Thursday, September 13, 2007
Wednesday, September 12, 2007
♦ အလျှူရေစက် လက်နဲ့မကွာ
ဝါတွင်း ၃ လ ပါတ်လုံးကို ကမ္ဘာဗုဒ္ဓသာသနာပြု ချမ်းမြေ့ဆရာတော်ကြီးကျောင်းကနေ ဆရာတော်များက ဆွမ်းခံထွက်ပါတယ် အဲဒီလို ဆွမ်းတန်းကြွရင် ကျွန်တော်ရဲ့ဖေဖေက အမြဲလိုက်ဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော်ကတော့ မလိုက်ဖြစ်ပါ ကျန်ခဲ့တဲ့ ၁ လ လောက်ကစပြီး ကျွန်တော်လည်းလိုက်ချင်လာတယ် ကုသိုလ်လိုချင်လာတယ် အဲဒါနဲ့ ကျွန်တော်လည်းလိုက်ဖြစ်လာတယ်။ ပထမစလိုက်လိုက်ချင်းကတော့ တော်တော်လေးကို ပင်ပန်းလိုက်တာပေါဗျာ ဘာဖြစ်လို့လဲဆိုတော့ ၂ နာရီလောက် လမ်းလျှောက်လိုက်ရတော့ နည်းနည်းအီသွားတယ် အကျင့်မရသေးလို့ပေါ့။ ချစ်စရာကောင်းတဲ့ မြန်မာလူမျိုးရဲ့စိတ်ကောင်းစေသနာလေး အကြောင်းကို ပြောပြချင်လို့ပါ။ လူတန်းစား ပေါင်းစုံကနေ ကိုယ်တက်နိုင်တဲ့ ဒါနလေးနဲ့လျှုနေကြတာကိုတွေ့တော့ မုဒိတာလေးပွားမိတယ် ကိုယ်ရဲ့ စိတ်ကလေးကပါအေးချမ်းနေတာ ပေါ့ဗျာ အဲဒါ မြန်မာလူမျိုးရဲ့ချစ်စရာ ဓလေ့လေးပေါ့။ အခုအချိန်မှာပါ လူတိုင်းအဆင်ပြေနေကြရင် ကျွန်တော်ပြောတာထက်ပိုပြီး မုဒိတာ ပွားနိုင်ကျတာပေါ့။ ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါတယ် အလျှူရေစက် လက်နဲ့မကွာ လျှုနိုင်တန်းနိုင်ကျပါပြီး လိုအင်ဆန္ဒများ အမြန်ဆုံးပြည့်သကြပါစေလို့ ။
Posted by
Wai Phyo Htut
at
5:07 AM
0
comments
Monday, September 10, 2007
♦ ပြန်မိတ်ဆက်ပါရစေ
ကျွန်တော် Blogs နဲ့ အဆက်အသွယ်ပျက်နေတာလည်း တော်တော်လေးကိုကြာသွားပါတယ် ကျွန်တော် အခုတလောကို Blogs ရေးဖို့ အချိန်ကိုမရလို့ Blogs ပေါ်မလာဖြစ်တာပါ ပြီးတော့ အားတဲ့အချိန်လေးတွေဆိုရင် Blogs ရေးမယ်ဆိုပြီး Internet ပေါ်ချိတ်လိုက်တော့ လည်း Internet ကမကောင်း ဟူး … အဲဒါနဲ့ပဲ အချိန်တော်တော်လေး Blogs နဲ့ ကင်းကွာခဲ့တာပါ။ အဲဒါနဲ့ပဲ ကျွန်တော် Blogs လေးနဲ့ ပြန် မိတ်ဆက်မလို့ ပြန်ရောက်လာတာပါ။ ကျွန်တော် မိတ်ဆွေတွေကိုလည်း ကျွန်တော် Blogs ကိုအားပေးဖို့ ပြန်ဖိတ်ခေါ်လိုက်ပါစေ။
Posted by
Wai Phyo Htut
at
5:14 AM
0
comments
Labels: WPH အကြာင်းများ
Subscribe to:
Posts (Atom)