Monday, March 31, 2008
Sunday, March 16, 2008
$ ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့

Posted by
Wai Phyo Htut
at
2:22 AM
0
comments
Labels: မှတ်သားဖွယ်များ
Saturday, March 15, 2008
$ မင်းနဲငါ
မင်း အတွက်ဆို အမြဲတမ်းဦးစားပေးတဲ့ ငါ ...
ငါ အတွက်ဆို ဦးစားပေးဖို့စဉ်းစားတဲ့ မင်း ...
မင်း အတွက်ဆို အမြဲတမ်သတိရတဲ့ ငါ ...
ငါ အတွက်ဆို မေ့နေတက်တဲ့ မင်း ...
မင်း အတွက်ဆို ဘာမဆိုပေးဝင့်တဲ့ ငါ ...
ငါ အတွက်ဆို တွေဝေနေတဲ့ မင်း ...
မင်း အတွက်ဆို ဘာမဆိုလုပ်ရဲတဲ့ ငါ ...
ငါ အတွက်ဆို ဘာမဆိုမလုပ်ရဲတဲ့ မင်း ...
အချစ်အတွက် နှလုံးသားနဲ့ပဲ စဉ်းစားတဲ့ ငါ ...
အချစ်အတွက် ဦးခေါင်းသုံးတဲ့ မင်း ...
ဘ၀တစ်ခုကို အေးအတူပူအမျှ ဖြတ်သန်းချင်တဲ့ ငါ ...
ဘ၀တစ်ခုကို မကြောင့်မကြဘဲ ဖြတ်သန်းချင်တဲ့ မင်း ...
ငါချစ်သလို မင်းရောချစ်ရဲ့လား ...
မင်းနဲ့ငါ ဘာတွေဆက်ဖြစ်ဦးမှာလဲ ?
ငါ အတွက်ဆို ဦးစားပေးဖို့စဉ်းစားတဲ့ မင်း ...
မင်း အတွက်ဆို အမြဲတမ်သတိရတဲ့ ငါ ...
ငါ အတွက်ဆို မေ့နေတက်တဲ့ မင်း ...
မင်း အတွက်ဆို ဘာမဆိုပေးဝင့်တဲ့ ငါ ...
ငါ အတွက်ဆို တွေဝေနေတဲ့ မင်း ...
မင်း အတွက်ဆို ဘာမဆိုလုပ်ရဲတဲ့ ငါ ...
ငါ အတွက်ဆို ဘာမဆိုမလုပ်ရဲတဲ့ မင်း ...
အချစ်အတွက် နှလုံးသားနဲ့ပဲ စဉ်းစားတဲ့ ငါ ...
အချစ်အတွက် ဦးခေါင်းသုံးတဲ့ မင်း ...
ဘ၀တစ်ခုကို အေးအတူပူအမျှ ဖြတ်သန်းချင်တဲ့ ငါ ...
ဘ၀တစ်ခုကို မကြောင့်မကြဘဲ ဖြတ်သန်းချင်တဲ့ မင်း ...
ငါချစ်သလို မင်းရောချစ်ရဲ့လား ...
မင်းနဲ့ငါ ဘာတွေဆက်ဖြစ်ဦးမှာလဲ ?
Posted by
Wai Phyo Htut
at
3:23 AM
1 comments
Labels: ကဗျာလေးများ
Monday, March 3, 2008
$ ချစ်ခြင်းကိုမခွဲပါနဲ့

‘‘တချို့ မိဘတွေက ကိုယ့်သားသမီးတွေ ကိုယ်သဘောမတူသူနဲ့ ချစ်သူ ရည်စား ဖြစ်နေကြပြီ၊ လက်ထက်ဖို့ ရည်ရွယ်ကြပြီ ဆိုရင် သားသမီး တွေ ရဲ့ ချစ်ခြင်းကို မရရတဲ့နည်းနဲ့ ခွဲကြပါတယ်။ တကယ်ကိုမသင့်တော်တဲ့လူ တကယ်ကို အကျိုးပျက်စီးမယ့်သူမို့ ချစ်ခြင်းကိုခွဲတာဆိုရင်တော့ (မကောင်းမေတ္တာ) ဆိုတဲ့ မိဘ၀တ္တရားအရ အပြစ်မရှိပေမယ့် ကိုယ့်ရဲ့ အတ္တ၊ မာနလွန်းကဲမူ။ ကလဲ့စားချေမူတွေကြောင့် သားသမီးတွေရဲ့ ချစ်ခြင်းကိုခွဲပစ်တယ်ဆိုရင်တော့ မိဘတွေအနေနဲ့ ကုန်းတက်ခြင်း အမူကို ကျူးလွန်ရာ ရောက်သွားပါပြီ။’’ ကုန်းတိုက်တယ်ဆိုတာ အချစ်ခွဲစကားပါ။ ချစ်သူ၊ ခင်သူ မြတ်နိုးသူအချင်းချင်း အချစ်ပျက်၊ မြတ်နိုးပျက်အောင် မလိုတမာကြားဝင်ပြီး အပိုရှာ စကားဆင်တာကို ကုန်းတိုက်တယ်လို့ခေါ်ပါတယ် လို့လဲ စာအုပ်ထဲမှာတွေ့ရပါတယ်။
‘‘စကားတွေ၊ စာတွေနဲ့ ချစ်ခြင်းခွဲလိုက်တဲ့အတွက် သားသမီးတွေရဲ့ ဘ၀ပျက်စီးသွားရပြီဆိုရင်တော့ အပါယ်ကျကြောင်း ၀စီဒုစရိုက် အကုသိုလ် အထုပ်ကြီးကိုမိဘတွေရင်မှာ ပိုက်မိသွားပါပြီ။ ‘ကောင်းစေချင်လို့ပါ’ လို့စကားလှလှလေူနဲ့ ကာကွယ်မနေပါနဲ့တော့၊ အပိုပါပဲ’’ ဆရာတော် စာအုပ်ထဲက စကားက တော်တော်လေးကို မှတ်သားစရာပဲ မိဘတွေအတွက်ရော မိဘဖြစ်မဲ့သူတွေအတွက်ပါ။
အဲဒါနဲ တိုက်ဆိုင်တဲ့ အကြောင်းအရာလေးတစ်ခုကိုပြောပြချင်ပါသေးတယ်။ ဘာလဲဆိုတော့ ကျွန်တော် ဖေဖေ ရဲ့ သူငယ်ချင်းမိန်းမပေါ့ သူသားကြီးနဲ့ လက်ထက်မယ့် မိန်းမကို လုံးဝသဘောမတူဘူးလေ။ ဘာလို့သဘောမတူလဲဆိုတော့ သူမကြိုက်လို့နေမှာပေါ့ ဖေဖေ ရဲ့ သူငယ်ချင်းကတော့ ဘာမှမပြောပါဘူး။ အဲဒီအဒေါ်ကြီးက အဲလိုနဲ့ မနက်ပိုင်း TV အစီအစဉ်မှာ ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့ အဲဒီ တရားလေးကိုနားပြီးရော ဘာမှကိုသိမ့်မပြောတော့ဘဲ သူသားကြီး မင်္ဂလာဆောင် ကောင်းကောင်းမွန်မွန်နဲ့ ပြီးသွားပါတယ်။ သူလဲပဲ အပါယ်ကျကြောင်း ၀စီဒုစရိုက် အကုသိုလ် အထုပ်ကြီးကို ကြောက်သွားလို့နေမှာပေါ့နော်။ အဲဒီမှာ တရားစကားလေးတွေက လူတွေရဲ့ ကောင်းတဲ့ စိတ်ဓါတ်လေးတွေအဖြစ်ပြောင်းလဲပေးတာကိုတွေ့လိုက်ရပါတယ်။ ပြီးတော့ စာဖတ်သူတွေအနေနဲ့ရော ဒါမှမဟုတ် ကိုယ့်အသိ မိတ်ဆွေတွေမှာပါ မိဘတွေက သဘောမတူလို့ စိတ်ညစ်နေရမယ့်သူတွေရှိရင် အရှင်ဆန္ဒာဓိက ရဲ့ ချစ်ခြင်းကိုမခွဲပါနဲ့ စာအုပ်လေးကို လက်ဆောင်အဖြစ်ပေးလိုက်နော် အများကြီးအစဉ်ပြေသွားပါလိမ့်မယ်လို့ ထင်မိပါတယ်။ ချစ်ခြင်းကိုခွဲမိသူ ပြန်ခံရမယ် ကအကျိုးတွေးက တော်တော်ဆိုးပါတယ် ဆရာတော်စာအုပ်ထဲမှာ သေသေချာချာ ဥပမာပေးထားပါတယ်။ ဒါကြောင့် သူများ ချစ်ခြင်းကို မခွဲမိကြပါစေနဲလို့ ဒီ Blogs ကနေမေတ္တာနဲ့ အကြံဥာဏ်ပေးလိုက်ပါရစေ။
Posted by
Wai Phyo Htut
at
2:05 AM
0
comments
Labels: မှတ်သားဖွယ်များ
Subscribe to:
Posts (Atom)