Friday, December 28, 2007
Tuesday, December 4, 2007
♦ About Money
ကျွန်တော် Online ပေါ်ကနေ စာလေးတစ်ပုဒ်ဖတ်မိတယ်။ အဲဒီစာလေးက ငွေအကြောင်းကိုရေးထားတယ် တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းတယ်ဗျာ။ ဒီနေရာမှာ ငွေကို "သူ" ဆိုတဲ့နာမ်စားနဲ့ သုံးထားပါတယ်။
သူက အိမ်ကိုဝယ်နိုင်ပါတယ် ဒါပေမယ့် နေအိမ်တော့ မရဘူး။ သူက အိပ်ယာကိုဝယ်နိုင်ပါတယ် ဒါပေမယ့် အိပ်ပျော်ခြင်းတော့ မရဘူး။
သူက နာရီကိုဝယ်နိုင်ပါတယ် ဒါပေမယ့် အချိန်တော့ မဟုတ်ဘူး။
သူက စာအုပ်ကိုဝယ်နိုင်ပါတယ် ဒါပေမယ့် အသိပညာကိုတော့ မရနိုင်။
သူက ဆေးဝါးများကိုဝယ်နိုင်ပါတယ် ဒါပေမယ့် ကျန်းမာရေကိုတော့ မ၀ယ်နိုင်။
သူက သွေးများကိုဝယ်နိုင်ပါတယ် ဒါပေမယ့် ဘ၀ကိုတော့ မ၀ယ်နိုင်ချေ။
ဒီလောက်ဆိုရင် သင်မြင်နိုင်ပါပြီ ငွေက အရာအားလုံးကို မဖန်တီးနိုင်ပါ ပြီးတော့ တခါတရံ နာကြင်မူတွေ ခံစားမူတွေကိုလည်း ဖြစ်နိုင်ပါ တယ်။ သင်က ကျွန်တော် သူငယ်ချင်းဖြစ်လို့ ဒီအကြောင်းအားလုံးကိုပြောပြတာပါ။ ကျွန်တော်က သင့်ရဲ့ နာကြင်မူတွေ ခံစားမူတွေကို အဝေးသို့ သယ်ဆောင်ပေးချင်နေတာပါ။ ဒါကြောင့် သင့်ရဲ့ငွေတွေအားလုံးကို ကျွန်တော်ဆီကို ပို့ပေးလိုက်ပါ။ ကျွန်တော်က သင့်အတွက် ခံစားပေးလိုက်ပါမယ်။ "Cash Only PLEASE!". ဟီးဟီး စိတ်ဝင်စားလား စိတ်ဝင်စားရင် ဆက်သွယ်နော်။
Posted by
Wai Phyo Htut
at
9:06 PM
1 comments
Friday, November 30, 2007
♦ Relax အတွက်စဉ်းစားကြရအောင်
Posted by
Wai Phyo Htut
at
1:04 AM
0
comments
Labels: WPH အကြာင်းများ
Monday, October 22, 2007
♦ လာဘ်ကြီးတစ်ပါး အကြောင်း
Posted by
Wai Phyo Htut
at
5:08 AM
0
comments
Labels: WPH အကြာင်းများ
Thursday, September 13, 2007
Wednesday, September 12, 2007
♦ အလျှူရေစက် လက်နဲ့မကွာ
Posted by
Wai Phyo Htut
at
5:07 AM
0
comments
Monday, September 10, 2007
♦ ပြန်မိတ်ဆက်ပါရစေ
Posted by
Wai Phyo Htut
at
5:14 AM
0
comments
Labels: WPH အကြာင်းများ
Saturday, July 21, 2007
♦ မျှော်လင့်ချင်နေတယ်
ကျွန်တော် ဒီနေ့ စိတ်တွေလဲအရမ်းမွန်းပြီး အရမ်းကြပ်နေပါတယ်။ ကျွန်တော်သူငယ်ချင်းကိုလည်း စိတ်ရူပ်စရာတွေပေးမိတယ် အဲဒါနဲ့ပဲ ကျွန်တော် Blog ပေါ်မှာတတ်ရေးဖို့ စိတ်ကူးရလာ ပြန်ပါတယ်။ ကျွန်တော် စိတ်ထွက်ပေါက်လေးက ကျွန်တော်ရဲ့ Blog လေးများဖြစ်နေ မလားဘဲ။ ဘယ်သူမှကျွန်တော် ခံစားချက်ကိုမသိနိုင်သလို သူလည်းမသိနိုင်ဘူးလေ။ ဘယ်သူမှ မမြင်နိုင်အောင်သိမ်းထားခဲ့လို့ စိတ်ထဲမှာ လည်းတော်တော် နာကြင်နေပါပြီ။ လောကကြီးက မတရားဘူးဗျာလို့ ပြောချင်ပေမယ့် အမြဲမျက်နှာသာမပေးတဲ့ လောကကြီးကိုလည်း အပြစ်မတင်တော့ပါဘူးကွာ။ အဲဒီ မွန်းကြပ်မူတွေကို ဆုတောင်းလေးတစ်ခုနဲပဲ သက်သာသွားမယ်လို့ ထင်ပါတယ်။ ဆုတောင်းလေး တစ်ခုက သူ အမြဲပျော်ရွှင်နိုင်ပါစေ။ ဘာလို့လဲဆိုတော့ သူပျော်ရွှင်ရင် ကျွန်တော်ကြေနပ်နေမိတယ်လေ။ နောက်တစ်ခုက မျှော်လင့်ချက် လေးတွေနဲ့ မွန်းကြပ်နေတာတွေကို ဖြေဖျောက်နေမိတယ်။ နားထောင်ပေးခဲ့တယ် ကျွန်တော် သူငယ်ချင်းလေးကို အရမ်းကျေးဇူးတင်မိပါ တယ် စိတ်ထွက်ပေါက်လေးရခဲ့လိုပေါ့။ မဖြစ်နိုင်တာကို မျှော်လင့်နေရင် စိတ်ဆင်းရဲနေတာကလွဲ၍ ဘာမှဖြစ်မလားနိုင်ဘူးတဲ့ ဒါပေမယ့် လူသားဆိုတာ မျှော်လင့်ချက်နဲ့ သက်ရှင်တာမို့ မျှော်လင့်နေမိတာ ကျွန်တော်မမှားဘူးလို့ထင်နေတုန်းပါဘဲ
Posted by
Wai Phyo Htut
at
5:17 AM
1 comments
Labels: WPH အကြာင်းများ
Tuesday, June 12, 2007
♦ ယနေ့ခေတ် သင်တန်းများ
Posted by
Wai Phyo Htut
at
6:00 AM
1 comments
Labels: ဟိုသတင်း ဒီသတင်း
Friday, June 1, 2007
♦ တောင်ပေါ်မြေက ဆိုင်းပုဒ်လေး
ကျွန်တော်တို့ ယကန်းစင်တောင် ဆရာတော်ကြီးတည်ထားခဲ့သော ရွှေဘုန်းပွင့်ဘုရား ဖူးရင်း တောင်ကြီးမြို့ကို ရွှေဘုန်းပွင့်ဘုရားပေါ်ကနေ ကြည့်ခဲ့ပါသေးတယ်။ ဘုရား ပေါ်မှာ ကျွန်တော်ဆိုင်းပုဒ် လေး ၁ ခုကိုတွေ့လိုက်ရတော့ ဖတ်ပြီးကောင်းလိုက်တာလို့ တွေ့မိလိုက်တယ် ဒါပေမယ့် ကျွန်တော် သေသေချာချာ မတွေးမိလိုက်ပါဘူး။ ဒါနဲ့ပဲ ခဏနေတော့ (မရိုသေ စကား) အိမ်သာတတ်ချင် လာပါတယ် အဲဒီတော့ အိမ်သာ ရှာရပြီပေါ့ အိမ်သာလမ်းသွားရမယ့် လမ်းထိပ်မှာပဲ ခုနက ဆိုင်းပုဒ် လေးကို ထပ်တွေ့ တော့ နောက်တစ်ကြိမ်ထပ်ဖတ်မိတာပေါ့ ဆိုင်းပုဒ်ထည်က စာသားက "သူယုတ် မာသည် သူတော်ကောင်းကိုနိုင်၏ အကုသိုလ်ကိုမနိုင်ချေ" စာသားလေးကတော့ ဒါ လေးပါပဲ သေသေချာချာလေး စဉ်စားကြည့်ကြနော် စာသားလေးက ကောင်းတော့ ကျွန်တော် မှတ်ညဏ်ထဲမှာတော့ အလွယ်တကူနဲ့ပဲ မှတ်မိသွားတယ်။
Posted by
Wai Phyo Htut
at
5:25 AM
1 comments
Labels: မှတ်သားဖွယ်များ
Wednesday, May 30, 2007
♦ သာယာလှပသော ရှမ်းပြည်
ကျွန်တော် အပန်းဖြေခရီးမသွားတာ 2 နှစ်ကျော်သွားပြီးဆိုတော့ အခုခရီးသွားရတာ ပျော်ပါတယ်။ ကျွန်တော် တို့ကို အကူအညီပေးသော ကိုအောင်ဖြိုးရဲ့ ယောက္ခမ၊ ထီး ကိုလည်း ဒီပေါ်ကနေဆက်ပြီး ကျေးဇူးတင်ပါလို့ ထပ်ပြောချင်ပါတယ်။ ဘာလိုလိုနဲ့ ခရီး က 5 ရက်ကျော် 6 ရက်လောက်ဖြစ်သွားတယ် ခရီးက တိုတိုလေး ဖြစ်ပေမယ် (တောင် ကြီး၊ ကလော၊ အင်းလေး၊ ပင်းတယ) နေရာတော်တော်များများယောက်လို့ ကျေနပ်မိ ပါတယ်။ ရောက်တဲ့နေရာ တော်တော်များများက သဘာဝအလှတွေနဲ့ ပြည့်နေတာကို တွေတော့ ကျွန်တော် မိတ်ဆွေတွေကို အားလပ်ချိန်လေးရောက်ရင် ရှမ်းပြည်ကို အလယ်တစ်ခေါက်တော့ သွားလိုက်ကြဦးနော် သဘာဝ အလှတွေကို ခံစားစေချင်လို့ပါ။ ဘေးက Photo လေးမှာ Photo လေးတွေကို ကြည့်ရင်းနဲ့လည်း တွေ့နိုင်ပါတယ်။ ရန်ကုန် ကလာတဲ့သူအဖို့ အကြာကြီးနေရင် ပျင်းသွားနိုင်ပေ့မယ် အပန်းဖြေခရီးအတွက်တော့ တော်တော်လေးကောင်းပါတယ်။ တောင်းကြီးနဲ့ပါတ်သတ်တဲ့ ကျွန်တော် အတွေ့အကြုံ တွေကို ထပ်ပြီးရေပါဦးမယ်။
Posted by
Wai Phyo Htut
at
4:46 AM
1 comments
Labels: WPH အကြာင်းများ
Wednesday, May 23, 2007
♦ တောင်ပေါ်မြေသို့ ခဏ
Posted by
Wai Phyo Htut
at
5:38 AM
1 comments
Labels: WPH အကြာင်းများ
Thursday, May 17, 2007
♦ Venice မြို့သို့ အလယ်၁ခေါက်
ဒီမနက် ကျွန်တော် email စစ်လိုက်တော့ ကျွန်တော် သူငယ်ချင်း တစ်ယောက်ရဲ့ Forward လုပ်ထားတဲ့ email 1 စောင်ရပါတယ်။ email လေးကိုကြည့်ပြီး ကျွန်တော် မိတ်ဆွေတွေကို ပြောပြချင်တာနဲ့ blogs တတ်ရေးဦးမယ်ဆိုပြီး ရောက်လာပြန်ပြီနော်။ ဘေးက ကားလေးရေနှစ်နေ သလိုပဲနော် ဒုက္ခများလိုက်တာနော်။ ဒီနှစ်တော့ မုန်တိုင်း တွေ အဆက်မပျက်ဝင်ပြီး မိုးတွင်ဆက် ရောက်သွားရင်တော့ ရန်ကုန်မြို့ကို နံမည် ပြောင်းရပါတော့မယ် နံမည်ကတော့ Venice Italy ရဲ့ မြို့တစ်မြို့ပေါ့ သိကြတယ် ဟုတ် ။ ဘေးက ပုံလေးကို ကြည့်ရင် ရန်ကုန်မြို့ နံမည်လေးက မှန်တယ်ဆိုတာကို တွေရ ပါလိမ့်မယ်။ ဒီနှစ် မိုးတွင်း ရန်ကုန်သူ ရန်ကုန်သားတွေ ရန်ကုန် Venice မြို့လေးမှာ Boat တွေရှာထားဖို့ လိုမယ်နော်။ နောက်မို့ဆို မလွယ်ရေချမလွယ်။ ဒီနှစ်တော့ ကျွန် တော်တို့ Italy ကို ငွေမကုန်ပဲ ရောက်တော့မယ်လို့ အဆိုးထဲက အကောင်းလို့ပဲ တွေလိုက်ပေါ့ဗျာ။
Posted by
Wai Phyo Htut
at
6:27 AM
0
comments
Labels: ဟိုသတင်း ဒီသတင်း
Monday, May 14, 2007
♦ ဥစ္စာမှန်ရင် ပြန်ရတယ်တဲ့
Posted by
Wai Phyo Htut
at
9:01 PM
0
comments
Labels: မှတ်သားဖွယ်များ
Friday, April 27, 2007
လင်ကွန်းများ ဖြစ်နေပြီးလား
ကျွန်တော်တို့ ရန်ကုန်မြို့မှာ ညဘက်ဆိုရင် မီးတွေထိန်ထိန်ညီးနေတာပါပဲ။ မီးတွေထိန်ထိန်ညီးနေတယ်ဆိုလို လျှက်စစ်မီးလို့တော့ မထင်ပါနဲနော် ဖယောင်တိုင် မီးတွေပါ။ ကျွန်တော်တို့ကနေ့တိုင်းလိုလို Thomas Edison ကိုပါဂုဏ်ပြုသေးတယ်လေ။ ကျေးဇူးလေး တွေကိုမေ့မနေအောင်လုပ်ပေးနေတာပါ။ ဟီးဟီး J ညကအိမ်နားက လမ်းဘေးဆိုင်လေး ၁ ဆိုင်မှာမုန့်စားမယ်ဆိုပြီးထွက်လာကြတယ်။ ဆိုင်ရောက်တော့ ဓါတ်တိုင်ဘေးမှာနေရာလွတ်ရှိတာနဲ ထိုင်မယ်လုပ်တော့ သတိလေးဝင်လာပြီး ဓါတ်တိုင်နားဆိုတော့ အန္တာရယ်ရှိနိုင် တယ်ဆိုပြီး ဘေးဝိုင်းမှာထ ထိုင်လိုက်ကြပါတယ်။ အဲဒီတော့ ဘေးက ၁ယောက်က ပြောပါလေရော ဓါတ်ကြိုးကိုကိုင်ပြီးအိပ်တာတောင် ရန်ကုန်မှာ အန္တာရယ်ကင်းတယ် ဆိုပဲ။ ဟီးဟီး ဟုတ်များနေမလား မသိဘူးနော်။ ကျွန်တော် ညဘက်အိမ်ပြန်ရောက်ရင် လျှက်စစ်မီး မတွေ့ရတာတော်တော်လေးကို ကြာပါပြီး အလုပ်ကပြန်လာချိန် အိမ်ပြန်ချိန်က နောက်ကျနေကျပါ။ နားချိန်လေးရောက် ပြီဆိုတော့ စာလေးဘာလေးဖတ်ချင်တာပေါ့နော် ဒါပေမယ့် မီးမရှိတော့ လမ်းမီးကိုပဲ အားကိုရတော့တာပေါ့နော်။ ကျွန်တော်တို့လမ်းက လမ်းမီးအ၀ါကြီးတွေရှိတော့ စာတော့ ကောင်းကောင်းဖတ်လို့ရတာပေါ့နော် ဒါလေးကိုလဲ ကျေးဇူးတင်မိပါတယ်။ ဘာလို့လဲ လမ်းမီးရောင် လေးကြောင့် စာဖတ်လို့ရလို့ပေါ့ဗျာ။ အဲဒါနဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြိးလင်ကွန်းက လမ်းမီးနဲ့စာဖတ်တာလေးတူနေလို့ လင်ကွန်း များဖြစ်နေပြီးလားလို့ ခေါင်းစီးတက်ဖြစ်သွားတာပါ။ ခေါင်းစဉ်လေးကို အပြစ်မယူကြပါနဲနော်။ ရန်ကုန်မှာကျွန်တော်လို့ လင်ကွန်း များဖြစ်နေပြီးလားလို့ တွေမိသူတွေ စမိသူတွေ ရှိမယ်လို့လဲထင်မိပါတယ်။ ဘာလိုလဲဆိုတော့ ဟီးဟီး မပြောတော့ဘူးနော် J သင်ရော လင်ကွန်း ဖြစ်ပြီးပြီလား။ ဒီအကြောင်းအရာလေးက ပျော်စရာလေးအနေနဲရေးထားတာပါ။
Posted by
Wai Phyo Htut
at
4:19 AM
0
comments
Labels: WPH အကြာင်းများ
Thursday, April 26, 2007
Global Warming နဲ့ ဘောင်းဘီတို
ရာသီဥတု ပူအိုက်တဲ့ အချိန်မှာ ဒီအပေါ်ကပုံလေးကိုတွေတော့ Global warming နဲ့ မြန်မာ အမျိုးသမီးလေး အကြောင်းရေးချင်လာတာနဲ့ Blog ပေါ်ရောက်လာတာပါ။ ရာသီဥတု ပူအိုက်လိုလားတော့မသိ အခုတလောကောင်မလေးတွေကိုတွေလိုက်ရင် ၁ထွာကျော်ကျော်လောက်ပဲရှိတဲ့ ဘောင်းဘီလေးတွေနဲ့ တွေနေရပါတယ်။ ဆောင်းတွင်းမှာလဲ ဒီအတိုင်းပဲ။ သင်္ကြန်မှာလဲ ဒီအတိုင်းပဲ။ သင်္ကြန်တုန်းက အချို့မင်းသမီး (Model) တွေဆိုရင် ၀တ်ထားပုံများ တော်တော်လေးကို ဆိုးတာ သူတို့ကရှေဆောင်လမ်းပြမှတော့ နောက်က ကလေးတွေဝတ်တာ ဆန်းတော့ မဆန်းပါဘူး။ ဒါဆိုရင်တော့ Global Warning ကြောင့်လို့တော့ပြောလို့ မရတော့ဘူးပေါ့နော်။ အပေါ်က Global Warming ပုံအတိုင်းဆို မြန်မာတွေ တော်တော် ခေတ်ဆန်းလာပြိးလို့ ပြောလို့ရတယ်နော်။ ခေတ်ဆန်လာတာကတော့ မပြောနဲ့ ဘုန်းကြီးကျောင်းတွေ သွားရင်တောင် ရှေ့ခွဲ နောက်ခွဲ၊ စကက်၊ ဘောင်ဘီတွေနဲ့ ဆရာတော်တွေကတောင် တရားဟောတဲ့အချိန်မှာ ထဲ့ဟောနေရတာတော့ မကောင်းဘူးထင်တယ်နော်။ ဆရာတော်တွေကတောင် ပြောနေရတယ် ဆိုတော့ မြန်မာအမျိုးသမီးတွေ တော်တော်ပဲ ခေတ်ဆန်လာကြတာလား။ ကျွန်တော်ကြားဖူးတာကတော့ ခေတ်မှီတာကကောင်းပြီး ခေတ်ဆန်တာ မကောင်းဖူးလို့တော့ ကြားဖူးတာပဲ။ ပုံမှာကလဲ 2006 ထိ ပဲဖေါ်ပြထားတာနော်။ နောက်ထွက် လာမယ့် ပုံတွေဆိုရင် အမလေး မတွေးဝံ့စရာကြီးပဲနော်။ ကမ္ဘာကြီး ပူနွေးနေပေမယ့် မြန်မာအမျိုးသမီးများ မြန်မာလို့ ၀တ်ဆုံလေးတွေ့နဲ့ဆိုရင် တမျိုးလေးလှနေကြပါတယ်။ ကျွန်တော် အမြင်အနေနဲ့ ပြောတာပါ. မှားတာလေးများပါရင် ခွှင့်လွတ်ပေးကြဦးနော်။
Posted by
Wai Phyo Htut
at
7:01 AM
1 comments
Labels: အတွေးလေးများ
Friday, April 20, 2007
ဘယ်လောက်ဝေးဝေး နီးနီးလေး
ဆက်သွယ်ပေးတယ်။
မေတ္တာတံတားက နှလုံးသားတွေကို
ပေါင်းကူးပေးတယ်။
မေတ္တာစိတ်ကိုယ်စီနဲ့
တစ်ယောက်နဲ့ တစ်ယောက်
ဘယ်လောက်ဝေးဝေး နီးနီးလေးပါပဲ။။
ဘယ်လောက်ကောင်းလိုက်သလဲနော်။ အဓိပါယ်လေးကိုသေသေချာချာလေး နားလည်သွားရင် ကဗျာလေး ဘယ်လောက်ကောင်းလဲ သိသွားမှာပါ။ ကျွန်တော်လဲ ဘယ်လောက်ဝေးဝေး နီးနီးလေး ဖြစ်ချင်တာကြောင့် ကဗျာလေး အတိုင်းနေလိုက်မယ်နော်။
Posted by
Wai Phyo Htut
at
3:20 AM
3
comments
Labels: မှတ်သားဖွယ်များ
Wednesday, April 11, 2007
ညဘက် ရေချိုးတာကို ရှောင်ကြနော်
Posted by
Wai Phyo Htut
at
2:52 AM
2
comments
Labels: မှတ်သားဖွယ်များ
Monday, April 9, 2007
WEB အကြောင်း ဟောပြောခဲ့တဲ့ပွဲ
March 31 ရက်နေ့က Myanmar Info Tech မှာ မနက် 9:00 ကနေ ညနေ 5:30 အထိ လုပ်ခဲ့တဲ့ Myanmar Internet Seminar မှာ WEB နှင့် အင်တာနက် အနာဂါတ် ခရီး web 2.0 ခေါင်းစဉ်ဖြင့် ကျွန်တော် ဟောပြောခဲ့ပါတယ်။ Seminar လာတဲ့သူတွေကို Web အသုံးဝင်ပုံ သေချာ ရှင်းလင်းပြောပြနိုင်တဲ့ အတွက် ရယ် လူတွေအများကြီးလာတာတွေ့လို့ ရယ် အရမ်းပျော်မိပါတယ်။ အသေးစိပ်ကို http://www.myanmartraining.com/mt/activities.htm မှာတင်ထားပါတယ်။
Posted by
Wai Phyo Htut
at
6:07 AM
2
comments
Labels: WPH အကြာင်းများ
Saturday, April 7, 2007
သင်္ကြန်လဲရောက်တော့မယ်နော်
Posted by
Wai Phyo Htut
at
1:55 AM
2
comments
Labels: WPH အကြာင်းများ
Tuesday, April 3, 2007
လာဖတ်ကြပါဥိးနော် ...
ကျွန်တော် ဒီနေ့ မြန်မာလိုရေးဖို့လုပ်နေပါ။ ခုရသွားပါပြီ ..ကျွန်တော် Blogs ကိုလဲ လာဖတ်ကြပါဥိးနော် ...
Posted by
Wai Phyo Htut
at
5:25 AM
1 comments
Labels: WPH အကြာင်းများ



