Friday, May 30, 2008
Sunday, May 18, 2008
¦ မင်းသိနိုင်မှာလား ?
မင်းနဲ့ ရင်နှီးဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
မင်းနဲ့ PH ပြောဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
မင်းရဲ့ တွေရဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
မင်းရဲ့ ယုံကြည်မူရဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
မင်းရဲ့ မေတ္တာရဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
နောက်ဆုံးတော့ အဲဒါတွေဟာ … မင်းကိုချစ်လို့ပေါ့ … အဲဒါရော မင်းသိလား?
နောက်တစ်ခုကတော့ မင်းမသိနိုင်ဘူး ဆိုတာကို ငါသိနေလို့ပေါ့ …
ဒါတွေက မသိပါဘူဆိုတဲ့ စကားလုံးတစ်လုံးအောက်မှာ ပြီးသွားမှာလား?
Posted by
Wai Phyo Htut
at
5:06 AM
0
comments
Labels: ကဗျာလေးများ
Tuesday, May 13, 2008
¦ အမှတ်တရလေပဲပေါ့လေ
Posted by
Wai Phyo Htut
at
4:31 AM
0
comments
Labels: WPH အကြာင်းများ
Monday, May 12, 2008
¦ ချစ်သူ ...
ချစ်သူ ...
ငါမင်းကိုချစ်တာ မာသာထရီဇာ လို မာယာပလီပလာတွေ မပါပါဘူး ... မယုံရင်ကျန်ကျောင်း လို မှန်ပြောင်းသုံးပြီး ကြည့်လိုက်စမ်းပါ (နှလုံးသားထဲကို) ... မင်းကိုချစ်တဲ့သူတွေကြားထဲ ဂျူးလိယက်ဆီဇာ လို အလုအယက်စီပါလို့မပြောပါနဲ့ ... ပါဒကြီးမှာမွေးလို့ မာနကြီး တတ်လို့ပါ ... တကယ်ဆိုရင် ငါဟာမင်းကို ဘင်ဘာဒင် လို ကြင်နာချင်တဲ့သူရယ်ပါ ... မင်းဘေးမှာ အမြဲတမ်း ဒိုင်ယာနာ လို ထိုင်ကာ သာနေလိုက်ချင်ပါရဲ့ ... အဲဒီအခါကျရင် ဂျော့ဘွတ်(ရှ်) လို လောကွက်လေးတော့လုပ်ပါ ... အာရာဖတ် လို ဘာလာကပ်နေတာလဲလို့ အော်မထုပ်လိုက်ပါနဲ့နော် ... စိတ်ကြီးတဲ့နေရာမှာ ထိပ်သီးမို့ပါ ... မဟုတ်ရင် ပေါင်ချိန်ကို ဗြောင်လိမ်တာထက် ဆိုးသွားလိမ့်မယ် ... တကယ်တော့ ငါဟာ အိုဝင် လို အပျိုမြင်တိုင်း ငမ်းနေသူမဟုတ်ပါဘူးကွယ် ... မင်းကိုရမယ်ဆို ကောလင်းပါဝဲလ် လို တောတွင်း ထောင်ထဲမှာနေပြီး ... ထယ်ဆောက် လို လယ်ပေါက်ကျွေးဆိုလဲ ကျွေးပါ့မယ် ... မင်းအတွက် PRADO ၀ယ်မပေးနိုင်ပေမယ့် ဆရာခိုတော့ ၀ယ်လိမ်းပေးနိုင်ပါတယ် ... ကွန်ဒိုမှာ မထားနိုင်ပေမယ့် သွန်ဆိုသွန်းထားပါ့မယ် (ရေအိုး) ... မင်းကသာထွားသူချွန်း လို သွားယူစမ်းပါလို့ ခိုင်းရင်လေ ကိုရွှေထူးလို မြေတွေတူးလို့နိုက်ရဲပါတယ်။ (လိပ်ဥ) ... ဒါတွေကို ဆန်ဖရန်စကို လို အကြံအဖန်တွေပိုတယ်လို့ မထင်ပါနဲ့နော် ... လန်ဒန် လို အမှန်အကန်ပဲဆိုတာ ယုံကြည်ပြီး နီကိုရ လို ဒီလိုပဲလို့ ဝေ့လည်ကြောင်ပတ်မလုပ်ပါနဲ့တော့ ... ကိုယ်အချစ်တွေကို ဘက်ခမ်း လို လက်ကမ်းပြီး ကြိုလင့်ပါတော့ကွယ် ...
Posted by
Wai Phyo Htut
at
4:37 AM
0
comments
Sunday, May 11, 2008
¦ Mr Gates .. Thank you
Posted by
Wai Phyo Htut
at
1:42 AM
0
comments
Labels: ဟိုသတင်း ဒီသတင်း
Saturday, May 10, 2008
Friday, May 9, 2008
¦ တောင်းဆိုပါရစေ
ဒီ Post လေးရေးနေချိန်မှာ ကျွန်တော် စိတ်လွတ်လပ်မူမရှိပါ … ဘာလို့လဲဆိုတော့ အားလုံးသိကြတဲ့အတိုင်းပဲ မုန်တိုင်းဒဏ်ကို လူသား တွေ အများကြီးခံစားနေရလို့ပါ … နာဂစ်မုန်တိုင်းဒဏ်ကိုခံနေရသော လူသားအားလုံး ကျမ်းမာချမ်းသားပြီးတော့ လူသားတွေရဲ့ အကူ အညီပေါင်းများစွာကိုရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် … သူငယ်ချင်း မိတ်ဆွေတွေ အားလုံးလဲ တက်နိုင်သမျှကူညီကြဖို့ ဖိတ်ခေါ် ပါတယ် … ငွေအားပဲဖြစ်ဖြစ် လူအားပဲဖြစ်ဖြစ်ပေါ့ … online ကနေ အလျှူငွေ ထည့်ချင်ရင်တော့ Donate link မုန်တိုင်းဒဏ်ခံနေရချိန်မှာ ကျွန်တော် ဘာတွေသွားတွေသလဲဆိုတော့ လူတွေရဲ့စိတ်ဓါတ်တွေကိုတွေ့မိပါတယ် … သမာအာဇီဝလို့ပြောပြောပြီး မသမာအာဇီဝ အလုပ်ကိုလုပ်နေကြတယ် … ကုန်ဈေးနူန်းတွေ အဆမတန်တိုးပြီးရောင်းတဲ့ ကုန်သည်တွေပေါ့ … လူသားတွေဒီလောက် ဒုက္ခရောက် နေချိန်မှာ မတရားအမြတ်တင် ကိုယ်ကျိုးကြည့်တဲ့သူတွေအများကြီးပေါ်လာတာကိုတွေ့ရတယ် ပြီးတော့ ကိုယ်တက်စွမ်းသမျှ တက်နိုင် သမျှ ကူညီလုပ်ပေးနေသူများကိုလည်းတွေရပါတယ် … အတ္တဟိတ၊ ပရဟိတစိတ် မရှိသော ပိုက်ဆံရှိလူမျိုးတွေကိုလဲတွေ့ရပါတယ်။ အတ္တဟိတ၊ ပရဟိတ စိတ်ရှိဖို့ဆိုတာ ငွေချမ်းသာရုံနှင့်မရနိုင်ဘဲ ပညာအသိ ဥာဏ်ကြွယ်ဝမှသာလျှင်သိနိုင်သော စိတ်ဓါတ်ဟုလည်း စာအုပ်ထဲမှာဖတ်ဖူးပါတယ် … ဒါအတွက်လဲ အပြစ်ဆို၍ မရပါ .. ဒီ blogs လေးကနေ ကျွန်တော် အဓိကပြောချင်တာကတော့ ကိုယ် တက်စွမ်းနိုင်သမျှ ကူညီပေးကြပါလို့ သူငယ်ချင်းတွေကို တောင်းဆိုပါရစေ …
Posted by
Wai Phyo Htut
at
3:50 AM
0
comments
Labels: ဟိုသတင်း ဒီသတင်း