$ ချစ်စရာမကောင်းဘူးလား
ဒီနှစ်စမှာတင် CREATiVE မှာ နောက်ထပ် မင်္ဂလာတစ်ခုထပ်ပေါ်လာပါတယ်။ အဲဒါကတော့ ကျွန်တော်ရဲ့ အစ်ကိုကြီး ကိုအောင်ဖြိုးရဲ့ ဇနီးက 25.01.2008 သောကြာနေ့မှာ သမီးလေးတစ်ယောက်ကို မွေးခဲ့ပါတယ်။ အဲဒီသမီးလေးကတော့ ကံတော်တော်ကောင်းမယ့်ပုံပါပဲ။ ကျွန်တော် တူမလေးမိုလို့ နိမိတ်ဖတ်ပေးလိုက်တာပါ။ သူငယ်ချင်းတွေကတော့ပြောနေကြတယ် သောကြာသမီးလဲဖြစ် စကားအပြော ကောင်းတဲ့ ကိုအောင်ဖြိုးရဲ့သမီးလဲဖြစ် အလွန်စကားများတဲ့လိုသူငယ်ချင်းတွေကပြောကြတဲ့ ကျွန်တော် တူမလေးလဲဖြစ် ဆိုတော့ ဒီ ကလေးလေးကတော့ တော်တော်စကားတက်မယ်တဲ့။ ဟီးဟီး ဖြစ်နိုင်ပါတယ်။ နှစ်သစ်မှာ မင်္ဂလာရှိသွားတာပေါ့ဗျာ။ အောက်မှာ ချစ်စရာ ကောင်းတဲ့တူမလေးပုံပါ။ ချစ်စရာမကောင်းဘူးလား။
