးကပဲမစဉ်းစာဘဲ သူများဘက်ကိုပါ စဉ်းစာပေးသင့်တယ်လို့ မြင်လာတယ် တနည်းအားဖြင့်ဆို ရင် Both side thinking ပေါ့ ကိုယ်ဘက်ကတော့ သေးသေးလေး ဆို ပေမယ့် သူဘက်မှာပေါ့ အကြီးကြီးဖြစ်သွားနိုင်တယ်လေ ဒီစကားလေးက လူမူပါတ်ဝန်း ကျင်မှာ အမြဲလိုလိုကြုံတွေ့နေရတဲ့ စကားလည်းဖြစ်နေတယ်။ ကိစ္စတစ်ခုကို လုပ်တော့ Both side thinking လေးနဲ့ စဉ်းစားမယ်ဆိုရင် တော်တော်လေးကောင်းမှာပဲနော်။ လူ ငယ်ဘ၀ ချစ်သူရည်းစားတွေမှာ အချို့ဆိုရင် ကောင်းမလေး ဒါမှမဟုတ် ကောင်းလေး သူရဲ့ချစ်သူကို အပျော်တမ်းထား ခဏတာအပျော်အတွက်ပဲထားကျတယ် အကယ်ဤ ကျန်တဲ့တစ်ဘက်သားက တကယ် ရည်ရွယ်ထားတယ်ဆိုရင် အပေါ်ကစာတမ်းလေးလို ဖြစ်နေမှာပေါ့ ဘယ်ကောင်းပမလဲနော်။ ကိုယ်လုပ် လိုက်တဲ့ လုပ်ရပ်ကြောင့် အခြားလူတစ်ယောက် နှစ်နာသွားတယ်ဆိုရင်ကောင်းပမလား ပြန်စဉ်းစားကြည့်နော် အကုသိုလ်ရပြီး နောင်ဘ၀ အတွက် အကျွေးတွေပါသွားမှာပေါ့
(ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့) ကြားဖူးကြမှာပေါ့။ ဒါကြောင့် မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်ကို အချိန်ကုန်ခံပြီးလုပ်နေမယ့်အစား တမ်းဖိုးရှိတယ့်အရာလေးတွေကို လုပ်သင့်တာလေးကို အစားထိုးလုပ်လိုက်ရင် ပိုမကောင်းဘူးလား?
No comments:
Post a Comment